Monthly Archives: December 2017

သတင်းအင်တာဗျူး

နွားတွေလို ကိုယ့်အချင်းချင်းသာခွေ့ကြပြီး ကျားကျ ကြောက်ကြတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး(၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – နေပြည်တော်မှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနဲ့ ဓမ္မ၀ံသာနုက ပထမဆုံးအကြိမ်ကျင်းပမယ့် သံဃာတစ်သောင်းဆွမ်းဆန်စိမ်းလောင်းပွဲဟာ အခုအချိန်ထိ ကျင်းပခွင့်ရသလို မရသလိုဖြစ်နေတယ်ပေါ့ဘုရား။ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်ဆက်စပ်တဲ့ အခမ်းအနားတွေက အတားအဆီးများလာတာအပေါ် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။ ဖြေ – ဒါတွေကိုမြင်လို့ ဆရာတော် သံဃာတော်တွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူတွေကို သတိပေးခဲ့တာပေါ့နော်။ ပြည်သူတွေ ကိုယ်တိုင်ကိုက နိုင်ငံရေးလောဘအတင်းတက်ပြီးတော့ ငါးမျှားချိတ်မမြင်ဘဲ ငါးစာကိုပဲ မြင်ခဲ့ကြတာပေါ့နော်။ ဒီ့ထက်မက ထပ်ပြီးတော့ ချုပ်ချယ်လာဦးမှာပါ။ နောက်ဆုံးပြည်သူတွေက ဒီအစိုးရကို ဖြုတ်ချချင်လောက်အောင် စက်ဆုပ်ရွံ့ရှာတဲ့အဆင့်ထိကို သူတို့တွေက ဘာသာတရားကို ဖျက်လိုဖျက်စီးလုပ်လာကြဦးမလားဆိုတာကိုတော့ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (1.12.2017) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

လေထန်ကုန်းအလှ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေနဲ့ပတ်သက်ပြီး လူသိများတာကတော့ သတင်းဆိုးတွေပါ။ ဒီသတင်းဆိုးတွေကြောင့် မောင်တောမြို့ကြီး ကြမ်းတမ်းသယောင် ဖြစ်နေတာပါ။ တကယ်တော့ မောင်တောမြို့ကြီးဟာ အင်မတန်လှပပါတယ်။ မေယုတောင်တန်းတွေ၊ ပင်လယ်ကြီးတွေ၊ နယ်စပ်ဂိတ်တွေ၊ နယ်စပ်ခြံစည်းရိုးတွေ စတာတွေနှင့် အင်မတန်ရှုမောဖွယ် သာယာလှတဲ့ ရခိုင့်နှလုံးသားပါ။ မောင်တောကအပြန် ရသေ့တောင်မြို့နယ်၊ ဆင်ပိုက်ရွာကိုမရောက်ခင် နေမဝင်မီ ပင်လယ်ရှုခင်းကို အပြေးအလွှား ခံစားကြည့်မိပါတယ်။ အရင်ခရီးစဉ်တွေမှာတော့ ကားပေါ်ကပဲ ရှုစားရတာပါ။ အနီအကြောင်တို့ရဲ့အမျိုးတွေ ကြီးစိုးထားတော့ အခုလို အေးအေးဆေးဆေး အရသာခံခွင့် မရခဲ့ဘူးလေ။ အခုတော့ အနီအကြောင်တို့ရဲ့အမျိုးတွေ မရှိတုန်း ပင်လယ်ကြီးကို ရှုမငြီးနိုင်ခဲ့ပါ။ နေကျသွားလို့ ပုံတွေ မလှပပေမယ့် ရှုခင်းကတော့ ...
သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများထောက်ခံ ပွဲသို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ...

