သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၅)

အောက်တိုဘာလ ၁၃ရက်နေ့မှာ စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှ စက်လှေများဖြင့် အငူမော်ဆိပ်ကမ်းသို့ ရောက်ရှိကြပါတယ်။ အငူမော်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် ပဲရုံရွာသို့ ယာဉ်တန်းများဖြင့် ဆက်လက်ထွက်ခွါရာ နေ့ဆွမ်းစားအမီ ပဲရုံရွာသို့ ရောက်ရှိကြပါတယ်။

ပဲရုံရွာသူ ရွာသားများက တောထမင်း တောဟင်းများဖြင့် နေ့ဆွမ်းဆက်ကပ်ကြပါတယ်။ ပဲရုံရွာမှာ ဒဏ်ရာအကြီးအကျယ်ရထားတဲ့ လူငယ်တစ်ယောက်ရှိပါတယ်။ လက်ဖဝါးရယ်၊ လက်ညှိုးနှင့် လက်မကြားရယ် လက်ဖျံရယ် ဦးခေါင်းနောက်စေ့ရယ် ဖနောင့်ရယ် တစ်ကိုယ်လုံးနီးပါး ဓားခုတ်ခံထားရတဲ့ လူငယ်တစ်ဦးပါ။

သူ့ကို မန်း မဘသ၊ သာပေါင်း၊ ဒါးက မဘသနှင့် ကန့်ဘလူမြို့နယ် ကိုးတောင်ပို့ကျေးရွာ အောင်သိဒ္ဓိဆရာတော်နှင့်အဖွဲ့တို့က အလှူငွေများ ထောက်ပံ့ကြပါတယ်။ ရွာသူ ရွာသားများအား တစ်အိမ်ထောင်လျှင် စောင်တစ်ထည်စီပေးလှူကာ မုန့်နှင့်အအေးများ သကြားလုံးများ ဝေငှကြပါတယ်။

စောင် ၁၂၀နှင့် ပြင်းထန်ဒဏ်ရာထောက်ပံ့ငွေ တစ်သိန်းကျပ်တို့ကို မန်း မဘသအဖွဲ့ လှူဒါန်းတာပါ။ မန်း မဘသ၏ ပဉ္စမမြောက် ကုသိုလ်ဖြစ်ပါတယ်။