သတင်း






ဝီရသူ (မစိုးရိမ်)

7.7.2018

 

“တပည့် အရှင်ခေမိန္ဒ မွေးနေ့အလှူ”

3.7.2018 ရက်နေ့ မနက် ၁၁း၀၀ နာရီ၊ ချမ်းမြသာစည်မြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ၆၆×၆၇ လမ်းကြား၊ Family Hopot ဆိုင်မှာ နေ့ဆွမ်းကပ်တာပါ။ တပည့်အရှင်ခေမိန္ဒ (ဝီရခေမိန်)ရဲ့ ၄၀ ပြည့်နှစ် မွေးနေ့အလှူပွဲလေးပါ။

တပည့် အရှင်စေတိယာလင်္ကာရာဘိဝံသနှင့် တပည့်များ ကြွရောက်ကြပါတယ်။ သံဃာတော်များအား နဝကမ္မနှင့် အမှတ်တရ လက်ဆောင်များ လှူဒါန်းပါတယ်။ Family Hopot မိသားစုကလည်း စာရေးသူအား သုံးသောင်းကျပ်နှင့် အခြားသံဃာတော်များကို တစ်သောင်းကျပ်စီ ကပ်လှူပါတယ်။

တစ်ခါမျှ ဟော့ပေါ့ဆိုင်မှာ မစားဖူးခဲ့ပါ။ ဟော့ပေါ့ဆိုင်က စာရေးသူမှန်းသိလို့ အထူးဂရုစိုက်ပါတယ်။ စားလို့လည်းကောင်းပါတယ်။ မွေးနေ့ရှင် တပည့်အရှင်ခေမိန္ဒနှင့်အတူ အလှူဒကာ အလှူအမများ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဝီရသူ (မစိုးရိမ်)
7.7.2018