သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၁)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်)
ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။

မေး – ဇွန်လ ပထမပတ်တုန်းက ကိန်း ရုပ်ရှင်ပွဲတော်မှာပြသသွားတဲ့ The Venerable W ဇာတ်ကားအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုရိုက်ဖြစ်တယ်၊ ဘယ်လိုပုံစံမျိုး ရိုက်ထားတယ်ဆိုတာ သိ ချင်ပါတယ်ဘုရား။ ဇာတ်လမ်းထဲက အဆိုး အကောင်းတွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ရှိမရှိ မိန့်ပေးပါဦးဘုရား။

ဖြေ – ဘယ်လိုရိုက်ဖြစ်တယ်ဆိုတာကတော့ ဆွစ်ဇာလန် ဒါရိုက်တာကြီး ဘာဘတ်ရှရူဒါပေါ်မှာ မူတည်တာပေါ့။ ဒါရိုက်တာကြီးက သူ့ဘာသာသူ စုံစမ်းပြီးတော့ ဒီလို ဒီအကြောင်း လာလျှောက်တာလေ။ အကဲခတ်ကြည့်တဲ့အခါမှာ သူဟာဗုဒ္ဓဘာသာဖြစ်တယ် ယုံကြည်လို့ရနိုင်တယ်ဆိုပြီး လက်ခံလိုက်တာပါ။ ဇာတ်လမ်းတစ်ခုလုံးကတော့ သူရဲ့အိုင်ဒီယာကနေ စခဲ့တာပါ။ အင်တာဗျူးရင်းကပဲ ပိုပြီးကျယ်ပြန့်သွားတာပေါ့။

အစတုန်းကတော့ အမျိုးသားရေးနဲ့ ၉၆၉ ဒီလောက်ပဲရိုက်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဒါပေမဲ့ ဝီရသူ(မစိုးရိမ်)ဆိုတဲ့ ကလောင်ဖြစ်ပေါ်လာပုံ ပြောပြလိုက်တော့ အဲဒါရိုက်ကွက်တစ်ခုတိုးသွားတာပေါ့နော်။ ဦးဇင်းပြုစုတဲ့ သင်္ကန်းဖြူစာတမ်းကို အကြောင်းပြုပြီးတော့ ရွှေဝါရောင်တော်လှန်ရေးမှာ နည်းဗျူဟာတွေ ရသွားတယ်ဆိုတာပြောပြတော့ သူက ရွှေဝါရောင်ကိုပါ ရိုက်ကွက်ရသွားပြန်တယ်။ တခြားဟာတွေကတော့ စာအုပ် ထဲမှာပါတဲ့ တန့်ကြည်တောင်အကြောင်း တို့ဆိုရင် အမေရိကန်နိုင်ငံ၊ LA အထိ သွားရိုက်တာကို တွေ့ရပါတယ်။ LA မှာ ရှိတဲ့ အဇူဇာကျောင်းအထိ သူတို့သွားရိုက်တာပေါ့။

နောက် အမျိုးသားရေး ဘယ်ကစလာသလဲဆိုတော့ ၁၉၉၇ ခုနှစ်မှာ မစိုးရိမ်တိုက်သစ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ရွာဟိုင်းသင်္ချိုင်းကုန်းကြီးထဲမှာ တစ်ကြိမ်ဟောတယ်၊ နောက်တစ်ပတ်ကြာ အမရပူရ မဟာ ဂန္ဓာရုံနားက လင်းဇင်းကုန်းသင်္ချိုင်းကုန်းကြီးထဲမှာ တစ်ခါဟောတယ်။ အဲဒါတွေကိုပါ သူက ရိုက်ချင်တယ်ပြောတဲ့အခါ ရွာဟိုင်း၊ လင်းဇင်းကုန်းသင်္ချိုင်းတွေလည်း ခုမရှိတော့တာကြောင့် ကြာနီကန်သင်္ချိုင်း ကိုသွားပြီးရိုက်ပေးခဲ့ရတယ်။ ဒီလို ရိုက်ရင်းကပဲ စာသင်နေပုံတွေ၊ စာချနေပုံတွေ၊ ဆွမ်းခံထွက်နေပုံတွေ၊ မစိုးရိမ်တိုက်သစ်ကြီးအကြောင်း အကုန်နီးနီး ပါသွားတာပေါ့။ ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။

