သတင္း

သႀကၤန္အၾကတ္ေန႔ သီလပြဲ

ကဆုန္လဆန္း(၁)ရက္၊ သႀကၤန္အၾကတ္ေန႔၊ (15.4.2018)ရက္ေန႔၊ မနက္(၈း၃၀)နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ ရြာဟုိင္းေစ်းရပ္ကြက္၊ ဓမၼာရုံမွာ ေဟာၾကားပါတယ္။

သီလပြဲကုသိုလ္ရွင္ေတြကေတာ့ အရင္တုန္းက ရဲရဲေတာက္၊ အခုေတာ့ ဝါဝါထိန္ ေရႊမန္းေမ အထည္ဆုိင္ပိုင္ရွင္ ဦးဝင္းျမင့္ေဌး+ေဒၚခင္မမ မိသားစု ျဖစ္ပါတယ္။

မန္း မေဟာ္သဓာအတြက္လည္း အလွဴေငြ ၂၀၀၀၀၀ိ က်ပ္ လွဴဒါန္းလိုက္ပါေသးတယ္။ သႀကၤန္တြင္း သီတင္းသည္ေယာဂီေတြအား ဥပုသ္သီလႏွင့္ပတ္သက္ၿပီး ေဟာၾကားခဲ့ပါတယ္။

ဓမၼပဒ၊ ဥေပါသထိကဣတၳီဝတၳဳ (ဥပုသ္သည္ေယာဂီအမ်ဳိးသမီးေတြအေၾကာင္း) တရားေလးပါ။ ဝိသာခါက ဥပုသ္သည္အမ်ဳိးသမီးေတြကို ရည္ရြယ္ခ်က္ေတြေမးပါတယ္။

အမယ္အုိေတြက နတ္ျပည္ေရာက္ခ်င္လို႔၊ လူလတ္ပိုင္းေတြက လင္ဆိုးလက္ေအာက္မွ လြတ္ေျမာက္ခ်င္လို႔၊ အမ်ဳိးသမီးငယ္ေတြက ကေလးထြန္းကားခ်င္လို႔၊ မိန္းမပ်ဳိေတြက ငယ္ရြယ္စဥ္မွာ အိမ္ေထာင္က်ခ်င္လို႔ ဥပုသ္ေစာင့္ၾကတာျဖစ္ေၾကာင္း ေျဖၾကားပါတယ္။

ဝိသာခါက ဘုရားကိုေလွ်ာက္တဲ့အခါ ဘုရားက ေအာက္ပါဂါထာေလးကို ေဟာၾကားပါတယ္။ ယထာ ဒေ႑န ေဂါပါေလာ၊ ဂါေဝါ ပါေဇတိ ေဂါစရံ။ ဧဝံ ဇရာစ မစၥဳ စ၊ အာယုံ ပါေဇႏၲိ ပါဏီနံ။

ႏြားေက်ာင္းသားဟာ ဒုတ္နဲ႔တို႔ၿပီး ႏြားေတြကို စားက်က္အမ်ဳိးမ်ဳိး ပို႔ေဆာင္ေပမယ့္ ေနာက္ဆံုးေတာ့ ႏြားေတြဟာ ႏြားသတ္ရုံကို ေရာက္ရသလိုပဲ နတ္ျပည္၊ ျဗဟၼာျပည္၊ လူ႔ျပည္ စည္းစိမ္ေတြ ဘယ္လိုေကာင္းေကာင္း ေနာက္ဆံုးေတာ့ ေသရတာပါပဲ။

ႏြားေက်ာင္းသားဟာ ဇရာ၊

ႏြားေက်ာင္းသားဟာ ေသမင္း၊

ႏြားအေပါင္းဟာ အသက္၊

ႏြားစားက်က္ဟာ ေသျခင္း၊

ဒါေၾကာင့္ ေသျခင္းဆံုးရာ နိဗၺာန္ကို ရည္ရြယ္ၿပီး ဥပုသ္ေစာင့္ရမည္ဟု ဆိုလိုတာပါ။ ဥပုသ္သည္တုိင္း နိဗၺာန္ရည္မွန္း ဥပုသ္သီလ ဆင္ျမန္းႏိုင္ပါေစ။

 

“သင်္ကြန်အကြတ်နေ့ သီလပွဲ”

ကဆုန်လဆန်း(၁)ရက်၊ သင်္ကြန်အကြတ်နေ့၊ (15.4.2018)ရက်နေ့၊ မနက်(၈း၃၀)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွာဟိုင်းဈေးရပ်ကွက်၊ ဓမ္မာရုံမှာ ဟောကြားပါတယ်။

သီလပွဲကုသိုလ်ရှင်တွေကတော့ အရင်တုန်းက ရဲရဲတောက်၊ အခုတော့ ဝါဝါထိန် ရွှေမန်းမေ အထည်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ မိသားစု ဖြစ်ပါတယ်။ မန်း မဟော်သဓာအတွက်လည်း အလှူငွေ ၂၀၀၀၀ဝိ ကျပ် လှူဒါန်းလိုက်ပါသေးတယ်။

သင်္ကြန်တွင်း သီတင်းသည်ယောဂီတွေအား ဥပုသ်သီလနှင့်ပတ်သက်ပြီး ဟောကြားခဲ့ပါတယ်။ ဓမ္မပဒ၊ ဥပေါသထိကဣတ္ထီဝတ္ထု (ဥပုသ်သည်ယောဂီအမျိုးသမီးတွေအကြောင်း) တရားလေးပါ။ ဝိသာခါက ဥပုသ်သည်အမျိုးသမီးတွေကို ရည်ရွယ်ချက်တွေမေးပါတယ်။

အမယ်အိုတွေက နတ်ပြည်ရောက်ချင်လို့၊ လူလတ်ပိုင်းတွေက လင်ဆိုးလက်အောက်မှ လွတ်မြောက်ချင်လို့၊ အမျိုးသမီးငယ်တွေက ကလေးထွန်းကားချင်လို့၊ မိန်းမပျိုတွေက ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျချင်လို့ ဥပုသ်စောင့်ကြတာဖြစ်ကြောင်း ဖြေကြားပါတယ်။

ဝိသာခါက ဘုရားကိုလျှောက်တဲ့အခါ ဘုရားက အောက်ပါဂါထာလေးကို ဟောကြားပါတယ်။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။ ဧဝံ ဇရာစ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏီနံ။

နွားကျောင်းသားဟာ ဒုတ်နဲ့တို့ပြီး နွားတွေကို စားကျက်အမျိုးမျိုး ပို့ဆောင်ပေမယ့် နောက်ဆုံးတော့ နွားတွေဟာ နွားသတ်ရုံကို ရောက်ရသလိုပဲ နတ်ပြည်၊ ဗြဟ္မာပြည်၊ လူ့ပြည် စည်းစိမ်တွေ ဘယ်လိုကောင်းကောင်း နောက်ဆုံးတော့ သေရတာပါပဲ။

နွားကျောင်းသားဟာ ဇရာ၊
နွားကျောင်းသားဟာ သေမင်း၊
နွားအပေါင်းဟာ အသက်၊
နွားစားကျက်ဟာ သေခြင်း၊
ဒါကြောင့် သေခြင်းဆုံးရာ နိဗ္ဗာန်ကို ရည်ရွယ်ပြီး ဥပုသ်စောင့်ရမည်ဟု ဆိုလိုတာပါ။
ဥပုသ်သည်တိုင်း နိဗ္ဗာန်ရည်မှန်း ဥပုသ်သီလ ဆင်မြန်းနိုင်ပါစေ။