Daily Archives: June 21, 2017

သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၁)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်) ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။ မေး – ဇွန်လ ပထမပတ်တုန်းက ကိန်း ရုပ်ရှင်ပွဲတော်မှာပြသသွားတဲ့ The Venerable W ဇာတ်ကားအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုရိုက်ဖြစ်တယ်၊ ဘယ်လိုပုံစံမျိုး ရိုက်ထားတယ်ဆိုတာ သိ ချင်ပါတယ်ဘုရား။ ဇာတ်လမ်းထဲက အဆိုး အကောင်းတွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ရှိမရှိ မိန့်ပေးပါဦးဘုရား။ ဖြေ – ဘယ်လိုရိုက်ဖြစ်တယ်ဆိုတာကတော့ ဆွစ်ဇာလန် ဒါရိုက်တာကြီး ဘာဘတ်ရှရူဒါပေါ်မှာ မူတည်တာပေါ့။ ဒါရိုက်တာကြီးက သူ့ဘာသာသူ စုံစမ်းပြီးတော့ ဒီလို ဒီအကြောင်း လာလျှောက်တာလေ။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မွေးနေ့သွေးလှူဒါန်းပွဲကုသိုလ်တော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ(မစိုးရိမ်)၏ (၄၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲကျင်းပနိုင်ရန်အတွက် အောင်ပန်းမြို့ ဦးဣန္ဓာစရိယ (ဦးဇင်းမဲကြီး)မှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ကိုအေးနိုင်+မယဉ်ယဉ်အေး မိသားစုမှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေး ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေအထည်ဆိုင်)မိသားစုမှ ၈၀၀၀၀(ရှစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (20.6.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာ အောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲလိုရာဆန္ဒပြည့်ဝကြပါစေ။
သတင်း

ဥပေက္ခာလောကသား

သူများချစ်တိုင်း လိုက်ချစ်ရအောင် ဦးနှောက်မဲ့သူမှ မဟုတ်တာ။ သူများမုန်းတိုင်း လိုက်မုန်းရအောင် နှလုံးသားမဲ့သူမှ မဟုတ်တာ။ ဦးနှောက်နှင့် ချစ်ခြင်းတရားက ဆန့်ကျင်ဘက်။ နှလုံးသားနှင့် အမုန်းတရားက ဆန့်ကျင်ဘက်။ ချစ်ခြင်းနှင့် မုန်းခြင်းကို ဦးနှောက်နှင့် နှလုံးသားက ထိန်းကျောင်းနိုင်ပါမှ အပြစ်ကင်းမှာ မဟုတ်လား။ ဝီရသူ (မစိုးရိမ်) 20.6.2017 PM – 12:00