သတင်း

ဥပေက္ခာလောကသား

သူများချစ်တိုင်း လိုက်ချစ်ရအောင်
ဦးနှောက်မဲ့သူမှ မဟုတ်တာ။
သူများမုန်းတိုင်း လိုက်မုန်းရအောင်
နှလုံးသားမဲ့သူမှ မဟုတ်တာ။
ဦးနှောက်နှင့် ချစ်ခြင်းတရားက ဆန့်ကျင်ဘက်။
နှလုံးသားနှင့် အမုန်းတရားက ဆန့်ကျင်ဘက်။
ချစ်ခြင်းနှင့် မုန်းခြင်းကို ဦးနှောက်နှင့် နှလုံးသားက
ထိန်းကျောင်းနိုင်ပါမှ အပြစ်ကင်းမှာ မဟုတ်လား။

ဝီရသူ (မစိုးရိမ်)
20.6.2017
PM – 12:00