Daily Archives: December 28, 2017

သတင်း

တရိန်းရွာသားတစ်ဦး ထပ်မံ အသတ်ခံရပြန်ပါပြီ

တရိန်းရွာသားတစ်ဦး ထပ်မံ အသတ်ခံရပြန်ပါပြီ။ သြဂုတ် ၂၅ မတိုင်ခင်ကလည်း သုံးဦး အသတ်ခံခဲ့ရဖူးသည်။ —— ======= ——– တရိန်း(မြို)ကျေးရွာသားတစ်ဦး အသတ်ခံရ ဒီဇင်ဘာ ၂၇ ၊ မောင်တော ချလူးအောင် / DMG မောင်တောမြို့နယ်၊ မြိုမိချောင်း(ဘင်္ဂါလီ)ကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ရက်ရက်စက်စက်ဖြတ်ဖြတ်ခံထားရသော တရိန်းကျေးရွာသားတစ်ဦး၏ အလောင်းအားတွေ့ရှိရကြောင်း တရိန်းဒေသခံများက ပြောသည်။ သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ် ၊ စံကားပင်ရင်းကျေးရွာအုပ်စု ၊ တရိန်း(မြို)ကျေးရွာမှာ ဦးလောင်းပျော် (အသက် ၄၅ ...
သတင်း

ဦးဝင်းတင်စကားနဲ့ ပြောရရင်တော့ ဒီအစိုးရကို ငါမယုံဘူး ဒါပဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့သတင်းတွေ အရှင်ဘုရားလည်း သိပြီးဖြစ်မှာပါ။ ပြောစရာရှိတာက အရှင်ဘုရား ယန်ဟီးလီနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ကြသူတွေက အခု အစိုးရရဲ့ ပြည်ဝင်ခွင့်ပိတ်မှုကိုကျ လိုလိုလားလားကြီး ထောက်ခံကြပြန်ပါတယ်ဘုရား။ ဘာတွေများ ကွာလို့လဲဘုရား။ အရှင်ဘုရားအနေနဲ့ရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။ ဖြေ – အဲဒါလည်း သူ့ဘက်ကိုယ့်ဘက်ဆိုတာရှိတာပေါ့နော်။ အမှန်တရားအတွက် ဝေဖန်တာလား၊ ပြည်သူလူထုအကျိုးစီးပွားအတွက်ဝေဖန်တာလား ဒီနှစ်ခုကို ခွဲခြားရမှာပေါ့နော်။ ဦးဇင်းတုန်းကလည်း အမှန်တရားအတွက်ဝေဖန်တာမဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေးအမြင်ကပ်မှု တစ်ခုတည်းနဲ့ ဇောင်းပေးဝေဖန်ကြတာ။ ဒီအမှုနဲ့ပဲ ထောင်ထဲရောက်အောင် လုပ်ကြတာပေါ့နော်။ ဝေဖန်တာထက် ပိုသွားပြီးတော့ ထောင်မကျကျအောင် မီဒီယာနဲ့ ဖိအားပေးတဲ့သဘောတွေ အပြည့်အ၀ပါတာပေါ့။ ...
သတင်း

မြန်မာ့ဥပဒေ ယနေ့အခြေအနေ

“ဥပဒေအထက်မှာ NLD အစိုးရရှိတယ်ဆိုတာ အားလုံးသိစေချင်တယ်။ အပြစ်ရှိလို့ထောင်ချတယ်ဆိုရင် အထောက်အထားပြပါ” (ဦးအရိယဝံသ-ပေါက်ကိုယ်တော်) “တစ်နှစ်နဲ့ခြောက်လဆိုပေမယ့် အပြုံးမပျက်ပါဘူး” (မင်းနန္ဒ-ဧရာမြေ) “အမျိုးသားရေးကို ဘယ်လောက်ဖိနှိပ်နေပါစေ ထောင်ကလွတ်လာရင် အမျိုးဘာသာ သာသနာအတွက် ဆက်လက်ကြိုးစားသွားမယ်” “အမျိုးသားရေးမှန်သမျှ အောင်မြင်မှုနဲ့ အဆုံးသတ်ရမယ်” (တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇ) “အမျိုးသားရေး အောင်ရမည် အမျိုးသားရေး အောင်ရမည် အမျိုးသားရေးအောင်ရမည်”
သတင်း

ရှေ့နေ အောင်ရဲစိုးအမြင်

မန်းလေးသပိတ် သံဃာတော်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေအောင်ရဲစိုး တင်ပြထားတဲ့ အမြင်လေးပါ။ အရင်အစိုးရနဲ့ အခုအစိုးရကို နှိုင်းယှဉ်ပြထားပါတယ်။ ဒီထက်ပိုဝမ်းနည်းစရာကောင်းတဲ့အချက်ကိုလည်း ထည့်ပြောသွားပါတယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ကျူးကျော်ခဲ့တဲ့ ဘင်္ဂလီတွေကိုတော့ Warmly Welcome လုပ်နိုင်ပြီးတော့ သာသနာ့နယ်မြေအတွင်းမှာပဲ ထိုင်သပိတ်ဆင်နွှဲပြီး လိုလားချက်ကိုတောင်းဆိုခဲ့တဲ့ သံဃာတော်တွေကိုတော့ ညှိနှိုင်းပြောဆိုခြင်းလုံးဝမရှိဘဲ ချက်ချင်းထောင်ချပစ်လိုက်တဲ့အပေါ် ဝမ်းနည်းမိကြောင်းပါ ဖွင့်ဟခဲ့တာပါ။ NLD အစိုးရကြီး ဘေးကင်းရန်ကွာ သက်တမ်းရှည်ပါစေဗျာ။ ဝီရသူ(မစိုးရိမ်) 27.12.2017 PM 9:43