သတင်း

သာ/ယဉ်ဝန်ကြီး လေ့လာရန် အများကြီးလိုသေး

ပြည်ထောင်စုဝန်ကြီးတစ်ယောက်ဖြစ်နေပြီး ဂိုဏ်းကြီးကိုးဂိုဏ်းတောင် မသိဘူးလာ။ မိုးကုတ်တို့၊ လယ်တီတို့ဆိုတာ ဂိုဏ်းမဟုတ်ဘူး။ ဝိပဿနာအဖွဲ့၊ ဝိပဿနာရိပ်သာတွေပါ။

အဲဒီလိုပဲ မဘသတို့ ၉၆၉ တို့ မျိုးချစ်ရဟန်းတော်များတို့ဆိုတာ စင်ပြိုင်သံဃာ့ဂိုဏ်းမဟုတ်ဘူး။ ဂိုဏ်းကြီး ကိုးဂိုဏ်းထဲမှ စိတ်ထားတူရာသံဃာတော်တွေနဲ့ မျိုးချစ်ပြည်သူတွေ စုပေါင်းထားတဲ့ အမျိုးသားရေး အဖွဲ့အစည်း ဘာသာရေးအဖွဲ့အစည်း သာသနာရေးအဖွဲ့အစည်းသာဖြစ်ပါတယ်။

တည်ဆဲဥပဒေတွေထဲမှာ ၂၀၀၈ အခြေခံဥပဒေ ၂၀၁၄ အသင်းအဖွဲ့ဥပဒေတွေထဲပါတယ်ဆိုတာ သိရဲ့လား။ ဝန်ကြီးလက်ကိုင်ထားတဲ့ ၂၀/၉၀ ဆိုတာ ပြဋ္ဌာန်းဥပဒေမဟုတ်ဘူးဆိုတာရော သိရဲ့လား။

၂၀/၉၀ ဆိုတဲ့ အမိန့်အာဏာဟာ အခြေခံဥပဒေအောက်မှာပဲရှိတယ်ဆိုတာရော သိရဲ့လား။ ၂၀/၉၀ န.ဝ.တ အမိန့်ဟာ ၂၀၁၄ အသင်းအဖွဲ့ဥပဒေကြောင့် ပျက်ပြယ်သွားပြီဆိုတာရော သိရဲ့လား။ န၀တ ခေတ်ကတည်းက ဝန်ထမ်းလုပ်လာလို့ အတွေ့အကြုံရှိတယ် အရည်အချင်းရှိတယ်ထင်နေတာ တကယ်တော့ အသက်ကြီးလို့ လူကြီးဖြစ်လာတာကိုး။

လေ့လာပါဦး ဝန်ကြီးရေ
မဘသကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ်ဖြုတ်ဖို့နေနေသာသာ အကြမ်းဖက်ဖြိုခွင်းလာရင်တောင် အသေခံပြီး ကာကွယ်သွားမဲ့အဖွဲ့ဆိုတာ မှတ်ထားလိုက်ပါ။


ဝီရသူ(မစိုးရိမ်)
24.7.2017
PM 8:21
==========================================================
ဘားအံနဲ့ မန္တလေးက မဘသဆိုင်းဘုတ်တွေကိစ္စ ညှိနှိုင်းသွားမည်
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆိုင်းဘုတ်တွေကို အတင်းဖြုတ်ချလိုက်ရင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်မှာမလိုလားတဲ့အတွက် ကာယကံရှင်တွေကိုယ်တိုင်ဖြုတ်ပေးဖို့ ညှိနှိုင်းသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက သတင်းထောက်တွေကိုပြောတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးက မဘသဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထားဖြုတ်ချဖို့ ၀န်ကြီးဌာနက ကြေညာထားပေမယ့် မန္တလေးနဲ့ ဘားအံမြို့တို့မှာ ဖြုတ်ချမှုမရှိသေးဘူးလို့လည်း ၀န်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
ဒါ့အပြင် မဘသအဖွဲ့ကနေ ဆင့်ပွားထားတဲ့ အဖွဲ့တွေ ဆက်လက်ဖွဲ့စည်းထားမယ်ဆိုရင်လည်း ရဟန်းဥပဒေ၊ တည်ဆဲဥပဒေတွေအရ တရားဝင်အဖွဲ့တွေဖြစ်လာမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်က ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံသံဃညီလာခံက ချမှတ်ထားတဲ့ ရွှေကျင်၊ မိုးကုတ်၊ လယ်တီစတဲ့ ဂိုဏ်းကြီးကိုးဂိုဏ်းကိုသာ သံဃာ့အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ် ထားတာဖြစ်ပါတယ်။
ဒါ့အပြင် သာသနာတော်သန့်ရှင်းရေးကိုလည်း နိုင်ငံအတွက်လိုအပ်တဲ့အချိန်မှာ လုပ်ဆောင်သွားမယ် လို့ သူရဦးအောင်ကိုက ပြောပါတယ်။
Photo: Win Ko Ko Latt/ RFA
( သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို ဇူလိုင်လ ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် တွေ့ရစဉ် )