အဲဒါတွေပြီးတဲ့အခါကျတော့ ထိုင်းနိုင်ငံကိုပင့်ပြီး တစ်ခါရိုက်တယ်။ အားရကျေနပ်မှုရှိမရှိ ဆိုတာကတော့ သူပို့ထားတဲ့ တစ်နာရီခွဲစာကိုကြည့်ရတာမှာ ဦးဇင်းဘက်က ဖြစ်စေချင်တဲ့ ရာခိုင်နှုန်းအားသာချက်များပါတယ်။ နောက် ဦးဇင်းဘက်က အနုတ်လက္ခဏာ လေးတွေရှိတာကတော့ ဦးဇင်းမှာ သူတို့ နဲ့ ဘာသာစကားမတူတဲ့အတွက်ကြောင့် ပူးပေါင်းပြီး မကူညီနိုင်တာတွေ၊ အခက်အခဲတွေ ရှိတာပေါ့နော်။ အဲဒီအခက်အခဲတွေအတွက်တော့ အားနည်းချက်လေး တွေဖြစ်၊ အမှတ်ကလေးတွေလျော့ပြီး အနုတ်လက္ခဏာပြသွားတာပေါ့။

အမျိုးသားရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ကိန်းရုပ်ရှင်ပွဲဟာ အမျိုးသားရေးအောင်ပွဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရုပ်သံမီဒီယာတွေအပါအဝင် မီဒီယာအားလုံးက မသိချင်ယောင်ဆောင်ပြီးဖုံးကွယ်ထားတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲကြီးကို ဒီ ကိန်းရုပ်ရှင်ပွဲမှာ အပြည့်အဝ ပြနိုင်ခဲ့တယ်။

နောက်တစ်ခါ ဒီပွဲမှာ ရိုဟင်ဂျာဆိုတာ တိုင်းသူပြည်သားတွေလက်မခံတဲ့ လူမျိုးအတု အယောင်ကြီးပါလားဆိုတာကို ပြနိုင်ခဲ့တဲ့အတွက်ကြောင့် လူမျိုးအတုအယောင် ဖန်တီးပြီးတော့ ရခိုင်ပြည်ကို ခြေကုတ်ယူဖို့ကြိုးစားနေတဲ့ ရိုဟင်ဂျာဆိုတဲ့သူတွေရဲ့ ယုတ်မာပက်စက်တဲ့ အကြံအစည်တွေကိုလည်း ကမ္ဘာကြီးက သိသွားတာပေါ့။ ရိုဟင်ဂျာမရှိဘူးဆိုတာကို ကမ္ဘာကြီးက သိသွားတာဖြစ်တဲ့အတွက်ကြောင့် ရို ဟင်ဂျာတွေ လုပ်စားလို့ မရတော့ဘူး။ ဒါဟာ ကိန်းရုပ်ရှင်ရဲ့ အမျိုးသားရေးအောင်ပွဲပဲ။

မေး – ဇွန်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ပြည်နယ် ထပ်ဆင့်ရှင်းလင်းပွဲမှာ အရှင်ဘုရားတက်ရောက်ခဲ့တာကို တွေ့ရပါတယ်ဘုရား။ အရင် မဘသအမည်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အ စည်းတွေထဲက မဘသလို့ ဆက်သုံးမည့် အဖွဲ့တွေ ဘယ်လောက်များ ရှိနိုင်ပါသလဲဘုရား။ မဘသအမည် ဆက်သုံးမည့်အဖွဲ့တွေကိုကော အရှင်ဘုရားအနေနဲ့ ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – လောလောဆယ်တော့ မန္တလေးနဲ့ ကရင်ပြည်နယ်ကတော့ ရဲရဲတောက် ဒေါင်ဒေါင်မြည် မဘသပေါ့နော်။ မန္တလေး မဘသကို အခြေအနေကြည့်ပြီးတော့ ထွက်လာမည့် မဘသအဖွဲ့တွေ တာဆူ နေတာလည်း ရှိပါတယ်။ မဘသအမည်ပဲဆက်သုံးချင်တဲ့သူတွေကို ပြောချင်တာကတော့ ၂ဝ/၉ဝ စောမောင်ဥပဒေဟာ ဒီခေတ်ဒီအခါမှာ သြဇာအာဏာသက်ရောက်မှု မရှိတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ၂ဝဝ၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာတယ်။ ၂ဝ/၉ဝ ဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော်နိုင်ဘူး။ နောက် အသင်းအဖွဲ့ဆိုင်ရာ ပြည် ထောင်စုဥပဒေပေါ်လာတယ်။ ၂ဝ/၉ဝဟာ ပြည်ထောင်စုဥပဒေကို ကျော်လို့မရနိုင်ဘူး။

