သတင်း

မီဒီယာသမားတွေ မီဒီယာကျင့်ဝတ် ဖောက်ဖျက်တာကြာပြီ

စာရေးသူမှာလည်း 7 Day အပါအဝင် သတင်းစာနှင့် ဂျာနယ်အချို့က အခုလို စော်ကားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သတင်းရင်းမြစ်ဖြစ်တဲ့ စာရေးသူနှင့် မန္တလေးတိုင်း သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီး အတွင်းရေးမှူးဆရာတော်ကြီးတို့ရဲ့ အတည်ပြုချက်ကို မရယူခဲ့ဘဲ အစည်းအဝေးတက်တဲ့အထဲမှာပါတဲ့ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆိုသူစကားကိုပဲ အတည်ယူပြီး စော်ကားခဲ့တာပါ။

ဥပမာ အသိပေးစကားပြောကြားတာကို 7 Day က သတိပေးစကားလို့ ရေးသွားပါတယ်။ အစည်းအဝေးမှတ်တမ်း လက်မှတ်ထိုးတာကို ခံဝန်ကတိလက်မှတ်ထိုးတယ်လို့ ရေးသွားပါတယ်။ မဟနထုတ်ပြန်စာ သိရှိကြောင်းကို မသိရှိဘူးငြင်းပယ်ကြောင်း ရေးသွားပါတယ်။ အဲဒီမြို့နယ်ဥက္ကဋ္ဌဆိုသူရဲ့ ပြောစကားက ဘယ်လောက်ခိုင်မာမလဲ၊ ဘယ်လောက် ယုံကြည်လို့ရမလဲ မီဒီယာသမားတွေ မစဉ်းစားတော့ပါဘူး။

တိုင်းသံဃနာယကဆရာတော်ထံ သတင်းလာယူတာမျိုးလည်း မလုပ်ပါဘူး။ ရဲစခန်းအစီရင်ခံစာမှာ သူတို့နားလည်သလို ရေးထားတာကိုပဲ သတင်းရင်းမြစ်အဖြစ် စွဲကိုင် ရေးသားကြတာကို တွေ့ရပါတယ်။ သူတို့ကတော့ ဝီရသူကို စော်စရာလက်နက်ရပြီဆိုပြီး ရေးသားသွားတာပါ။ သတင်းရင်းမြစ်က မြို့နယ်ဥက္ကဋ္ဌဆရာတော်လား ရဲစခန်းလား တိုင်းသံဃနာယကဆရာတော်ကြီးတွေလား ကာယကံရှင် ဝီရသူလား ဒီလောက်ကလေးကို မခွဲခြားတတ်တဲ့ မီဒီယာတွေပါဗျာ။ ဒီလိုမီဒီယာတွေရှိနေတော့ ပြည်သူတွေ မျက်လုံးတစ်ဖက်ကန်းပြီးပေါ့။

အကုသိုလ်တွေကြီးပြီပေါ့။ New Watch ဂျာနယ်ကလည်း စော်ကားဖူးပါတယ်။ အွန်လိုင်းမှာ ဓာတ်အစစ်နှင့် သတင်းအတုကို သတင်းအစစ်ထင်ပြီး စာရေးသူရဲ့အကောင့်ကိုတောင် ဝင်မကြည့်တော့ဘဲ ရေးသားခဲ့တာပါ။ အဲဒီတုန်းက အယ်ဒီတာချုပ်က အမျိုးသမီးပါ။ အကျိုးအကြောင်းပြောပြတဲ့အခါ ပြင်ဆင်ပေးမယ်လို့ပြောပြီး တကယ်တမ်းကျ ပြင်ဆင်တာမျိုး တောင်းပန်တာမျိုးမလုပ်ဘဲ ရောယောင် လျှောချသွားတာပါ။

အခုလည်း စာနယ်တွေကိုမေးပါမယ်။ သတင်းရင်းမြစ်က ရဲစခန်းလား၊ သံဃနာယကလား၊ ကာယကံရှင်ဆရာတော်ကြီးဦးဣန္ဒကလား၊ ဆရာတော်ကြီးသီတင်းသုံးရာ ဘုရားသုံးဆူကွက်သစ် ပြည်သူပြည်သားတွေလား၊ ဆရာတော်ကြီး၏ တပည့်ဒါယကာ ဒါယိကာမတွေလား။ ဆရာတော်ကြီးစွပ်စွဲရေးသားခဲ့ကြတဲ့ စာနယ်ဇင်းများ ဖြေကြားပေးပါ။

