Daily Archives: July 26, 2017

သတင်း

သမိုင်းတရားခံ အစစ်အမှန်က ဘယ်သူလဲ

ပြည်ထဲရေးကို သာသနာရေးက အမိန့်ပေးခွင့်မရှိဘူး။  ပြည်ထဲရေးကလည်း တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။ မဘသ အရေးက ဥပဒေရေးအထိရောက်သွားပြီ။ ၂၀၀၈ အခြေခံဥပဒေအရ၊ ၂၀၁၄ အသင်းအဖွဲ့ဥပဒေအရ မဘသ ဟာ တရားဝင် ရပ်တည်ခွင့်ရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်။ မိဘက သားသမီးကို အမွေပြတ်စွန့်လွတ်ကြောင်း ကြေညာရုံနဲ့ သွေးသားတော်စပ်မှုက ပြောင်းလဲသွားတာမဟုတ်ဘူး။ မဟနက မဘသကို စာထုတ်ပြီး အသိအမှတ်မပြုရုံလေးနဲ့ ဘုရားသားတော်အချင်းချင်း စာရင်းပျက်ယွင်းသွားတာမဟုတ်ဘူး။ မဟနနှင့် မဘသကို သွေးခွဲပေးတဲ့ ဝန်ကြီးနှင့် အစိုးရကသာလျှင် သမိုင်းရဲ့တရားခံအစစ်အမှန်ဖြစ်တယ်။ ဒါကြောင့် မဘသကို ဖြိုခွင်းချင်ရင် ၂၀၀၈ ခြေဥကို အရင်ဖျက်ပါ။ ...
သတင်း

အမွှေစိန်လက်ချက်ပါပဲ

ဝါဆိုဆရာတော်ကြီးပုံပါဝင်တဲ့ ရွှေကျင်နိကာယအစည်းအဝေး အခမ်းအနားပုံကို ယူသုံးထားတယ်။ ပြီးတော့ မဟန သြဇာနဲ့မရတော့လို့ အခြားဆရာတော်ကြီးတွေကို စစ်ကူခေါ်ထားတယ်။ မဟနအမိန့်ကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ၂၀၀၈ ဥပဒေ ၂၀၁၄ ပြဋ္ဌာန်းဥပဒေတွေနဲ့ ညီညွတ်လို့ ရပ်တည်နေတာ။ မဘသ အဖွဲ့ကို ဖျက်ချင်ရင် ခြေဥနဲ့ဖွဲ့ဥကိုအရင်ဦးဆုံး ဖျက်ဆီးပစ်လိုက်ပါ။ သူတို့ရှိနေသရွေ့ မဘသ ရှိနေမယ်။ ပါတီတစ်ခုကို တိုက်ခိုက်ဖို့ မဘသ ဖွဲ့စည်းထားတာလည်း မဟုတ်ဘူး။ ပါတီတစ်ခုခိုင်းတာလုပ်ဖို့ ဖွဲ့စည်းခဲ့တာလည်းမဟုတ်ဘူး။ အမျိုး ဘာသာ သာသနာအတွက် အစိုးရတွေမတတ်နိုင်တဲ့ဘက်က မဟနနဲ့မဆိုင်တဲ့အခန်းကဏ္ဍဘက်ကနေ တစ်မျိုးသားလုံးကိုကာကွယ်ဖို့ တစ်သာသနာလုံးကိုကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာ။ ဥပဒေကိုလေးစားရင် မဘသအဖွဲ့ကို လက်ဖျားနဲ့တောင် မတို့နဲ့။ မဘသ အဖွဲ့ကို စိတ်နဲ့တောင်မပြစ်မှားနဲ့။ ...
သတင်း

ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ဆိုင်းဘုတ်ဖြုတ်ချမည်မဟုတ်

ဇူလိုင်-၂၅ ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ဆိုင်းဘုတ်အား ဖြုတ်ချမည်မဟုတ်ကြောင်း သိမ်ကုန်းကျောင်းတိုက် သံတွဲ-မ.ဘ.သဥက္ကဌဆရာတော်ဦးတေဇိန္ဒကမိန့်ကြားသည်။ ဆိုင်းဘုတ်ကသူ့ဟာသူနေတာလေ ဦးဇင်းတို့ကဖြုတ်မှာမဟုတ်ဘူး ဖြုတ်ချင်တဲ့သူလာဖြုတ်ပေါ့ ဦးဇင်းတို့ကတော့ ဘုရားသားတော်တွေဖြစ်လို့မေတ္တာတရားကိုလက်ကိုင်ထားပြီး ဘာမှတုန့်ပြန်မှာတော့မဟုတ်ဘူး ဒါပေမယ့်မှတ်တမ်းတော့ယူထားမယ်လေ ပြီးရင်တော့သံဃာဆန္ဒခံယူပြီးဘယ်လိုဆောင်ရွက်မယ်ဆိုတာကတော့ အချိန်တန်ရင်သိရမှာပါဟုမိန့်ကြားသည်။ လက်ရှိမှာတော့ ဦးဇင်းတို့မ.ဘ.သအနေနဲ့ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့မိန့်ကြားသည်။ ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးဣန္ဒာစာရ (ပုလဲရတနာဆရာတော်)မှ ဦးဇင်းတို့အနေနဲ့ကဆိုင်းဘုတ်ကိုဖြုတ်ချဖို့အစီအစဉ်မရှိသလို ဖြုတ်ချမှာလည်းမဟုတ်ဘူး အကယ်၍သူတို့တွေလာဖြုတ်ရင်တော့ ကရင်နဲ့မန်း-မ.ဘ.သလိုပဲ မေတ္တာတရားရှေ့ထားပြီးကာကွယ်သွားမယ်ဟုအတုမရှိဂျာနယ်သို့မိန့်ကြားသည်။ မှတ်တမ်းဓာတ်ပုံ(သံတွဲမ.ဘ.သဆိုင်းဘုတ်၊ ဥက္ကဌဆရာတော်နှင့်ရေဘေးကယ်ဆယ်ရေးအဖွဲ့သားများ) မြင့်ဇော်(အတုမရှိဂျာနယ်)ဆက်သွယ်မေးမြန်းသည်။ ၂၅.၇.၂၀၁၇
သတင်း

ဒီမိုကရေစီနည်းကျ သံဃာ့ရွေးကောက်ပွဲကျင်းပဖို့ အချိန်တန်ပြီ

(ဒါကတော့ BBC ရဲ့စေတနာပေါ့။ သူတို့ဗျူးတာနဲ့ သူတို့ရေးတာ သူတို့လွှင့်တာတွေဟာ ပြည့်စုံမှုရှိမရှိ သိရအောင် နှိုင်းယှဉ်ပြလိုက်ပါတယ်။ တကယ်တော့ မဟနအဖွဲ့ဝင်ဆရာတော်တွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဒီမိုကရေစီနည်းအရ ပြန်လည်ရွေးချယ်တင်မြှောက်ဖို့လိုပါပြီ။ သံဃာ့ဒီမိုကရေစီ သံဃာရွေးကောက်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်တုန်းက တစ်ခါသာ ကြုံခဲ့ဖူးတာပါ။ စစ်အစိုးရလက်ထက်မှာလည်း ဒီလိုပဲ အရပ်သားအစိုးရက်လက်ထက်မှာလည်း ဒီလိုပဲဆိုရင်တော့ ပြည်သူလူရွေးကောက်တင်မြှောက်ထားတာ ဘာမှမထူးခြားဘူးလို့ ဆိုရမှာပါ။ ဒါကြောင့် ပြည်သူ့အစိုးရကလည်း ပြည်သူလူထုရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရ သံဃာ့အစိုးရကလည်း သံဃာထုရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရဆိုမှ ပိုပြီးလိုက်ဖက်ညီမှာပါ။ မဟနဆရာတော်တွေကို ဒီမိုကရေစီနည်းကျ သံဃာထုက ရွေးချယ်တင်မြှောက်နိုင်အောင် ဆက်လက်ကြိုးစားနိုင်ကြပါစေ။) ဝီရသူ(မစိုးရိမ်) 25.7.2017 PM 7:31 ================================================== ...
သတင်း

