သတင္း

“အရုဏ္ဆြမ္း လွဴဒါန္းပြဲေလးပါ”

“အရုဏ္ဆြမ္း လွဴဒါန္းပြဲေလးပါ”
================

သီတင္းကၽြတ္လျပည့္ေက်ာ္ ၁၀ရက္၊ (30.10.2021)ရက္ေန႔၊ မနက္ ၆း၀၀ နာရီ၊ သဟာယေက်ာင္းမွာ ဆက္ကပ္ပါတယ္။
အလွဴရွင္ကေတာ့ ေဝယ်ာဝစၥဝုိင္းေတာ္သားမ်ားျဖစ္ၾကတဲ့ ကိုစန္းဝင္း+မေမာ္ေမာ္ မိသားစုပါပဲ။
စာေရးသူရဲ႕ ပါရမီျဖည့္ဖက္ တပည့္ရင္းခ်ာေတြပါ။
မုန္႔ဟင္းခါးဆြမ္း ဆက္ကပ္တာျဖစ္ၿပီး ဆြမ္းကပ္အၿပီးမွာေတာ့ နေမာတႆ တရားထုိင္နည္း သင္ျပေပးခဲ့ပါတယ္။

နေမာတႆျဖင့္ ေဘးရန္ကင္းေစဖုိ႔ အသက္အုိးအိမ္စည္းစိမ္ လံုၿခဳံေစဖုိ႔ စီးပြားလာဘ္လာဘ တုိးတက္ေစဖုိ႔ ဗုဒၶါႏုႆတိ ကမၼ႒ာန္း ေန႔စဥ္စီးျဖန္းႏိုင္ေရးပါပဲ။
နေမာတႆဆုိတာ ဗုဒၶနည္းက် ကာကြယ္ေရးလက္နက္ပါေနာ္။ စီးပြားေရးအရာမွာ ဣစၧာသယေရႊအုိးႀကီးလုိ႔ သတ္မွတ္ထားပါတယ္။ လူခိုးလုိ႔မရတဲ့ ေရႊအိုးႀကီးေပါ့ဗ်ာ။
၂၄နာရီ ကိုယ္ႏွင့္မကြာ အၿမဲရွိေနတဲ့ လိုတရ ေရႊအုိးႀကီးေပါ့ဗ်ာ။

ဣစၧာသယ လုိတရေရႊအိုးႀကီးကို လူတုိင္းေဆာင္ထားႏုိင္ၾကပါေစေသာ္ … ဝ္။

အရွင္ဝီရသူ
31.10.2021 
———————————————– 
“အရုဏ်ဆွမ်း လှူဒါန်းပွဲလေးပါ”
================

သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ (30.10.2021)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ သဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။
အလှူရှင်ကတော့ ဝေယျာဝစ္စဝိုင်းတော်သားများဖြစ်ကြတဲ့ ကိုစန်းဝင်း+မမော်မော် မိသားစုပါပဲ။
စာရေးသူရဲ့ ပါရမီဖြည့်ဖက် တပည့်ရင်းချာတွေပါ။
မုန့်ဟင်းခါးဆွမ်း ဆက်ကပ်တာဖြစ်ပြီး ဆွမ်းကပ်အပြီးမှာတော့ နမောတဿ တရားထိုင်နည်း သင်ပြပေးခဲ့ပါတယ်။

နမောတဿဖြင့် ဘေးရန်ကင်းစေဖို့ အသက်အိုးအိမ်စည်းစိမ် လုံခြုံစေဖို့ စီးပွားလာဘ်လာဘ တိုးတက်စေဖို့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း နေ့စဉ်စီးဖြန်းနိုင်ရေးပါပဲ။
နမောတဿဆိုတာ ဗုဒ္ဓနည်းကျ ကာကွယ်ရေးလက်နက်ပါနော်။ စီးပွားရေးအရာမှာ ဣစ္ဆာသယရွှေအိုးကြီးလို့ သတ်မှတ်ထားပါတယ်။ လူခိုးလို့မရတဲ့ ရွှေအိုးကြီးပေါ့ဗျာ။
၂၄နာရီ ကိုယ်နှင့်မကွာ အမြဲရှိနေတဲ့ လိုတရ ရွှေအိုးကြီးပေါ့ဗျာ။

ဣစ္ဆာသယ လိုတရရွှေအိုးကြီးကို လူတိုင်းဆောင်ထားနိုင်ကြပါစေသော် … ဝ်။

အရှင်ဝီရသူ
31.10.2021