ဝီရသူ(မစိုးရိမ်)
6.12.2017
PM 8:01

========================================================

“သတင်းစာရှင်းလင်းပွဲမှာ ကိုယ့်အမှားကို ဝန်မခံဘဲ ဒေါသတကြီးတုံ့ပြန်နေတဲ့ News Watch ဂျာနယ်အယ်ဒီတာကြီး ဖြေပေးပါ”
===========================================

မနေ့က၊ ဒီဇင်ဘာ ၄ ရက်နေ့ကလုပ်တဲ့ ရခိုင်ဆရာတော်ကြီး ဦးဣန္ဒကရဲ့ ဖြစ်ရပ်မှန်သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ဥဒါန်းဂျာနယ် အယ်ဒီတာမိုးအောင်လင်းနိုင်ရဲ့ မေးမြန်းမှုအပေါ် News Watch ဂျာနယ်၊ အယ်ဒီတာ ဥက္ကာဦးဆိုသူက ဒေါသတကြီးနဲ့ တုံ့ပြန်ပြောဆိုနေတာကိုမြင်လိုက်ရတယ်။

ဒီဘက်က ပြောတာက ဆရာတော်ဦးဣန္ဒကကို အရက် သောက်တယ်လို့ ပန်ဆယ်လိုနဲ့ မီဒီယာတွေ ရေးကြတာဟာ သံဃနာယကဆရာတော်က ထိုးခိုင်းတဲ့ ‘ခံဝန်’ကြောင့်၊ ဒီအတွက်သံဃနာယက၊သံဃာတော်တွေနဲ့ပတ်သက်တဲ့အရေးမှာ သာသနာရေးနဲ့ မဟနဘက်ကနေ ဘယ်လိုလုပ်မယ် လို့ စီစဉ်ပြောဆိုတာမျိုးတွေ ရှိလားလို့ မေးတယ်။

နောက်တစ်ခုက ဒီဆရာတော်ကြီး အရက်သောက် တယ်ဆိုတာကို The Nyang News နဲ့ News Watch ဂျာနယ်တို့မှာ ရေးထားတာရှိတယ်။

အရင်ရေးပြီးသားတွေကို တရားစွဲဆိုတာမျိုး မလုပ်တော့ဘူးဆိုသည့်တိုင်အောင် သက်ဆိုင်ရာဂျာနယ် တာဝန်ရှိသူတွေကို သတိပေးတာမျိုး၊ လှမ်းပြီး အကြောင်းကြားတာမျိုးတို့ လုပ်ဖို့ အစီအစဉ်ရှိမ ရှိဆိုတာကို မေးတယ်။

အဲဒါကို ဂျာနယ်နာမည်နဲ့တကွ News Watch နာမည်ကို ထည့်ပြီးတော့ မြန်မာ့ဥဒါန်းအယ်ဒီတာက မေးလို့ဆိုပြီး ကိုဥက္ကာဦးက မကျေနပ်တဲ့ပုံစံမျိုး ပြောနေတယ်။ ပုံစံကလည်း စားတော့ ဝါးတော့မယ့်အတိုင်း၊ ဒေါသတကြီး ဖြစ်နေတယ်။ ရမ်းဗြဲအသင်းက တာဝန်ရှိသူတွေက တရားမစွဲတော့ပါဘူးလို့ ပြောပြီးသားကို သူတို့ News Watch ဂျာနယ် နာမည်တပ်ပြီး ပြန်မေးရကောင်းလားဆိုပြီး တင်းနေတယ်လို့ပဲ ပြောရမှာပေါ့။

