သတင်း

တောင်ပိုင်လျက် တောင်မဆိုင်

တောင်ပိုင်လျက် တောင်မဆိုင်
တောပိုင်လျက် တောမဆိုင်
မြေပိုင်လျက် မြေမဆိုင်
ပင်လယ်ပိုင်လျက် ပင်လယ်မဆိုင်
အဲဒါ ဒို့ရခိုင်။
——————-

RSO အကြမ်းဖက်အဖွဲ့ မောင်တောဒေသခံများကို ပစ်ခတ်၊ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မောင်တော
အောက်တိုဘာ ၂၃၊ DMG

မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ဒေသခံ ၄ ဦးကို မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီက RSO အဖွဲ့ဟုယူဆရသူများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယင်းဒေသခံများထဲမှ နှစ်ဦးမှာ သေဆုံးသွားပြီး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

ဖြစ်စဉ်မှာ အောင်သပြေကျေးရွာနေ မောင်ငယ်လှ၊ ရွှေသိန်းမောင်၊ စိန်လှမောင်နှင့် မောင်ငယ်ထွန်းတို့မှာ ရွာအနီးရှိတောင်တွင် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီကစ၍ တောဝက်ဖမ်းရန် လိုက်လံရွာဖွေနေစဉ် မိုင်တိုင်အမှတ် (၄၆-၄၇) ၌ လက်နက်ကိုယ်စီကိုင်ဆောင်ထားသော RSO အဖွဲ့ဟု ယူဆရသူ အင်အား ၁၅ ဦးခန့်နှင့် ညနေ ၆ နာရီတွင် ထိပ်တိုက်တွေ့ဆုံကာ ယင်းဒေသခံများကို RSO အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

RSO အဖွဲ့ ပစ်ခတ်ခဲ့မှုကြောင့် မောင်ငယ်လှတွင် ခါးပိုင်းဒဏ်ရာတစ်ချက်နှင့် ဝဲဘက်ပေါင်တစ်ချက်စီရရှိခဲ့ပြီး ရွှေသိန်းမောင်တွငိ ဦးခေါင်းပိုင်းမေ့စေးအောက်ထိချ ဒဏ်ရာနှင့် ယာဘက်လက်မောင်းဒဏ်ရာ တစ်ချက်စီ အသီးသီးရရှိခဲ့ပြီး ကျန် စိန်လှမောင်နှင့် မောင်ငယ်ထွန်းတို့မှာ သေဆုံးသွားပြီဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အောင်သပြေကျေးရွာအုပ်ချုပ်ရေးမှူးကို အခင်းဖြစ်ပွားသည့်နေ့ ညနေ ၁၂ နာရီက သတင်းပေးပို့လျှက် ဒဏ်ရာရရှိသူ နှစ်ဦးကို အောင်သပြေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ခေတ္တဆေးကုသခံယူပြီး ယနေ့ (၂၃-၁၀-၂၀၁၇) နံနက် ၁၀ နာရီက မောင်တောဆေးရုံ၌ ဆေးကုသခံယူရန် ပို့ဆောင်ထားကြောင်း DMG သတင်းထောက်က အတည်ပြုပြောသည်။

အောင်သပြေအခြေစိုက် ၅၄၀ တပ်ရင်းနှင့် အောင်သပြေ (န.ခ.ခ) တပ်ရင်းတို့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် အောင်သပြေဧရိယာအတွင်း အကြမ်းဖက်သမားများနှင့် ပျောက်ဆုံးသူများကို လိုက်လံရှာဖွေရာမှာ ပျောက်ဆုံးနေသူ စိန်လှမောင်နှင့် မောင်ငယ်ထွန်းတို့ သေဆုံးနေသည်ကို ရှာဖွေတွေ့ခဲ့သည်။

ဓါတ်ပုံ – ချလူးအောင်၊ DMG