Daily Archives: September 1, 2021

ဆောင်းပါး

ပျက်သုဉ်းတော့မည့် နိုင်ငံရေးမျိုးဆက်

ပျက်သုဉ်းတော့မည့် နိုင်ငံရေးမျိုးဆက် သင်္ဃန်းဖြူဆရာတာ် (19.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၅) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)           တိုင်းရေးပြည်ရေးကား မည်သည့်အခါများမှာမှ ငြိမ်းချမ်းလိမ့်မည်မသိ။ သတင်းစာဖတ်ရသည့်အခါတိုင်း စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးများကိုသာ နေ့စဉ်တွေ့မြင်နေရ၏။ မုဆိုးမသား လူရမ်းကားများကြောင့် တိုင်း ပြည် မတည်မငြိမ်ဖြစ်ကာ တစ်ခါဖူးမျှ မကြုံဖူးသော ဆိုးသွမ်းရမ်းကားမှုများနှင့် ကြုံနေရလေ၏။ အဆိုပါ မြို့ တွင်းသောင်းကျန်းသူဟု ခေါ်ဆိုအပ်သော အနီရောင်ရမ်းကားသူများ၏ အလုံးစုံပျက်သုဉ်းရေး အဖျက်အမှောင့် လုပ်ငန်းများကို သတင်းအဖြစ် တွေ့မြင်ရဖန်များသဖြင့် ဤဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်၏။ ...
သတင်း

“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အလှူတော်”

“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အလှူတော်” ========================== 25.8.2021 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အတွက် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ သင်္ကန်း(၁၂၁)စုံ ပေးပို့လှူဒါန်းပါတယ်။ ဆရာတော်ဘုရားကြီး၏ တပည့်ဒကာ ဒကာမများက လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ (24.7.2021)ရက်နေ့တုန်းကလည်း မဟာသင်္ကန်း(ဒုကုဋ်)အပါဝအဝင် သင်္ကန်း(၁၃၄)စုံနှင့် ထီး၊ ဖိနပ်၊ သဘက်၊ စာအုပ်၊ ဘောပင်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ စတဲ့ အသုံးအဆောင်လှူဖွယ်ပစ္စည်းများကို တပည့်ဒကာ ဒကာမများမှတစ်ဆင့် ပေးပို့လှူဒါန်ခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူအတွက် အမှာစကားမိန့်သည်မှာ “မဟာသင်္ကန်းလှူတော့ မဟာဝီရသူပေါ့ကွာ”ဟူ၏။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ဆရာတော်ဦးဝီရသူအား ...
သတင်းပေးစာ

သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စာအမှတ်။       ။ ၄/ဝီရဝံသ(ပထစ)/၂၀၂၁ ရက်စွဲ။           ။ ၂၀၂၁ ခုနှစ်၊ ဇူလှိုင်လ (၂၂)ရက်။ အကြောင်းအရာ။         ။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အား စွဲဆိုထားသော အမှုမှ ရုပ်သိမ်းပေးပါရန် ဒုတိယအကြိမ် ထပ်မံတင်ပြခြင်း။ ၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၂ ရက်၊ တနင်္လာနေ့တွင် ...