သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများထောက်ခံ ပွဲသို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ် သော အမျိုးသားရေးသဝဏ်လွှာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် မြို့လှမြို့ မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ယနေ့အချိန်အခါသည် မင်္ဂလာ အပေါင်းနှင့် ပြည်စုံသော အချိန်အခါကောင်းတစ်ရပ်ဖြစ်ပေသည်။

သမ္မာအစဉ်၊ ဉာဏ်ဖြင့်ယှဉ်၍၊ ကတညုတာ၊ မင်္ဂလာဓမ္မ၊ မချွတ်ရဘူးဟု မဃဒေဝမဟာသုတကာရီ အလင်္ကာကျမ်းကြီး၌ မန်လည်ဆရာတော်ကြီး မိန့်တော်မူထားပါသည်။

မေတ္တာရှေးဦး၊ ပြုပေဖူးကို၊ ကျေးဇူးသိမူ၊ ကတညူတည့်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်ဟု မဃဒေဝလင်္ကာကျမ်းကြီးလာ မြတ်ဗုဒ္ဓသြဝါဒတော်ရှိပါသည်။

မိမိအပေါ်မှာရှိခဲ့ဖူးသော သူတစ်ပါး၏ ကျေးဇူးကို သိခြင်းသည် ကတညုတ မင်္ဂလာဖြစ်ပါသည်။

သိရုံတင်မကဘဲ ၄င်းကို ထုတ်ဖော်ပြောဆို၍ အသိအမှတ်ပြုခြင်းသည် ကတဝေဒီ မင်္ဂလာဖြစ်ပါသည်။

ယနေ့ကြွရောက်လာသော ပရိသတ်ကြီးသည် ကျေးဇူးတရားလည်းသိ၊ ကျေးဇူးရှင်ကိုလည်း လူသိရှင်ကြား ထုတ်ဖော်ကြွေးကြော်ခဲ့ကြသော သူတော်ကောင်း သူမြတ်လောင်းတို့ဖြစ်ပေသည်။

မှန်ပါသည်။ ကျေးဇူးတရားကို မချေဖျက်ကောင်းပါ။ ဤသည်ကို မဃဒေဝလင်္ကာကျမ်းကြီး၌ ယခုလို မိန့်ဆိုထားပါသည်။

ကျေးဇူးချေကာ၊ မပြုရာတည့်၊ လူသာမဟုတ်၊ အယုတ်တိရစ္ဆာန်၊ မှုဝန်ဆောင်ဘိ၊ ဟတ္ထိအဿ၊ ဂေါဏမဟိံသာ၊ စသည်မှာလည်း၊ ပျိုခါစေစား၊ အိုခါရှား၍၊ စွန့်ထားပယ်ကာ၊ မပြုရာဘူး၊ ပြုပါတုံက၊ မိတ္တဒုဗ္ဘီ၊ မညီဓမ္မ၊ လူ့ပါပတည့်။

မိမိ၏ ကျေးဇူးရှင်သည် တိရစ္ဆာန်ပင်ဖြစ်စေဦးတော့ တိရစ္ဆာန်၏ကျေးဇူးတရားကို မချေဖျက် ကောင်းပါ။ တိရစ္ဆာန်များကို ပျိုရွယ်စဉ်မှာ ခိုင်းကောင်းကောင်းဖြင့် ခိုင်းစားကြပြီး၊ အိုမင်းချိန်မှာ ပစ်ပယ်ထား ခြင်းမျိုး မပြုလုပ်ကောင်းဟု မြတ်စွာဘုရား ဆုံးမတော်မူခဲ့ပါသည်။

ထိုသို့ ကျေးဇူးရှင်တိရစ္ဆာန်များကို ပစ်ပယ်ထားလျှင် မိတ္တဒုဗ္ဘီ-ကျေးဇူးချေသူ၊ ကျေးဇူးကန်းသူဟု ခေါ်ပါသည်။ တရားနှင့်မညီသော လူ့ပါပ လူယုတ်မာဟု သတ်မှတ်ပါသည်။

