Daily Archives: August 6, 2020

သတင်း

“သဟာယဝါဆိုသံဃာတော်များအား သြဝါဒချီးမြှင့်”

ဒုတိယဝါဆိုလဆုတ် ၃ရက်၊ 6.8.2020 ရက်နေ့၊ နံနက် ၆း၀၀နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ ဝါကပ်တော်မူကြသော စာသင်သားသံဃာတော်များအား မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိမုတ္တိရသကျောင်းနာယကဆရာတော် အရှင်သူရိယာဘိဝံသမှ ဝါဆိုသြဝါဒ ကြွရောက်ချီးမြှောက်တော်မူတာ ဖြစ်ပါတယ်။ ဆရာသမားမရှိပေမယ့် ဆရာသမားရှိသလိုပဲ နေထိုင် သွားလာ လုပ်ဆောင်ကြရန်၊မိမိဘဝအောင်မြင်ရေးအတွက် ကျောင်းတိုက်စည်းကမ်းကို လိုက်နာကြရန်၊ကျောင်းတိုက်မှ ပေးအပ်သောတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရန်၊တစ်နေ့တာ လုပ်ငန်းဆောင်တာများ လွယ်ကူသက်သာဆောင်ရွက်နိုင်ရန် စောစောအိပ်ရန်နှင့် ကိုဗစ်ကာလဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် စသည်ဖြင့် ဆုံးမသြဝါဒများ မိန့်ကြားချီးမြှောက်တော်မူပါတယ်။ အရှင်သူရိုယာဘိဝံသ သည် ဆရာတော်ဦးဝီရသူမရှိတဲ့နောက်ပိုင်း သဟာယကျောင်းကို ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈)

“ရုပ်ပွားတော်ကို ပူဇော်နည်း” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) ပိဋကတ်တော်၌ အဂါရဝတရား သဂါရဝတရားများကို မြတ်စွာဘုရား ဟောကြားတော်မူထားပြီး ဖြစ်သည်။ အဂါရဝဆိုသည်မှာ မရိုသေမလေးစားခြင်းဖြစ်ကာ သဂါရဝဆိုသည်မှာ ရိုသေလေးစားခြင်း ဖြစ်သည်။ မရိုသေလျှင် မရိုသေသည့်အလျောက် အကုသိုလ်အပြစ်ဖြစ်ကာ ရိုသေလျှင် ရိုသေသည့်အလျောက် ကုသိုလ်တရားများ တိုးပွားကြသည်သာ ဖြစ်သည်။ မရိုသေခြင်းသည် မပြောပလောက်သည့် အကုသိုလ် အသေးအဖွဲလေးမျှပင် ဖြစ်သော်လည်း စီးပွားရေးစသည့် လောကီရေးရာများမှာ ရှာဖွေသလောက် မရရှိခြင်း ဆုတ်ယုတ်ပျက်စီးဆုံးရှုံးခြင်းများ ကြုံရလောက်အောင် မကောင်းကျိုးများ ပေးလေ့ရှိသည်။ ရိုသေခြင်းသည်လည်း ထိုနည်းအတူပင်။ အနည်းငယ်သော ကုသိုလ်အသေးအဖွဲလေးမျှပင် ...