သတင်း


 

“သဟာယကျောင်း ဆွမ်းကပ်အလှူ”

 

7.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။

ဆွမ်းအလှူရှင်များကတော့ ဦးဌေးမင်းနှင့် ဦးအောင်ချမ်းမင်း ညီအစ်ကိုနှစ်ဦး မိသားစုတို့ ဖြစ်ပါတယ်။

ဖခင်ကြီး ဦးချစ်မောင် ကွယ်လွန်ခြင်း (၁၅)နှစ်ပြည့် ရည်မှန်းကုသိုလ်ပွဲလေးပါ။

ညီတော်မောင် နာယကဆရာတော်လေးများ ကြွရောက်ချီးမြှောက်ပါတယ်။ သဟာယသံဃာတော်များအား တစ်ပါးလျှင် ၅၀၀၀ ကျပ်စီ လှူဒါန်းပါတယ်။

အရုဏ်ဆွမ်းကတော့ နို့စိမ်းခေါက်ဆွဲ ဖြစ်ပါတယ်။ အရုဏ်ဆွမ်းကပ်အပြီးမှာ ပရိတ်တရားနာယူကြပြီး ဖခင်ကြီးဦးချစ်မောင်အား ရည်စူး၍ အမျှပေးဝေပါတယ်။