ကျေးဇူးကန်းသူများ၏ လားရာကိုလည်း မဃဒေဝလာ မြတ်စွာဘုရားအဆုံးအမတော်အရ သိရှိ နိုင်ပါသည်။

ဤလူ့ဘဝ၊ လူ့လောက၌၊ ဉာဏသမ္ပဇဉ်၊ ကင်းမယှဉ်ဘဲ၊ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမ္မာ၊ ထိုများစွာတို့၊ ချမ်းသာစီးပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။

ရေစစ်မှ ရေများလျှောကျသွားသလို စည်းစိမ်ချမ်းသာများ လျှောကျသွားမည်။ ကျက်သရေ ဘုန်းတန်ခိုးများသည်လည်း ဆုတ်ရက်မှာထွက်သောလလို တစ်ဖြည်းဖြည်းနှင့် ဆုတ်ယုတ်သွားမည်ဟု ဆိုလိုပေသည်။

အမိမြန်မာပြည်၏ အရိပ်မှာနေထိုင်သူတိုင်း အချုပ်အခြာအာဏာကို အကာအကွယ်ပေးနေသော မြန်မာ့တပ်မတော်၏ ကျေးဇူးတရားကို သိရပါမည်။

အန္တရာယ်ကြားမှ အနောက်တံခါးကို သက်စွန့်ကြိုးပမ်း ကာကွယ်စောင့်ရှောက်နေကြသော နိုင်ငံ့ ဝန်ထမ်းကောင်းများ၏ ကျေးဇူးတရားကို သိရပါမည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်နေသော မြန်မာ့တပ်မတော်သည် ယနေ့အခါ၌ နိုင်ငံတကာဖိအားများဒဏ် အလူးအလဲခံနေရပေပြီ။ ထိုဖိအားများကို တွန်းလှန်ဖယ်ရှားပေးနိုင်သူမှာ ပြည်သူမှတစ်ပါး အခြားမရှိပါ။

တပ်မတော်အပေါ် ကျရောက်နေသော နိုင်ငံတကာဖိအားများကို ပြည်သူ့အားဖြင့် ဖယ်ရှားခြင်း သည် မြန်မာ့အချုပ်အခြာကို တပ်မတော်နှင့်အတူ ကာကွယ်ခြင်းမည်ပါသည်။

ယနေ့ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသော ဂျီဟဒ်စစ်ပွဲတည်းဟူသော အစ္စလာမ်မိုက်ဇေးရှင်း အန္တရာယ်သည် ရခိုင်ပြည်၌ အကြိမ်ကြိမ်ကျရောက်ခဲ့ပါသည်။ သြဂုတ်လ ၂၅ရက်နေ့၌ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဂျီဟဒ်ကြီးက အပြင်းထန်ဆုံးဖြစ်ပါသည်။ အကယ်၍ ထိုဂျီဟဒ်ကြီး အောင်မြင်ပါက ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များသည်လည်းကောင်း၊ မြန်မာပြည်၏ အမျိုး ဘာသာ သာသနာတော်ကြီးသည်လည်းကောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်လည်းကောင်း မတွေးဝံ့ စရာပင်ဖြစ်ပါသည်။

ယခုလို ရဟန်းရှင်လူပြည်သူများ အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကင်းရှင်းစွာ နေနိုင်ခြင်းသည် မြန်မာ့တပ်မတော်၏ ကျေးဇူးပင်ဖြစ်ပါသည်။

မြန်မာ့တပ်မတော်ကို ထောက်ခံကြ၊
နိုင်ငံ့ဝန်ထမ်းကောင်းများကို ဂုဏ်ပြုကြ၊
အချုပ်အခြာအာဏာကို ကာကွယ်ကြ၊
အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြပါ ကတညုတ ကတဝေဒီ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သူတော်ကောင်း သူမြတ်လောင်းအပေါင်းတို့……………။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)