သတင်း

“ပညာရေးအကယ်ဒမီ ရေကန်တော်နှင့်ကျောင်းဆောင်သစ် ရေစက်ချ အလှူပွဲ”

ပညာရေးအကယ်ဒမီ ရေကန်တော်နှင့်ကျောင်းဆောင်သစ် ရေစက်ချ အလှူပွဲ

—————————————————————————————

          သီတင်းကျွတ်လပြည့်ကျော် ၂ရက်(31.10.2023) ရက်နေ့မှာ ကျင်းပပါတယ်။

          စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ စံတော်မူကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ ကျင်းပတာပါ။

          ရေကန်တော်နှင့် ဆွမ်းစားကျောင်းဆောင်သစ် ရေစက်ချပွဲဖြစ်ပြီး သီရိဓဇဆရာတော်ကြီး၊ ဓမ္မနာဒတိုက်အုပ်ဆရာတော်ကြီး အမှူးပြုသော မင်းကွန်းတောင်ရိုးသံဃာတော်များ ကြွရောက်ချီးမြှောက်တော် မူကြပါတယ်။

          ကျောင်းသူကျောင်းသားများအား တစ်ရက်စာထမင်းသုံးနပ်ကျွေးမွေးခြင်း၊ မုန့်ထုပ်များ လှူဒါန်းခြင်း၊ ဇာတ်သဘင်ဖြင့်ဖျော်ဖြေခြင်း၊ သံဃာတော်များအား နဝကမ္မအလှူငွေ သုံးသောင်းကျပ်စီလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

          သုံးရေကန်အလှူရှင်ကတော့ ရမည်းသင်းမြို့၊ KT(2) စတိုးဆိုင် ပိုင်ရှင် ဒေါ်ချိုဖြစ်ပြီး၊ ကျောင်းအလှူရှင်ကတော့ မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင်ပိုင်ရှင် ဒေါ်အေးသိန်း မိသားစုပဲ ဖြစ်ပါတယ်။

          ဆရာတော်ဦးဝီရသူက အနုမောဒနာတရားဟောကြားချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေကြပါတယ်။

          မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ သံဃာတော်များ၊ ဆရာ ဆရာမများနဲ့ ကျောင်းသားကျောင်းသူများ – စုပေါင်းအင်အား ၄၅၈ဦး ရှိပါတယ်။ တစ်ရက်လျှင် သုံးနပ် ဆန်၅တင်း ကျွေးမွေးလျက်ရှိသလို ကျန်းမာရေးပညာရေး အရာအားလုံးကို တာဝန်ယူစောင့်ရှောက်လျက်ရှိပါတယ်။

          ကြွရောက်ချီးမြှောက်တော်မူကြသော ထေရ်ကြီးဝါကြီး ဆရာတော်သံဃာတော်များနှင့် အလှူရှင်များ ပရိသတ်များ အားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ……….။