သတင်း

တရိန်းရွာသားတစ်ဦး ထပ်မံ အသတ်ခံရပြန်ပါပြီ

တရိန်းရွာသားတစ်ဦး ထပ်မံ အသတ်ခံရပြန်ပါပြီ။
သြဂုတ် ၂၅ မတိုင်ခင်ကလည်း သုံးဦး အသတ်ခံခဲ့ရဖူးသည်။

—— ======= ——–

တရိန်း(မြို)ကျေးရွာသားတစ်ဦး အသတ်ခံရ

ဒီဇင်ဘာ ၂၇ ၊ မောင်တော
ချလူးအောင် / DMG

မောင်တောမြို့နယ်၊ မြိုမိချောင်း(ဘင်္ဂါလီ)ကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ရက်ရက်စက်စက်ဖြတ်ဖြတ်ခံထားရသော တရိန်းကျေးရွာသားတစ်ဦး၏ အလောင်းအားတွေ့ရှိရကြောင်း တရိန်းဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ် ၊ စံကားပင်ရင်းကျေးရွာအုပ်စု ၊ တရိန်း(မြို)ကျေးရွာမှာ ဦးလောင်းပျော် (အသက် ၄၅ နှစ်)ဖြစ်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျေးရွာသားများနှင့်အတူ ငါးသွားရောက်ရှာဖွေပြီး တစ်ဦးတည်းပြန်လာရာ နေအိမ်သို့ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသည့်အတွက် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရိန်း(ရခိုင်)ရွာကင်းစခန်းမှ ဒုရဲအုပ် မိုးအောင် ဦးစီးပြီး ကျေးရွာသူ၊ သား (၄၀) ဦးခန့်နှင့် လိုက်လံရှာဖွေရာ မြိုမိချောင်း(ဘင်္ဂါလီ)ကျေးရွာအနီး လယ်ကွင်းပြင်တွင် သတ်ဖြတ်ခံထားရသောဒဏ်ရာများနှင့် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တရိန်းကျေးရွာသား ကိုမောင်အေးက ပြောသည်။

” ကျနော်တို့ မနေ့ညကတည်းက လိုက်ရှာမလို့ပါ။ ပျောက်နေတဲ့လူက အိမ်ကိုပြန်မရောက်တာ ညနက်ပြီးမှ သိရတာ။ နောက်တစ်နေ့ မနက်မှာ ရွာသားတွေစုပြီး လုံခြုံရေးအဖွဲ့တွေနဲ့ လိုက်ရှာကြတော့ မနက် ၈ နာရီကျော်လောက်မှာ အလောင်းတွေ့တာပါ။ အခု အလောင်းကို မောင်တောမြို့ဆေးရုံကို သယ်နေပါတယ်။ ” ဟု ကိုမောင်အေးက ဆိုသည်။

အခုနှစ် ဇွန်လ ၂၄ ရက်နေ့ကလည်း တရိန်းကျေးရွာမှ ဒေသခံနှစ်ဦး ဘင်္ဂလီများ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယခုလို ဒေသခံတိုင်းရင်းသားများ မကြာခဏဆိုသလိုသတ်ဖြတ်ခံနေရသည့်အတွက် တိုင်းရင်းသားမျိုးနွယ်စုများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဥပဒေတစ်ခုပြဌာန်းပေးဖို့ကို တောင်းဆိုနေကြသည်။

(ဓာတ်ပုံ – သတ်ဖြတ်ခံရသည့် တရိန်းကျေးရွာသား )
#DMG