အဲတော့ မဘသအဖွဲ့အစည်းကြီးသည် နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ (သို့မဟုတ်) သာသနာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကိုသာ ရုပ်သိမ်းခံလိုက်ရတာ၊ အဖွဲ့အစည်းကို လုံးဝ ဖျက်လို့မရဘူး။ ဒါကြောင့် မဘသအနေနဲ့ ဆက်လက် ရပ်တည်ချင်တယ်ဆိုရင် ရဲရဲကြီး ရပ်တည်ကြပါလို့ ပြောချင်ပါတယ်။

မေး – နိုင်ငံရေးတရားဟောတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သံဃာသုံးပါးကို မိုးကုတ်ဝိပဿနာ အသိအမှတ်ပြု ဓမ္မကထိကအဖြစ် ထုတ်ပယ်တယ်လို့ သိရပါတယ်ဘုရား။ ဒီလို နိုင်ငံရေးတရားဟောတာဟာ ဝိနည်းကြောင်းအရ သင့်/မသင့် အရှင်ဘုရားအနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ၊ အဲဒါလေး သိချင်ပါတယ်ဘုရား။

ဖြေ – နိုင်ငံရေးတရားဟောတာ ဓမ္မဝိနယနဲ့ လုံးဝ မငြိစွန်းပါဘူး။ ဝိနည်းသိက္ခာပုဒ်မထိခိုက်သလို ပိဋကတ်တော်လည်း မထိခိုက်ပါဘူး။ ဒီမိုးကုတ်ဝိပဿနာဟာ အနီရောင်သွေးရောသွားတဲ့အတွက်ကြောင့် ဒီမိုးကုတ်ဝိပဿနာအဖွဲ့ချုပ်က ဒကာကြီးတွေဟာ မတရားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးတော့ မိမိရဲ့အဖွဲ့ဝင်ဆရာတော်တွေကို အနိုင်ကျင့်လိုက်တာပါ။

မေး – ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရက်ပိုင်းမှာ ရခိုင်အရေးကို တော်တော်လေးပြောလာတာ တွေ့ရပါတယ်ဘုရား။ ဆွီဒင်လွှတ်တော်မှာပြောတဲ့ မိန့်ခွန်းထဲမှာဆိုရင်လည်း ရခိုင်တိုင်းရင်းသားတွေဟာ ခွဲခြားဆက်ဆံခံနေရတယ်၊ သူ့တို့အရေးကို အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်တာမတွေ့ဘူးလို့ ထုတ်ပြောတာကိုလည်း တွေ့ရပါတယ်ဘုရား။

နောက်ပြီး ကုလသမဂ္ဂက လာမည့် ရခိုင်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကိုလည်းပဲ လူမှုအသိုင်းအဝိုင်းကြားမှာ ရန်လိုမှုတွေ မုန်းတီးမှုတွေ ဖြစ်စေနိုင်တယ်ဆိုပြီး လက်မခံတာကိုလည်း တွေ့ရပါ တယ်ဘုရား။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်အရေးကို ဘယ်လောက်အတိုင်းအတာအထိ မှန်မှန်ကန်ကန်ရှုမြင်နိုင်ပြီလို့ အရှင်ဘုရား သုံးသပ်ပါသလဲဘုရား။

ဖြေ – ခြောက်ဆယ်ရာခိုင်နှုန်းအထိတော့ တိုးတက်လာပါပြီ။ အဲဒါတော့ အပေါင်းလက္ခဏာဆောင်ပါတယ်။ ဦးဇင်းတို့က ထောက်ခံတယ်၊ အားပေးတယ်၊ ချီးကျူးတယ်၊ ဂုဏ်ယူတယ်ပေါ့နော်။ ဒါပေမဲ့ လိုရင်းအဖြေကို သူမပေးနိုင်ဘူး။ အဲဒီ လိုရင်းအဖြေကိုပေးပြီးတော့ တိုင်းရင်းသားတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့လိုတယ်ပေါ့။ သူ ရဲရဲဝံ့ဝံ့ရပ်တည်မယ်ဆိုရင်တော့ တစ်မျိုးသားလုံးက ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းပြီးတော့ ထောက်ခံအား ပေးကြမှာပဲလေ။
သံမဏိနှင်းဆီပြတ်သားလိုက်ပါလို့ပဲ ဦးဇင်းပြောချင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)