သတင်း

ဝီရသူနဲ့ မဘသ လွှတ်တော်နဲ့အစိုးရ

ရန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆို ပြည်သူ့လွှတော်မှာ တင်သွင်ကြောင်း သိရပါတယ်။ ကိုပါကြီး၏ဇနီး NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက တင်သွင်းလိုက်တာပါ။ အဲဒီအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တာ တွေ့ရပါတယ်။

ဒါဟာ တစ်မျိုးသားလုံး လုံခြုံရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကောင်းနိမိတ်တွေပဲ ဖြစ်ပါတယ်။ ဒေါ်သန္တာနှင့် NLD ပါတီကို၎င်း လုံးဝမကန့်ကွက်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးကို၎င်း အထူးကျေးဇူးဥပကာရတင်ရှိကြောင်း ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူက ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ဇန်နဝါရီလတုန်းက အမွှေစိန်မမကြီး ရန်ဟီးလီကို စာရေးသူအရှင်က ဖရီးကစ်တစ်လုံး ပစ်သွင်းလိုက်ပါတယ်။
ဖရီးကစ်ရဲ့ အားပြင်းမှုကြောင့် ကုလသမဂ္ဂဆိုတာတွေ အထူးကိုယ်စားလှယ်ဆိုတာတွေရဲ့ အကြောင်းကို ကမ္ဘာ့ပြည်သူများ သတိပြုမိသွားပါတော့တယ်။ ကုလသမဂ္ဂဌာနချုပ်ကြီးကလဲ ကြေညာချက်တွေထုတ်ပြီး ဝီရသူကို ရှုတ်ချလို့ ရှုတ်ချ မဖမ်းဖမ်းအောင် ဖိအားပေးလို့ပေးနဲ့ အလုပ်ကိုရှုပ်သွားတော့တာပါပဲ။

အဲဒီတုန်းက မြန်မာ့စာနယ်ဇင်းနဲ့ သတင်းမီဒီယာတွေကလည်း ဝီရသူကို အတင်းဖမ်းခိုင်း ငှက်တွေ နက်တွေကလည်း အတင်းအဓမ္မထောင်ချလို့ချနဲ့ ဝီရသူဟာ ပြည်တွင်းပြည်ပမှာ ဗီလိန်ကြီးတစ်ပါးဖြစ်သွားတော့တာပါ။ အခုတော့ ဝီရသူကို ပြည်သူ့လွှတ်တော်က ထောက်ခံနေပြီ၊ မဘသကို အစိုးရက ထောက်ခံနေပြီ ဒီအဓိပ္ပါယ်ပေါ်လွင်သွားပါတယ်။ သြော် စကားစပ်လို့ပြောရဦးမယ် ဆဲတိုင်း ဖရုသဝါစာမဖြစ်ဘူးနော်။

ရည်ရွယ်ချက်ကောင်းရင် စိတ်ထားဖြူစင်ရင် နှလုံးသားနူးညံ့ရင်း စကားကြမ်းပေမဲ့ ဖရုသဝါစာစာရင်း မဝင်ပါဘူး။ ဝီရသူလူကြမ်းကြီး နှလုံးသားနူးညံ့တယ်ဆိုတာ ပြည်သူ့လွှတ်တော်က သက်သေပြနေပါပြီ။ ပုဂ္ဂိုလ်ရေးအရ အမြဲတမ်း နူးညံ့နေမှာဖြစ်ပြီး အမျိုး ဘာသာ သာသနာ အတွက်ဆိုရင် ရန်ဟီးလီကို ကလော်တုတ်တာထက်သာတဲ့ စကားမျိုးလည်း သုံးရင် သုံးမှာပေါ့။ ကိုယ်ကျိုးအတွက်မှ မဟုတ်ဘဲနော်။

ဝီရသူ(မစိုးရိမ်)
24.7.2017
PM 6:16

=====================================================

မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုတင်
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ က တင်သွင်းလိုက်ပါတယ်။
မစ္စယန်ဟီးလီရဲ့ ထုတ်ပြချက်ဟာ ရခိုင်ပြည်နယ်ရဲ့ ပကတိ အခြေအနေကို ထည့်သွင်း ဖော်ပြခြင်းမရှိတာ၊ မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို မျက်ကွယ်ပြုတာ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလျစ်လျူရှုတာကြောင့် အခုလိုကန့်ကွက်တာဖြစ်တယ်လို့ ကိုယ်စားလှယ် ဒေါ်သန္တာက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က မြန်မာနိုင်ငံကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ်အတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသတွေဖြစ်တဲ့ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ခဲ့ပါတယ်။ မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး ခရီးစဉ်အပြီး မှာတော့ တွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ချက်ထရီယမ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မစ္စယန်ဟီးလီရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ သတင်းထုတ်ပြန်ချက်ဟာ မပြည့်စုံဘဲထိမ်ချန်ထားတာတွေ ရှိတယ်လို့လည်း အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ် ဒေါ်သန္တာက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး တွေ့ရှိချက်ကို ထုတ်ပြန်ရာမှာ ခရီးစဉ်အတွင်း သူနဲ့ တွေ့ဆုံခဲ့ သူတွေဟာ တာဝန်ရှိသူတွေကို ကြောက်လန့်နေကြောင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်က ဒေသအချို့ကို အစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ သွားခွင့် မပြုခဲ့ကြောင်း ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် မှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ အချို့မှာ ရှေ့နေ မရှိကြောင်း ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။
ဒေါ်သန္တာ တင်သွင်းတဲ့ အရေးကြီးအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်မှာ ဆက်လက် ဆွေးနွေးဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ယေဘူယျစွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေကြောင်း အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ စိတ်ပျက်ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မစ္စယန်ဟီးလီဟာ အဲဒီတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုသသမဂ္ဂလူ့အခွင့်အရေး ညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။
Photo: Win Ko Ko Latt/ RFA
( NLDပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာကို ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် တွေ့ရစဉ် )