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် မြို့လှမြို့ မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ယနေ့အချိန်အခါသည် မင်္ဂလာ အပေါင်းနှင့် ပြည်စုံသော အချိန်အခါကောင်းတစ်ရပ်ဖြစ်ပေသည်။ သမ္မာအစဉ်၊ ဉာဏ်ဖြင့်ယှဉ်၍၊ ကတညုတာ၊ မင်္ဂလာဓမ္မ၊ မချွတ်ရဘူးဟု မဃဒေဝမဟာသုတကာရီ အလင်္ကာကျမ်းကြီး၌ မန်လည်ဆရာတော်ကြီး မိန့်တော်မူထားပါသည်။ မေတ္တာရှေးဦး၊ ပြုပေဖူးကို၊ ကျေးဇူးသိမူ၊ ကတညူတည့်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်ဟု မဃဒေဝလင်္ကာကျမ်းကြီးလာ မြတ်ဗုဒ္ဓသြဝါဒတော်ရှိပါသည်။ မိမိအပေါ်မှာရှိခဲ့ဖူးသော သူတစ်ပါး၏ ကျေးဇူးကို သိခြင်းသည် ...
သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား

နတ်တော်လဆန်း(၃)ရက်၊ (21.11.2017)နေ့ကဖြစ်သည်။ မစိုးရိမ်တိုက်သစ် နာယကဆွမ်းစားဆောင်သို့ ရောက်သောအခါ စာရေးသူနေရာမှာ ဆွမ်းဒါယိကာမကြီး ထိုင်နေသည်ကိုတွေ့ရ၏။ ထိုဆွမ်းဒါယိကာမကြီးက စာရေးသူကို မကြည်ညို၊ စာရေးသူဆို ကြည့်မရ။ ခါတိုင်းဆိုလျှင် စာရေးသူတို့စားပွဲရှိရာကို လုံးဝ မလာ။ အခြားနာယကဆရာတော်များ ဆွမ်းဝိုင်းတွေမှာပဲ ပွဲကျတတ်၏။ ရံဖန်ရံခါ စာရေးသူကို အဝေးကနေ ရန်တွေ့တတ်၏။ သူပြောချင်ရာပြောပြီး စာရေးသူကိုလှမ်းအကဲခတ်သည့်အခါ စာရေးသူက လက်မ ထောင်၍ပြတတ်၏။ ထိုအခါ နာယကဆရာတော်များ တဝါးဝါးနှင့် သဘောကျသွားတတ်၏။ “သူက ဘာမို့လဲ။ ဟိုက နိုဘယ်ဆုရှင်။ နိုင်ငံတကာဆုတံဆိပ်တွေလည်း မရေမတွက်နိုင်။ ကမ္ဘာက ...
သတင်း

ထီလာသွေးတွေ မွေးကြစေ

ဒီနေ့ 29.11.2017 ရက်နေ့ ညနေ ၃နာရီမှာ ချမ်းမြသာစည်တရားရုံမှ ပြန်လာတဲ့ ထီလာသူ ထီလာသားတွေ ကျောင်းရောက်လာပါတယ်။ တရားသူကြီးမက စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်သွားပါတယ်။ အခုထိဆိုရင် လေးလနီးပါး ကြာမြင့်ခဲ့ပါပြီ။ ဒီပုံအတိုင်းဆို အချိန်ဆွဲထားပြီး ချုပ်ရက်နှင့် အပြတ်ဖြတ်မည့်သဘောပါပဲ။ လုပ်ပိုင်ခွင့်ထဲကနေ အစိုးရအကြိုက် လိုက်လုပ်ရတဲ့သဘောပါ။ စွဲချက်မတင်သင့်ဘူး ဆုံးဖြတ်လျှင်လည်း အနီတွေအကြောင်တွေက လာဦးမယ်။ စွဲချက်တင်ပြီး အပြစ်မရှိဘူးဆုံးဖြတ်လိုက်လျှင်လည်း အနီအကြောင်တွေရဲ့ ဘိုးအေတွေက လာဦးမယ်။ ဒါကြောင့် အခုလိုလုပ်လိုက်ရတာပဲဖြစ်မှာပါ။ ထီလာသူ ထီလာသားတွေကိုတော့ အားပေးလိုက်ပါတယ်။ နိုင်ငံရေးလုပ်ရတာလွယ်တယ် အစိုးရကို ထိုင်ဆဲရုံနှင့် ကိစ္စပြီးတယ်။ အစိုးရဘာလုပ်လုပ် ထိုင်သာဆဲနေဖို့ပဲ လိုအပ်တယ်။ ဘုရားတည်လည်းဆဲ၊ ထီးတင်လည်းဆဲ၊ သံဃာလှူလည်းဆဲ ...