ဒါဆိုရင် အဲဒီ အယ်ဒီတာကြီးကို မေးချင်ပါတယ်။

(၁) သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ဥဒါန်းအယ်ဒီတာပြောသွားတာက ဆရာတော်ကြီးအရက်သောက်တယ်လို့ ခင်ဗျားတို့ ဂျာနယ်မှာ ရေးခဲ့တယ်လို့ပြောတာ၊ သူပြောတဲ့အတိုင်း မရေးခဲ့ဘူးလား၊ ရေးခဲ့တယ်လား သိချင်ပါတယ်။ တကယ်လို့ ရေးခဲ့တယ်ဆိုရင်တော့ အမှန်ကို အမှန်တိုင်းပြောတာ ဖြစ်လို့ ဆတ်ဆတ်ခါ နာပြနေစရာမလိုပါဘူး။ တစ်ဖက်လူကို ရန်သူလုပ်စရာ မလိုပါဘူး။

(၂) ရခိုင်ဆရာတော်ကြီးကိစ္စနဲ့ပတ်သက်ပြီး သတင်းတစ်ခု တည်ဆောက်တဲ့နေရာမှာ News Watch ဂျာနယ်အနေနဲ့ သက်ဆိုင်ရာရဲစခန်းကို ဖုန်းဆက်ပြီးတော့ မေးပါတယ်။ စခန်းက တာဝန်ရှိသူက ဖြစ်စဉ်ကိုရှင်းပြပြီး ခံဝန်ထိုးသွား တယ်လို့ပြောသွားတာကြောင့် ရေးလိုက်ပါတယ်။ သံဃာတော်တွေကို စွပ်စွဲပြီး ရေးသားတာမျိုးမဟုတ်ပါဘူးလို့ ကိုဥက္ကာဦးက ပြောတယ်။ ဒီလိုဆိုရင် အဲဒီသတင်းရေးတုန်းက ရဲစခန်းတာဝန်ရှိသူပြောတာပဲ ရေးပြီး တစ်ဘက်က စွပ်စွဲခံထားရတဲ့ပုဂ္ဂိုလ်ဘက်က ဖြေရှင်းချက်ပါအောင် ထည့်ရေးဖို့ရော ကြိုးစားခဲ့ပါသေးသလား။

တကယ်လို့ ဆရာတော်ဦးဣန္ဒက ပျောက်သွားတဲ့အတွက် ကာယကံရှင်ပုဂ္ဂိုလ်ကို ရှာမရဘူးဆိုရင်လည်း သက်ဆိုင်ရာဆရာတော်နေထိုင်တဲ့ လှည်းကူး၊ ဘုရားသုံးဆူရွာ ဒေသခံတွေရဲ့ ထင်မြင်ချက်၊ ရှင်းလင်းချက်တွေကိုရော စုံစမ်းခဲ့ပါသေးလား။ ဂျာနယ်အနေနဲ့ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ပါလဲ။ ဖြေပေးစေချင်ပါတယ်။

(၃) ဂျာနယ်သမားတွေ၊ သတင်းသမားတွေ မကြာခဏဆိုသလို ပြောလေ့ရှိတယ်။ အဲဒါက အမျိုးသားရေးသမား တွေဘက်က မွတ်ဆလင်၊ အစ္စလာမ်မိုက်ဇေးရှင်း၊ အမျိုး ဘာသာ သာသနာ..စတဲ့ စကားတွေ ပြောတိုင်းပြောတိုင်း ဒါတွေဟာ ဘာသာရေး၊ လူမျိုးရေးပြဿနာကိုဖြစ်စေနိုင်တဲ့ အမုန်းစကားတွေဆိုပြီး ခင်ဗျားတို့ပဲ စွပ်စွဲခဲ့ကြတာပါ။ ခင် ဗျားတို့ပဲ အကဲဆတ်တဲ့ ဘာသာရေး၊ လူမျိုးရေးသတင်း တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တစ်ချိန်လုံးအော် နေတာပါ။

ခု ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့၊ အကဲဆတ်တဲ့၊ ကိုယ့်ဘာသာ ရဲ့ပုံရိပ်တစ်ခုလုံး ကျဆင်းစေနိုင်တဲ့ သတင်းမျိုးကျတော့ ရော ထိန်းထိန်းသိမ်းသိမ်း၊ မေးမေးမြန်းမြန်းမလုပ်ဘဲ ရဲက ပြောတယ်၊ ခံဝန်လက်မှတ်ထိုးတယ်ဆိုတာလောက်နဲ့ ဘုန်းကြီးတစ်ပါးကို အရက်သောက်တယ်လို့ ရေးလိုက်တာကရော ဖြစ်သင့်သလား ကိုဥက္ကာဦး ဖြေပေးပါ။

