ပညာရေး အကယ်ဒမီ ရိက္ခာအလှူခံပွဲ (၂)

************************

ပညာရေးအကယ်ဒမီ မင်းကွန်းပုထိုးတော်ကြီး

အကယ်ဒမီကျောင်း သံဃာတော်များနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ ၏ စားနပ်ရိက္ခာအတွက် ကျေးရွာများသို့ အလှူခံထွက်နေပါသည်။

၁၃၈၄ – ခုနှစ်၊ တန်ခူးလပြည့်ကျော် (၂)ရက်၊ (၆.၄.၂၀၂၃) ရက်နေ့နံနက်ပိုင်း၌ ရမည်းသင်းမြို့နယ် ပုတီးကုန်းရွာ၊ ညနေပိုင်း၌ သီးကုန်းရွာတို့သို့ ရောက်ရှိကာ ရွာခံဆရာတော်များနှင့် ရွာသူ/သားများက ဝမ်းပန်းတစ်သာ လှူဒါန်းကြပါသည်။

၎င်းနေ့ တစ်ရက်တည်းမှာပင် ဆန် (၄)အိတ်ခွဲ၊ ကြက်သွန်နီ (၆)အိတ်ခွဲ၊ မြေပဲ အိတ်ဝက်၊ ငရုပ်သီး အိတ်ဝက်၊ ဆား အိတ်ဝက်နှင့် အလှူငွေ (၄၁,၅၀၀) လေးသောင်းတစ်ထောင်ငါးရာကျပ် ရရှိခဲ့ပါသည်။

ဤအလှူခံပွဲ ဖြစ်မြောက်ရေးအတွက် ရမည်းသင်းမြို့ KT – 2 စတိုးဆိုင်မှ ဒေါ်ချိုနှင့် ရွာခံ ဆရာတော်များက စီးစဉ်ပေးခြင်းဖြစ်ကာ ပညာရေးအကယ်ဒမီမှ အရှင်တေဇောဘာသ (ဝီရတေဇော) နှင့် ဆရာကြီး ဦးကျော်မျိုးခန့် တို့ ဦးဆောင်အလှူခံခြင်းဖြစ်ပါသည်။

ဤသို့ အကျိုးဆောင်ပေးခြင်း လှူဒါန်းပေးခြင်းတည်းဟူသော ပညာဒါန ပရဟိတ ပါရမီ ကုသိုလ်ထူးကြောင့် ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် ပြည့်စုံကာ အမျိုးဘာသာ/ သာသနာ အကျိုးကို ဆထက်တပိုး တိုး၍ သယ်ပိုးနိုင်ကြပါစေသော် …။

ပညာပါရမီကုသိုလ်ရှင်နှင့် လှူဖွယ်စာရင်း

၁။ သီးကုန်းဆရာတော် ဆန် (၁)အိတ်၊ ခေါက်ဆွဲ(၁)အိတ်၊ လ္ဖက်ခြောက်(၁)အိတ်။

၂။ ပုတီးကုန်း၊ သီးကုန်းရွာသူ/သားများ ဆန်(၄)အိတ်ခွဲ၊ ကြက်သွန်နီ(၆)အိတ်ခွဲ, မြေပဲ, ငရုပ်သီး, ဆား အိတ်ဝက်စီအလှူခံရရှိခဲ့ပါသည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9 မှ G-12 အထိ ကျောင်းသား/သူ (၄၀၀)ဦး နီးပါး ရှိမည်ဖြစ်ရာ တစ်ရက်လျှင် ဆန် (၄)ပိုင်း (၃ နပ်စာ) ကျွေးမွေးရပါမည်။

သို့အတွက် အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်, ဆီ, ငရုပ်, ကြက်သွန်, ပဲ, အာလူး စသော အခြေခံစားသောက်ကုန်များ လှူဒါန်းလိုပါက ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

ရာသီပေါ်ချိန်၌ လာရောက်အလှူခံမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပညာရေးအကယ်ဒမီကျောင်း

တာဝန်ခံဆရာတော်နှင့်

အကျိုးဆောင်ဆရာတော်

09445580969

09697866969