သတင်း

ယွန်းဝတီမိသားစု ဆွမ်းအလှူ အနုမောဒနာတရား

ပြာသိုလပြည့်နေ့ 1.1.2018 မွန်းတည့် ၁၂း၀၀ နာရီမှာ အနုမောဒနာတရားဟောကြားပါတယ်။ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စာသင်သားသံဃာများအား ဝတ္ထုငွေ တစ်သောင်းစီ လှူဒါန်းခြင်း နိဗဒ္ဓကုသိုလ်အဖြစ် လစဉ်အလှူငွေ သုံးသိန်းကျပ်လှူဒါန်းခြင်း နှစ်ဦးအလှူ အဖြစ် နဝကမ္မ ဆယ်သိန်းကျပ် လှူဒါန်းခြင်း အမေနေ့ကဗျာပြိုင်ပွဲဝင် ကျောင်းသူကျောင်းသားများနှင့် စာသင်သံဃာများအား အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းခြင်း၊ ယွန်းဝတီဆိုင်လုပ်သား မိသားစုများက အလှူငွေ တစ်သိန်းကျပ် လှူဒါန်းခြင်း အစရှိတဲ့ ကုသိုလ်ကောင်းမှုအစုစုကို နိဗ္ဗာန်ရည်မှန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြပါတယ်။

အနုမောဒနာတရားအဖြစ် အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား ကွာခြားပုံတွေကို သာဓကလေးများ ထိုးပြပြီး တရားအကျဉ်း ဟောကြားခဲ့ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံ့အာဏာတစ်ခုတည်းကိုပဲ ကြည့်တာ ဒါကြောင့် လိုအပ်ရင် အဖေကိုတောင် ပြန်သတ်ရမယ်ဆိုတဲ့ ဝါဒပေါ်ပေါက်လာတာ။ ကျေးဇူးတရားလည်းမသိ၊ သစ္စာတရားမရှိ၊ ငရဲမကြောက် အပါယ်မကြောက်၊ အာဏာမရမှာနှင့် အာဏာလက်လွတ်မှာကိုပဲ ကြောက်တတ်ကြတဲ့သူတွေ။ ဒီလိုနိုင်ငံရေးအသိုင်းအဝိုင်းနှင့် ကင်းရှင်းလေ အကုသိုလ်နည်းလေးပါပဲ။