လွန်လေပြီးသော မဘသ

၁။ မဘသကို ဝေဖန်တဲ့၊ တိုက်ခိုက်တဲ့ သတင်းများ၊ ဆောင်းပါးများအတွက် မှားယွင်းတဲ့အချက်အလက်တွေသုံးစွဲပြီး ရေးသားနေတဲ့အချိန်မျိုးမှာ အဲဒီသတင်းတွေ၊ ဆောင်းပါးတွေကို ပြန်လည်တုံ့ပြန်ဖို့အတွက် လိုအပ် မလိုအပ်ဆိုတဲ့ ပြသနာရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ မဘသအဖွဲ့ကြီးဟာ ဆက်ရှိနေသေးရဲ့လား၊ ဒါမှမဟုတ် မဘသရဲ့အချိန်တွေဟာ ကုန်လွန်ခဲ့ပြီလား၊ အငွေ့ပျံပျောက်ဆုံးကုန်ပြီလားဆိုတာဟာ အကြောင်းကြောင်းကြောင့် ဝေခွဲရခက်စေတဲ့အတွက်ဖြစ်ပါတယ်။ ၂။ ဒါပေမယ့် ဒီရက်ပိုင်းမှာ မီဒီယာတွေက မဘသဆိုင်းဘုတ်မဖြုတ်တဲ့ မန်းနဲ့ ကရင်ကို လက်ညှိုးတထိုးထိုးလုပ်ပြီး တရားခံတွေလို၊ အပြစ်သားတွေလို၊ နိုင်ငံတော်ကို ပုန်ကန်သူတွေကို စွပ်စွဲရေးသား ပြောဆိုနေတာတွေကို နေ့စဉ်နဲ့အမျှ မြင်နေရ ကြားနေရပါတယ်။ ဗုဒ္ဓဘာသာဟာ ဂုဏ်ထူးဝိသေသနဲ့ပြည်စုံတဲ့ဘာသာဖြစ်တယ်၊ ဒီမိုကရေစီစနစ်ကိုသွားနေတယ်ဆိုတဲ့ နိုင်ငံတစ်ခုမှာ ဘာသာရေးအဖွဲ့အစည်းတစ်ခု၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၂၅)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရမည်းသင်းမြို့ အရှင်စန္ဒောဘာသ(မင်းကျောင်း)မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း) ကျပ် လှူဒါန်းစဉ်။(22.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၂,၄၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၇,၆၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာ ခုနစ်ဆယ့် ခြောက်သိန်း ...
သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၆)

“ဘွဲ့တံဆိပ်သာသနာ” အရည်အချင်းရှိသူထိုက်တန်သူများအား ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်သည့်ထုံးစံသည် ဘုရားလက်ထက်ကပင်ရှိခဲ့ လေသည်။ ကျွန်ုပ်တို့သာသနာတော်၌လည်း အစိုးရမင်းတို့က ဆိုင်ရာဆရာတော်များအား ဘွဲ့တံဆိပ်ကပ်လှူခဲ့ကြသည်ကို တွေ့ရလေသည်။ ရှေးခေတ်က ဆရာတော်ကြီးများမှာ တကယ်အရည်အချင်းရှိကြသူများဖြစ်၍ ဘွဲ့တံဆိပ်အဓိက ဆရာတော်ကြီးများ မဟုတ်ကြပေ။ အစိုးရကလည်း အရည်အချင်းရှိသူကိုမှ ချီးမြှင့်ပြီး ဆရာတော်ကြီးများကလည်း ဘွဲ့တံဆိပ်ဂုဏ်မမောက်ကြ။ ဘွဲ့တံဆိပ်ဖြင့် ခြိမ်းခြောက်မစားကြပေ။ သို့စေကာမူ ယခုအခါ၌ ဘွဲ့တံဆိပ်တွေကလည်းဖောင်းပွ၊ ဘွဲ့တံဆိပ်ရှင်များကလည်း မောက်မာကြ၍ ဘွဲံတံဆိပ်သာသနာသည် ဘုရားသာသနာကို ဖျက်ဆီးပစ်နေလေပြီ။ ဆိုရှယ်လစ်ခေတ်က လူထုသံဃာထုသည် ဘွဲ့တံဆိပ်ရဆရာတော်ကြီးများကို ကြည်ညိုလေးစားအားထားကြ၏။ ဆရာတော်ကြီးများကလည်း အမှန်တကယ်ပင် အဘက်ဘက်မှ ပြည့်စုံကြ၍ လေးစားထိုက်လှ၏။ ...
သတင်း