(၄) တာဝန်ရှိ ရဲက ပြောတဲ့အတိုင်း ရေးရတာပါလို့ ပြောတယ်။ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေရှိနေတယ်၊ ရဲတွေ၊ တရားသူကြီးတွေ မှန်မှန်ကန်ကန် လုပ်ကြဖို့လိုတယ် ဆိုတဲ့အကြောင်းတွေကို ခင်ဗျားတို့ ဂျာနယ်သမားတွေပဲ တစ်ချိန်လုံး တွန်းရေးနေကြတာပါ။ ဒီသတင်းကျမှ ရဲက ပြောလို့ မှန်တယ်ဆိုပြီး ရေးလိုက်တာကျတော့ရော ဘယ် လိုသဘောမျိုးလဲ။ ဒီလို အငြင်းပွားဖွယ်ရာကိစ္စတွေကို ထိန်းထိန်းသိမ်းသိမ်းလေး ရေးဖို့ မစဉ်းစားမိတော့ဘူးလား ဖြေပေးပါ။

(၅) နောက်တစ်ခုက ခင်ဗျားက အယ်ဒီတာမို့လို့၊ ကျွန်တော်တို့ သိပ်နားမလည်လို့ မေးပါဦးမယ်။ သတင်းထောက်တစ်ယောက် သတင်းရယူ၊ ရေးသားတဲ့နေရာမှာ သူလိုက်တဲ့ သတင်းရင်းမြစ်က သတင်းမှား၊ မက်ဆေ့မှား ကြီးပေးလို့ ဂျာနယ်ထဲမှာရေးမိတဲ့အခါ သတင်းရင်းမြစ်ပုဂ္ဂိုလ် ပြောတဲ့အတိုင်း လိုက်ရေးမိပါတယ်လို့ လွှဲချလို့၊ အကြောင်းပြလို့ ရပါသလား။
အဲဒီလို ထမင်းရည်ပူလာ လျှာလွှဲလုပ်လိုက်ရုံနဲ့ ခင်ဗျားတို့ သတင်းထောက်တွေ၊ အယ်ဒီတာတွေမှာ တာဝန်မရှိတော့ဘူးလား။ သတင်းတိုင်း၊ သတင်းတိုင်းအတွက် သတင်းပေးသူက အဓိကကျတာလား၊ အယ်ဒီတာရဲ့ ဆုံးဖြတ်ချက်က အဓိကကျတာလား ကိုဥက္ကာဦး ဖြေပေးစေချင်ပါတယ်။

(၆) ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ News Watch ဂျာနယ်ရဲ့ ရေးသားမှုကြောင့် စာဖတ်သူတွေ၊ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အများပြည်သူတွေ စိတ်ထိခိုက်၊ ဒေါသဖြစ်ခဲ့တယ်ဆိုရင် ပြန် ပြီးတော့ တောင်းပန်စာထည့်ပါမယ်လို့ရော ဒီသတင်းစာရှင်းလင်းပွဲမှာ ကိုဥက္ကာဦးအနေနဲ့ တာဝန်ယူမှုရှိရှိ၊ တာဝန်ခံမှုရှိရှိနဲ့ ပြောခဲ့ပါသလား။

ခင်ဗျားတို့ ဂျာနယ်သမားတွေဟာ ကိုယ်က ဖွလိုက်ရင်တော့ အကောင်းသား၊ အခန့်သားကြီးလုပ်နေပြီး ခင်ဗျားတို့ကို နည်းနည်းလောက် ပြန်ထောက်လိုက်ကာကျမှ လူ ကြားသူကြားထဲ ဟန်မဆောင်နိုင်လောက်အောင် ဒေါသ တကြီး လုပ်ပြနေတာမျိုးကတော့ မြင်လို့မကောင်းပါဘူးဗျာ။ မျှမျှတတလေးတော့ လုပ်ကြစေချင်ပါတယ်။ ဒီလောက်ပါပဲ။

ခန့်ချောကြီး