သတင္း

လားရႈိးခရီးစဥ္(၄)/ ပန္အုပ္အလွဴေတာ္မဂၤလာ

7.4.2018 ရက္ေန႔၊ မနက္အေစာမွာ သိမ္ဝင္ပါတယ္။ သိမ္ဆင္းေလာင္းအၿပီးမွာ အလွဴဒါယကာ ဒါယိကာမမ်ားႏွင့္ မွတ္တမ္းတင္ ဓာတ္ပုံရိုက္ပါတယ္။

ပန္အုပ္ပရိယတၱိစာသင္တုိက္ ပဓာနနာယကဆရာေတာ္ႀကီးႏွင့္အတူ အလွဴ႕ဒါကာ အလွဴအမမိသားစုမ်ားႏွင့္ စုေပါင္းဓာတ္ပံုရိုက္ၾကတာပါ။

ေန႔ဆြမ္းစားအၿပီးမွာ မစိုးရိမ္တိုက္သစ္ အဂၢါဘိဓဇဆရာေတာ္ႀကီး အထူးထုတ္စာေစာင္အတြက္ ေဆာင္းပါးေရးျခင္း၊ စာမူမ်ား တည္းျဖတ္ျခင္းျပဳလုပ္ၿပီး လားရႈိးကို ႏႈတ္ဆက္ခဲ့ပါတယ္။

၅ ရက္ေန႔တုန္းက ေနာင္ခ်ဳိ သံုးဆယ္ရြာမွာ ေဒသအစားအစာေတြ စားခဲ့လုိ႔လားမသိ ၅ ရက္ေန႔ည တစ္ညလုံးႏွင့္ ၆ ရက္ေန႔တစ္ေနကုန္ ဝမ္းေလွ်ာပါတယ္။

ဝမ္းက အပူဝမ္းျဖစ္ၿပီး နာက်င္ကိုက္ခဲျခင္း အားယုတ္ျခင္း ေမာပန္းႏြမ္းနယ္ျခင္း လံုးဝ မရွိပါ။ စာေရးလုိက္၊ ေနာက္ေဖးသြားလုိက္နဲ႔ က်န္းမာေရးေလ့က်င့္ခန္းလုပ္ရသလိုပါပဲ။

တစ္ေန႔ကုန္ အားေနပါတယ္။ ထုိင္ေရးလိုက္၊ ရပ္ေရးလုိက္၊ အိပ္ေရးလိုက္နဲ႔ ေဆာင္းပါးတစ္ပုဒ္ ၿပီးသြားပါတယ္။ မစုိးရိမ္တုိက္သစ္ အဂၢါဘိဓဇဆရာေတာ္ႀကီး အထူးထုတ္စာေစာင္ ေနာက္ပိုင္းအတြက္ ျဖစ္ပါတယ္။

၇ ရက္ေန႔ မနက္အထိ ဝမ္းကသြားေနတုန္းပါပဲ။ အႀကိမ္ေရေတာ့ မမ်ားေတာ့ပါ။ ေက်ာင္းေရာက္မွ ရပ္သြားပါတယ္။

အလွဴဒါယကာ ဦးခင္ေမာင္+အလွဴဒါယိကာမ ေဒၚခင္ေဌးရီမိသားစုႏွင့္အတူ လားရႈိးသူလားရႈိးသား အားလံုး က်န္းမာခ်မ္းသာ ေဘးရန္ကြား၍ လိုရာဆႏၵ ျပည့္ဝၾကပါေစ။

 

“လားရှိုးခရီးစဉ်(၄)/ ပန်အုပ်အလှူတော်မင်္ဂလာ”

7.4.2018 ရက်နေ့၊ မနက်အစောမှာ သိမ်ဝင်ပါတယ်။ သိမ်ဆင်းလောင်းအပြီးမှာ အလှူဒါယကာ ဒါယိကာမများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ပါတယ်။

ပန်အုပ်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးနှင့်အတူ အလှူ့ဒါကာ အလှူအမမိသားစုများနှင့် စုပေါင်းဓာတ်ပုံရိုက်ကြတာပါ။

နေ့ဆွမ်းစားအပြီးမှာ မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ကြီး အထူးထုတ်စာစောင်အတွက် ဆောင်းပါးရေးခြင်း၊ စာမူများ တည်းဖြတ်ခြင်းပြုလုပ်ပြီး လားရှိုးကို နှုတ်ဆက်ခဲ့ပါတယ်။

၅ ရက်နေ့တုန်းက နောင်ချို သုံးဆယ်ရွာမှာ ဒေသအစားအစာတွေ စားခဲ့လို့လားမသိ ၅ ရက်နေ့ည တစ်ညလုံးနှင့် ၆ ရက်နေ့တစ်နေကုန် ဝမ်းလျှောပါတယ်။

ဝမ်းက အပူဝမ်းဖြစ်ပြီး နာကျင်ကိုက်ခဲခြင်း အားယုတ်ခြင်း မောပန်းနွမ်းနယ်ခြင်း လုံးဝ မရှိပါ။ စာရေးလိုက်၊ နောက်ဖေးသွားလိုက်နဲ့ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရသလိုပါပဲ။

တစ်နေ့ကုန် အားနေပါတယ်။ ထိုင်ရေးလိုက်၊ ရပ်ရေးလိုက်၊ အိပ်ရေးလိုက်နဲ့ ဆောင်းပါးတစ်ပုဒ် ပြီးသွားပါတယ်။ မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ကြီး အထူးထုတ်စာစောင် နောက်ပိုင်းအတွက် ဖြစ်ပါတယ်။

၇ ရက်နေ့ မနက်အထိ ဝမ်းကသွားနေတုန်းပါပဲ။ အကြိမ်ရေတော့ မများတော့ပါ။ ကျောင်းရောက်မှ ရပ်သွားပါတယ်။ အလှူဒါယကာ ဦးခင်မောင်+အလှူဒါယိကာမ ဒေါ်ခင်ဌေးရီမိသားစုနှင့်အတူ လားရှိုးသူလားရှိုးသား အားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွား၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။