သတင္း

နရသိန္ႏွင့္ေသခန္းျပတ္သူ သို႔မဟုတ္ မင္းသားပဲလုပ္ေတာ့မည့္ လူၾကမ္းႀကီး

နရသိန္ႏွင့္ေသခန္းျပတ္သူ သို႔မဟုတ္ မင္းသားပဲလုပ္ေတာ့မည့္ လူၾကမ္းႀကီး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*** ဗုဒၶျမတ္စြာဘုရားရွင္ပြင့္ေတာ္မူၿပီး ေနာက္သုံးႏွစ္အၾကာ မဟာသကၠရာဇ္ ၁၀၆ ခုႏွစ္၌ ရဟႏၲာအရွင္သူျမတ္ ၁၀၈ ပါးတို႔ျဖင့္ သမုတ္ေတာ္မူခဲ့ေသာ ေရွးေဟာင္းရဟႏၲာမဟာသိမ္ေတာ္ႀကီးတြင္ သာသနာ့ဦးေသွ်ာင္ဆရာေတာ္ႀကီး ငါးပါး၏ ခ်ီး​ေျမႇာက္မႈျဖင့္ သကၤန္းျဖဴကို စြန္႔လႊတ္ခဲ့သူ

*** ျမင့္ျမတ္ေသာ အရဟတၱဓဇ ျမတ္သကၤန္းကို သိကၡာဆင့္ ကံျမႇင့္မဂၤလာျပဳလုပ္ၿပီး သကၤန္းျဖဴမွ မူလဘူတ ေ႐ႊဝါေရာင္ ျမတ္သကၤန္းကို ဆင္ျမန္းခဲ့သူ

*** အရဟတၱဓဇ(ရဟႏၲာတို႔၏ တံခြန္) ျမတ္သကၤန္းကို ဝတ္႐ုံၿပီးေနာက္ နရသိန္ႏွင့္ ဒီတစ္ခါ ေသခန္းျပတ္ၿပီဟု မိန္႔ၾကားခဲ့သူ

*** သာသနာ့ဦးေသွ်ာင္ဆရာေတာ္ႀကီးငါးပါးကို ထိျခင္းငါးပါးျဖင့္ ေျခေတာ္ဦးခိုက္ရွိခိုးကန္ေတာ့ၿပီးေသာအခါ ယခုကစၿပီး လူၾကမ္းမလုပ္ေတာ့၊ မင္းသားသာလုပ္ေတာ့မည္ဟု ကတိကဝတ္ေပးခဲ့သူ

ထိုသူသည္ကား သကၤန္းျဖဴဆရာေတာ္တစ္ျဖစ္လဲ ကမာၻေက်ာ္ဆရာေတာ္ျဖစ္ေပေတာ့သည္။

ဖိုးေလာင္းတူး(ဥပေဒ)

https://www.facebook.com/106559018457656/posts/108060088307549/

———————————-

နရသိန်နှင့်သေခန်းပြတ်သူ သို့မဟုတ် မင်းသားပဲလုပ်တော့မည့် လူကြမ်းကြီး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူပြီး နောက်သုံးနှစ်အကြာ မဟာသက္ကရာဇ် ၁၀၆ ခုနှစ်၌ ရဟန္တာအရှင်သူမြတ် ၁၀၈ ပါးတို့ဖြင့် သမုတ်တော်မူခဲ့သော ရှေးဟောင်းရဟန္တာမဟာသိမ်တော်ကြီးတွင် သာသနာ့ဦးသျှောင်ဆရာတော်ကြီး ငါးပါး၏ ချီးမြှောက်မှုဖြင့် သင်္ကန်းဖြူကို စွန့်လွှတ်ခဲ့သူ

*** မြင့်မြတ်သော အရဟတ္တဓဇ မြတ်သင်္ကန်းကို သိက္ခာဆင့် ကံမြှင့်မင်္ဂလာပြုလုပ်ပြီး သင်္ကန်းဖြူမှ မူလဘူတ ရွှေဝါရောင် မြတ်သင်္ကန်းကို ဆင်မြန်းခဲ့သူ

*** အရဟတ္တဓဇ(ရဟန္တာတို့၏ တံခွန်) မြတ်သင်္ကန်းကို ဝတ်ရုံပြီးနောက် နရသိန်နှင့် ဒီတစ်ခါ သေခန်းပြတ်ပြီဟု မိန့်ကြားခဲ့သူ

*** သာသနာ့ဦးသျှောင်ဆရာတော်ကြီးငါးပါးကို ထိခြင်းငါးပါးဖြင့် ခြေတော်ဦးခိုက်ရှိခိုးကန်တော့ပြီးသောအခါ ယခုကစပြီး လူကြမ်းမလုပ်တော့၊ မင်းသားသာလုပ်တော့မည်ဟု ကတိကဝတ်ပေးခဲ့သူ

ထိုသူသည်ကား သင်္ကန်းဖြူဆရာတော်တစ်ဖြစ်လဲ ကမ္ဘာကျော်ဆရာတော်ဖြစ်ပေတော့သည်။

ဖိုးလောင်းတူး(ဥပဒေ)