Daily Archives: July 9, 2018

မန်းမဟော်သဓာသတင်း

ကျောက်ချောရွာကျူရှင်ကျောင်းအစည်းအဝေး

7.7.2018 ရက်နေ့၊ မနက် ၈း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆရာ ဆရာမများ ဂိုက်ဆရာ ဆရာမများ အချိန်ဇယား အတည်ပြုနိုင်ရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များအားလုံး ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ မနက် ၁၁း၀၀ နာရီထိုးမှ ပြီးဆုံးပါတယ်။ အစည်းအဝေးပြီးပြီးချင်း ဆရာ ဆရာမများက အတန်းပြန်ဝင်ကြပါတယ်။ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်းမှာ ကိုးတန်း ဆယ်တန်း ကျောင်းသူကျောင်းသားပေါင်း (၂၀၀)နီးပါး ရှိပါတယ်။ ဘာသာတွဲအလိုက် ပြသပေးနေပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ ပညာရေးကော်မတီဥက္ကဋ္ဌ ...
သတင်း


7.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။ ဆွမ်းအလှူရှင်များကတော့ ဦးဌေးမင်းနှင့် ဦးအောင်ချမ်းမင်း ညီအစ်ကိုနှစ်ဦး မိသားစုတို့ ဖြစ်ပါတယ်။   ဖခင်ကြီး ဦးချစ်မောင် ကွယ်လွန်ခြင်း (၁၅)နှစ်ပြည့် ရည်မှန်းကုသိုလ်ပွဲလေးပါ။ ညီတော်မောင် နာယကဆရာတော်လေးများ ကြွရောက်ချီးမြှောက်ပါတယ်။ သဟာယသံဃာတော်များအား တစ်ပါးလျှင် ၅၀၀၀ ကျပ်စီ လှူဒါန်းပါတယ်။ အရုဏ်ဆွမ်းကတော့ နို့စိမ်းခေါက်ဆွဲ ဖြစ်ပါတယ်။ အရုဏ်ဆွမ်းကပ်အပြီးမှာ ပရိတ်တရားနာယူကြပြီး ဖခင်ကြီးဦးချစ်မောင်အား ရည်စူး၍ အမျှပေးဝေပါတယ်။ “သဟာယကျောင်း ဆွမ်းကပ်အလှူ”   7.7.2018 ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ဗိုလ်မှူးမြတ်မင်း မိသားစုမှ အလှူငွေ ၃၀၀၀၀ိ (သုံးသောင်းကျပ်) လှူဒါန်းပါသည်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က အလှူငွေ ...
သတင်း

ဂျပန်သတင်းဌာနနှင့် အင်တာဗျူး

ပထမဝါဆိုလဆုတ် (၈)ရက်၊ 5.7.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ ဓမ္မသဟာယကျောင်းမှာ လက်ခံဖြေကြားပေးပါတယ်။ Vice Japan သတင်းဌာန Documentary အစီအစဉ်အတွက် သတင်းထောက်မ Hirokazu Kishida နှင့်အဖွဲ့က လာရောက်လျှောက်ထားကြတာပါ။ ဂျပန်ဘာသာပြန် ဂိုက်ဆရာတစ်ဦး ဘာသာပြန်ပေးပါတယ်။   မေးခွန်းအများစုက အပြုသဘောဆောင်ပါတယ်။ လောကအလင်း၊ ကျောက်ချောရွာကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းအပါအဝင် ပရဟိတလုပ်ငန်းတွေနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေက ဘာကြောင့် မရေးသားကြ၊ မထုတ်လွှင့်ကြတာလို့ ထင်ပါသလဲ၊ ဗုဒ္ဓဘာသာဝင်ထဲမှာပဲ စာရေးသူကို မကြည်ညိုတဲ့သူ၊ မထောက်ခံတဲ့သူတွေရှိနေတာတွေ့ရတယ်။ ဘာကြောင့်လို့ထင်ပါသလဲ ...
သတင်း

ဂျပန်သတင်းဌာန အင်တာဗျူးမိတ်ဆက်

4.7.2018 ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ ဓမ္မသဟာယကျောင်းသို့ ရောက်ရှိလာပါတယ်။ ကြိုတင်ပြီး လျှောက်လွှာတင်ထားကြတာပါ။ Vice Japan သတင်းဌာနကပါ။ ကတိကဝတ်တွေ ကြိုတင်ပြုထားတဲ့အတိုင်း စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပါတယ်။ သဘောတူညီကြောင်း လက်မှတ်ရေးထိုးကြပါတယ်။ 5.7.2018 ရက်နေ့မှ စတင်ပြီး ရုပ်သံမှတ်တမ်းတင်ကြမှာပါ။ လောလောဆယ် ကျောင်းတိုက်အတွင်း ရှုခင်းများရိုက်ယူခြင်း၊ စာဖတ်ဝိုင်းမှ ကိုရင်ဦးဇင်းများကို အင်တာဗျူးခြင်းများ ပြုလုပ်သွားပါတယ်။ အစီအစဉ်ကတော့ Documentary မှတ်တမ်းတင်ရုပ်သံသတင်းပါ။ မန်း မဘသ အဖွဲ့၊ မဘသ(ဗဟို)တို့မှာလည်း ခွင့်တောင်းပြီးသားပါ။ ရွာမဆရာတော်ကြီးနှင့် စာရေးသူတို့နှစ်ပါးကိုတော့ သီးခြားအမေးအဖြေလုပ်မှာလို့ ဆိုပါတယ်။ ...