နဂါးနီစုဘူးသတင်း

နဂါးနီစုဘူး၏ အောင်မြင်မှု

နဂါးနီစုဘူးအသင်းကို တည်ထောင်ခဲ့တာ 1.9.2013 ရက်နေ့တုန်းကပါ။ ဒီနှစ် စက်တင်ဘာလ တစ်ရက်နေ့ဆိုရင် လေးနှစ်ပြည့်ပါပြီ။ စုစုပေါင်း စုဘူး ရှစ်ဘူး အသင်းဝင် ၇၅၂ ဦး ရှိပါပြီ။

မ-တည် စိုက်ထူငွေပေါင်း ၅၅,၃၄၀,၀၀၀(ငါးရာငါးဆယ့်သုံးသိန်းလေးသောင်း)ကျပ် ဖြစ်ပြီး အမြတ်ငွေ ၆၅,၁၆၆,၅၀၀(ခြောက်ရာ့ငါးဆယ့်တစ်သိန်းခြောက်သောင်း ခြောက်ထောင် ငါးရာ)ကျပ် ရရှိပါပြီ။ ၄င်းအမြတ်ငွေများထဲမှ ကျန်းမာရေးထောက်ပံ့ငွေ ၇,၅၅၇,၀၀၀(ခုနစ်ဆယ့်ငါးသိန်းငါးသောင်းခုနစ်ထောင်)ကျပ် ရိက္ခာထောက်ပံ့ငွေ ၂၆၀,၀၀၀(နှစ်သိန်းခြောက်သောင်း)ကျပ် ရှိပါပြီ။

ငါးသောင်းတန်း ၁၄၁ ဦး
တစ်သိန်းတန်း ၂၉၅ ဦး
တစ်သိန်းခွဲတန်း ၂၅၁ ဦး
နှစ်သိန်းတန်း ၆၅ ဦးပါ။
စုဘူး တစ်ဘူးလျှင် သိန်းတစ်ရာကျပ်ပြည့်အောင် ၂၅သိန်းကျပ်စီ စိုက်ထူပေးပြီး အသင်းဝင်တစ်ဦးလျှင် ငါးသောင်းကျပ်စီ စတင်ထုတ်ပေးပါသည်။

ငါးသောင်းသုံးကြိမ်ပြည့်မှ တစ်သိန်းကျပ်
တစ်သိန်းသုံးကြိမ်ပြည့်မှ တစ်သိန်းခွဲကျပ်
တစ်သိန်းခွဲ သုံးကြိမ်ပြည့်မှ နှစ်သိန်းကျပ် ထုတ်ပေးတာပါ။ 

ငါးသောင်းကျပ် ယူသူက တစ်ရက်လျှင် တစ်ထောင်ကျပ်စီ ငါးဆယ့်ငါးရက် စုရပါတယ်။ ငါးသောင်းငါးထောင်ကျပ်ထဲမှ ငါးသောင်းကျပ်ကို သူတို့ကိုထပ်မံထုတ်ပေးကာ အမြတ်ငွေ ငါးထောင်ကျပ်မှ နှစ်ထောင်ကျပ်ကို ကျန်းမာရေးရန်ပုံငွေ သုံးထောင်ကျပ်ကို ရပ်ကွက်နေ အသင်းဝင်သစ်များရန်ပုံငွေအတွက် သုံးစွဲပါတယ်။

စာရေးသူ အဆဲခံ အဆိုခံ အဆူခံ အမုန်းခံ အခြိမ်းခြောက်ခံ အနှောက်ယှက်ခံ အန္တရာယ်ပြုခံပြီး လှည့်လည်ဟောကြားခဲ့တဲ့ တရားပွဲတွေမှာ ဓမ္မပူဇာအဖြစ် လှူဒါန်းကြတဲ့ငွေတွေကို ဒီလိုနေရာမျိုးမှာ သုံးစွဲပါတယ်။ ချွေးနည်းစာလေးတွေနဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုနေတဲ့ ဓမ္မကထိက ငမွဲတာလေးပါ။

(မ-တည်ငွေ ငါးရာငါးဆယ့်သုံးသိန်းလေးသောင်းတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်အသီးသီး လှူဒါန်းမှုမှာ ၆,၉၄၁,၀၀၀(ခြောက်ဆယ့်ကိုးသိန်း လေးသောင်းတစ်ထောင်)ကျပ် ဖြစ်ပါတယ်။)

ပြည်သူလူထု ခုနစ်ရာ့ငါးဆယ်နှစ်ဦးရဲ့ ဈေးအသုံးစရိတ်နှင့် ကလေးကျောင်းစရိတ်များအတွက် အသက်ရှူ ချောင်အောင် လုပ်ပေးနိုင်ခဲ့တာကိုပဲ ဂုဏ်ယူလို့မဆုံးပါဘူး။

သူတို့လေးတွေ ငွေထုတ်ရက်ရောက်တိုင်း ပြုံးပျော်ရွှင်နေတာကို မြင်ရရုံနဲ့တင် အကြမ်းဖက်တို့ အစွန်းရောက်တို့ အမုန်းတရားဖြန့်ဖြူးသူတို့ လော်ဘီတို့ ဘောမတို့ စသည်ဖြင့် စွပ်စွဲခံရမှုတွေအားလုံး သူတို့လေးတွေရဲ့ အပြုံးအပျော်တွေထဲ အရည်ပျော်ပျောက်ပြယ်သွားပါတော့တယ်။

ဝီရသူ(မစိုးရိမ်)
24.7.2017
PM 1:52