သတင်း

‘‘မွေးနေ့ဆွမ်းအလှူတော်’’

‘‘မွေးနေ့ဆွမ်းအလှူတော်’’
=================
ဝါခေါင်လဆုတ် (၅)ရက် (16.8.2022) ရက်နေ့ မနက်အရုဏ်ဆွမ်းအလှူ ဖြစ်ပါတယ်။

မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသံဃာတော်များအား ဆက်ကပ်လှူဒါန်းတာပါ။


ရှမ်းခေါက်ဆွဲ လှူဒါန်းတာဖြစ်ပြီး။ အလှူရှင်ကတော့ ရမည်းသင်းမြို့ (KT2)စတိုးဆိုင်မှ
ဒေါ်ချို ဖြစ်ပါတယ်။

ဒေါ်ချို(KT2)ရဲ့ ၅၂-နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆက်ကပ်တာဖြစ်ပေမဲ့ အလှူရှင်ကတော့ မလာရောက်နိုင်ပါဘူး။

ဓမ္မသဟာယနာယကဆရာတော်နှင့် စာချ၊ စာသင် သံဃာတော်များက အလှူရှင် မိသားစုနှင့် ဝေယျာဝစ္စများ သက်ရှည်ကျန်းမာ ချမ်းသာရေးအတွက် မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ် ပေးကြပါတယ်။


ရှမ်းခေါက်ဆွဲနှင့်အတူ အင်ရှူးဝါး(Ensure)တစ်ဘူး။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအတွက် ဆန်နှစ်အိတ်လှူဒါန်းခဲ့ပါတယ်။

မွေးနေ့ရှင် ဒေါ်ချို(KT2) မိသားစုနှင့်အတူ ဝေယျာဝစ္စကုသိုလ်ရှင်များ သာဓုခေါ် အနုမောဒနာပြုသူများအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။