သတင်း

























 

 

“မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ (၄)”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။

ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။

အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။
ဒီကနေ့ ကြေညာမှာကတော့ ဆရာတော်ဘုရားကြီး၏ သြဝါဒဆိုင်ရာဆောင်းပါးများပဲ ဖြစ်ပါတယ်။

(၁) အဂ္ဂါဘိဓဇသြဝါဒကထာ (ကျက်သရေ၊ မင်္ဂလာ) – ဘဒ္ဒန္တသိရိန္ဒာဘိဝံသ
(၂) မှတ်မှတ်ရရ သြဝါဒများ – အရှင်ကဝိန္ဒာဘိဝံသ
(၃) အစိုးရအကြီးအကဲများထံ မှာကြားသည့် စကားကြီးသုံးခွန်း – ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ
(၄) ရွှေစကား သြဝါဒစာစုများ – အရှင်တေဇောဘာသ
(၅) အနီးကပ်ဆည်းကပ်ခွင့်ရခဲ့သူပါဘုရား – ကိုနန္ဒနန်းမိုး(မြင်းမူ)
(၆) သောတုဇနတို့ဆွမ်းစားဝိုင်းမှစကားသံနှင့် ရင်၌စွဲထင်နေသော သြဝါဒ – ဦးဇင်းလပြည့်(မြိတ်)
(၇) ဆရာမိန့်မှာ သြဝါဒအဖြာဖြာ – ဦးအာလောက(ညောင်တုန်း)
(၈) ဓမ္မကိုသာ ကြည်ညိုကြ – ဦးသြဘာသ
(၉) မှတ်မှတ်သားသား သြဝါဒများ – အရှင်ဝိသုဒ္ဓ(မုံရွာ)
(၁၀) တစ်ခဏတာ တွေ့ခွင့်ရသော်လည်း – အရှင်သြဒါတသိရီဘိဝံသ
(၁၁) မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဆိုက်ကားအတိုက်ခံရပုံနှင့် ထားခြားသောသြဝါများ – ဦးကုမုဒ(တန့်ဆည်)
(၁၂) သာသနာရေးဆိုင်ရာလျှောက်ထားလွှာများကို ကြည်ညိုခြင်း – ချမ်းသာကြီးဆရာတော် အရှင်ဇောတိကာဘိဝံသ
(၁၃) ပဗ္ဗဇိတာဘာဝဒုလ္လဘနှင့် သမဏပတိရူပတရားတော် – အရှင်အဂ္ဂဉာဏာဘိဝံသ
(၁၄) ညီညွတ်ကြီးပွား သာမဂါမတရား – ဘဒ္ဒန္တသြဘာသာဘိဝံသ
(၁၅) မာနခြေသုတ် ဂုဏ်မယုတ်ဘူး – ဘဒ္ဒန္တတေဇိန္ဒ(ပဲခူးရွှေဥမင်)
(၁၆) အဝေးကနေ ကြည်ညိုနေမိသည် – ဒေါက်တာဓမ္မပီယ(U.S.A)
(၁၇) မန်းမြို့ မစိုးရိမ် – အရှင်ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)
(၁၈) မစိုးရိမ်သာသနာ့သမိုင်း၌ ဦးဆောင်ဆရာတော်တစ်ပါး – ရှင်မတောင်ဆရာတော် ဘဒ္ဒန္တကဝိန္ဒောဘာသ
(၁၉) ဓမ္မပ္ပမာဏဆရာတော် – နေမင်းဆွေ(ပုလဲ)
(၂၀) အာဂဆရာတော် – အရှင်ကုမာရ(ပန်းတနော်)