သတင်း

လောကအလင်း သားသားမီးမီးလေးများ စာမေးပွဲဖြေဆိုနေကြပြီ

23.12.2017 ရက်နေ့မှာ စတင်ဖြေဆိုတာပါ။ မနက်ပိုင်း Repeater တန်း နေ့လည်ပိုင်း Fresher တန်း ကျောင်းသူကျောင်းသားများ ဖြေဆိုကြပါတယ်။ 28ရက်နေ့ နောက်ဆုံးဖြေဆိုရမှာပါ။

Repeater တန်း ၆၀ Fresher တန်း ၄၂ဦး အားလုံးပေါင်း ၁၀၂ဦးဖြေဆိုကြပါတယ်။ အလှည့်ကျဆရာတော်များနှင့် ဆရာ ဆရာမများ အထူးစောင့်ကြပ်ကြပါတယ်။ စာမေးပွဲပြီးရင် အောင်တဲ့သူတွေကို ပုဂံညောင်ဦးဘုရားဖူး လိုက်ပို့ဖို့ စီစဉ်ထားပါတယ်။ လောကအလင်း ဆရာတော်များနှင့် ဆရာ ဆရာမများကတော့ ကလေးတွေပညာရေးအတွက် တက်ကြွလျက်ပါပဲ။