သတင္း

“သဟာယဝါဆိုသံဃာေတာ္မ်ားအား ၾသဝါဒခ်ီးျမႇင့္”

ဒုတိယဝါဆိုလဆုတ္ ၃ရက္၊ 6.8.2020 ရက္ေန႔၊ နံနက္ ၆း၀၀နာရီ၊ မႏၲေလးၿမဳိ႕၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္း၌ ဝါကပ္ေတာ္မူၾကေသာ စာသင္သားသံဃာေတာ္မ်ားအား မစိုးရိမ္တုိက္သစ္၊ ဓမၼဝိမုတၱိရသေက်ာင္းနာယကဆရာေတာ္ အရွင္သူရိယာဘိဝံသမွ ဝါဆိုၾသဝါဒ ၾကြေရာက္ခ်ီးေျမႇာက္ေတာ္မူတာ ျဖစ္ပါတယ္။

ဆရာသမားမရွိေပမယ့္ ဆရာသမားရွိသလိုပဲ ေနထုိင္ သြားလာ လုပ္ေဆာင္ၾကရန္၊
မိမိဘဝေအာင္ျမင္ေရးအတြက္ ေက်ာင္းတုိက္စည္းကမ္းကို လုိက္နာၾကရန္၊
ေက်ာင္းတုိက္မွ ေပးအပ္ေသာတာဝန္မ်ား ေက်ပြန္စြာ ထမ္းေဆာင္ၾကရန္၊
တစ္ေန႔တာ လုပ္ငန္းေဆာင္တာမ်ား လြယ္ကူသက္သာေဆာင္ရြက္ႏိုင္ရန္ ေစာေစာအိပ္ရန္ႏွင့္ ကိုဗစ္ကာလျဖစ္လုိ႔ က်န္းမာေရးကို အထူးဂရုစိုက္ၾကရန္ စသည္ျဖင့္ ဆုံးမၾသဝါဒမ်ား မိန္႔ၾကားခ်ီးေျမႇာက္ေတာ္မူပါတယ္။

အရွင္သူရိုယာဘိဝံသ သည္ ဆရာေတာ္ဦးဝီရသူမရွိတဲ့ေနာက္ပုိင္း သဟာယေက်ာင္းကို ႀကီးၾကပ္ေစာင့္ေရွာက္ေတာ္မူတဲ့ ဆရာေတာ္တစ္ပါးျဖစ္ပါတယ္။

ယခုႏွစ္ မစိုးရိမ္တုိက္သစ္၌ ဝါဆိုသံဃာ ၁၆၆၀ ပါး၊ ဓမၼသဟာယေက်ာင္း၌ ဝါဆိုသံဃာ ၃၄ပါး၊ (ရဟန္း ၂၃ပါး၊ သာမေဏ ၁၁ပါး) ျဖစ္ပါတယ္။

“သဟာယဝါဆိုသံဃာတော်များအား သြဝါဒချီးမြှင့်”

ဒုတိယဝါဆိုလဆုတ် ၃ရက်၊ 6.8.2020 ရက်နေ့၊ နံနက် ၆း၀၀နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ ဝါကပ်တော်မူကြသော စာသင်သားသံဃာတော်များအား မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိမုတ္တိရသကျောင်းနာယကဆရာတော် အရှင်သူရိယာဘိဝံသမှ ဝါဆိုသြဝါဒ ကြွရောက်ချီးမြှောက်တော်မူတာ ဖြစ်ပါတယ်။

ဆရာသမားမရှိပေမယ့် ဆရာသမားရှိသလိုပဲ နေထိုင် သွားလာ လုပ်ဆောင်ကြရန်၊
မိမိဘဝအောင်မြင်ရေးအတွက် ကျောင်းတိုက်စည်းကမ်းကို လိုက်နာကြရန်၊
ကျောင်းတိုက်မှ ပေးအပ်သောတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရန်၊
တစ်နေ့တာ လုပ်ငန်းဆောင်တာများ လွယ်ကူသက်သာဆောင်ရွက်နိုင်ရန် စောစောအိပ်ရန်နှင့် ကိုဗစ်ကာလဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် စသည်ဖြင့် ဆုံးမသြဝါဒများ မိန့်ကြားချီးမြှောက်တော်မူပါတယ်။

အရှင်သူရိုယာဘိဝံသ သည် ဆရာတော်ဦးဝီရသူမရှိတဲ့နောက်ပိုင်း သဟာယကျောင်းကို ကြီးကြပ်စောင့်ရှောက်တော်မူတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။

ယခုနှစ် မစိုးရိမ်တိုက်သစ်၌ ဝါဆိုသံဃာ ၁၆၆၀ ပါး၊ ဓမ္မသဟာယကျောင်း၌ ဝါဆိုသံဃာ ၃၄ပါး၊ (ရဟန်း ၂၃ပါး၊ သာမဏေ ၁၁ပါး) ဖြစ်ပါတယ်။