အန္တရာယ်လူသားတွေ

သူတို့တတွေ အခုလို ခိုးဝင်နေတာ တစ်မျိုးသားလုံးအတွက် အန္တရာယ်ကြီးတယ်။ အခွင့်ရေးသာရင် သေချာတယ် ဂျီဟဒ်လုပ်ကြမှာ။ အကြံကြီးမားသူတွေပါ။ သူများတွေလို ရေကြည် မြက်နု ရှာဖွေသူတွေ မဟုတ်ဘူး။ သူတို့အတွက် လဝကထောင် သီးသန့်ထားမှ ဖြစ်တော့မယ်။ ဝီရသူ ( မစိုးရိမ် ) 25.7.2017 pm 12:36 =================================== ခိုးဝင်ဘင်္ဂါလီ ၁၈ ဦးကို ဒေါပုံတွင် ဖမ်းမိ ———————————————– ရန်ကုန်မြို့တော်သို့ ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီ ၁၈ ဦးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ...
သတင်း

သာ/ယဉ်ဝန်ကြီး လေ့လာရန် အများကြီးလိုသေး

ပြည်ထောင်စုဝန်ကြီးတစ်ယောက်ဖြစ်နေပြီး ဂိုဏ်းကြီးကိုးဂိုဏ်းတောင် မသိဘူးလာ။ မိုးကုတ်တို့၊ လယ်တီတို့ဆိုတာ ဂိုဏ်းမဟုတ်ဘူး။ ဝိပဿနာအဖွဲ့၊ ဝိပဿနာရိပ်သာတွေပါ။ အဲဒီလိုပဲ မဘသတို့ ၉၆၉ တို့ မျိုးချစ်ရဟန်းတော်များတို့ဆိုတာ စင်ပြိုင်သံဃာ့ဂိုဏ်းမဟုတ်ဘူး။ ဂိုဏ်းကြီး ကိုးဂိုဏ်းထဲမှ စိတ်ထားတူရာသံဃာတော်တွေနဲ့ မျိုးချစ်ပြည်သူတွေ စုပေါင်းထားတဲ့ အမျိုးသားရေး အဖွဲ့အစည်း ဘာသာရေးအဖွဲ့အစည်း သာသနာရေးအဖွဲ့အစည်းသာဖြစ်ပါတယ်။ တည်ဆဲဥပဒေတွေထဲမှာ ၂၀၀၈ အခြေခံဥပဒေ ၂၀၁၄ အသင်းအဖွဲ့ဥပဒေတွေထဲပါတယ်ဆိုတာ သိရဲ့လား။ ဝန်ကြီးလက်ကိုင်ထားတဲ့ ၂၀/၉၀ ဆိုတာ ပြဋ္ဌာန်းဥပဒေမဟုတ်ဘူးဆိုတာရော သိရဲ့လား။ ၂၀/၉၀ ဆိုတဲ့ အမိန့်အာဏာဟာ အခြေခံဥပဒေအောက်မှာပဲရှိတယ်ဆိုတာရော သိရဲ့လား။ ၂၀/၉၀ န.ဝ.တ အမိန့်ဟာ ၂၀၁၄ အသင်းအဖွဲ့ဥပဒေကြောင့် ပျက်ပြယ်သွားပြီဆိုတာရော ...