သတင်း

‘‘ မဟာဗောဓိမြိုင် ဆရာတော်ကြီး မူပိုင်လှူဒါန်းသည့် ကဗျာစာအုပ် ’’

‘‘ မဟာဗောဓိမြိုင် ဆရာတော်ကြီး မူပိုင်လှူဒါန်းသည့် ကဗျာစာအုပ် ’’
————————————————————————————————-
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရ၌ သီတင်းသုံးတော်မူလျက်ရှိသော ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီးက ကမ္ဘာကျော်ဆရာတော်အား ‘‘ ကဗျာများဖြင့် စကားပြောခြင်း ’’ ကဗျာစာအုပ်ကို မူပိုင်အဖြစ် စွန့်ကြဲတော်မူကြောင်း သိရပါသည်။
ယခု အကြိမ်သည် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကာ ပထမအကြိမ်၌ ‘‘ ကဗျာ့ဗိမာန်’’ စာအုပ် လှူဒါန်းခြင်းဖြစ်ပါသည်။

ဤစာအုပ်များကို ဆရာတော် အရှင်ဝီရသူက ကိုယ်တိုင် ပုံနှိပ်ထုတ်ဝေဖြန့်ချီခွင့် ရရှိခြင်းဖြစ်ကာ နတ်တလူ သာသနာပြုစခန်းကလည်း တစ်ဆင့်ပြန်လည် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

‘‘ ကဗျာများဖြင့် စကားပြောခြင်း ’’ အမည်ရှိ ကဗျာစာအုပ်ကြီးနှင့်အတူ မဟာမြိုင်စာပေမှ ထုတ်ဝေထားသော
‘‘ သံဝေဂလမ်းမှ အသွားမတော်သော ခြေတစ်လှမ်း’’
‘‘ သံသရာစခန်း ခရီးလမ်းလျှောက် ’’
‘‘ လောကအလင်း’’
‘‘ ဓာတ်ပရိယာယ် အသွယ်သွယ် ’’
စာအုပ်များလည်း ပေးပို့လှူဒါန်းလိုက်ကြောင်း သိရသည်။