မန်းမဟော်သဓာသတင်း










“ကျောက်ချောရွာကျူရှင်ကျောင်းအစည်းအဝေး”

7.7.2018 ရက်နေ့၊ မနက် ၈း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။

ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆရာ ဆရာမများ ဂိုက်ဆရာ ဆရာမများ အချိန်ဇယား အတည်ပြုနိုင်ရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များအားလုံး ဝိုင်းဝန်းဆွေးနွေးကြပါတယ်။

မနက် ၁၁း၀၀ နာရီထိုးမှ ပြီးဆုံးပါတယ်။ အစည်းအဝေးပြီးပြီးချင်း ဆရာ ဆရာမများက အတန်းပြန်ဝင်ကြပါတယ်။ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်းမှာ ကိုးတန်း ဆယ်တန်း ကျောင်းသူကျောင်းသားပေါင်း (၂၀၀)နီးပါး ရှိပါတယ်။ ဘာသာတွဲအလိုက် ပြသပေးနေပါတယ်။

ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်တို့ စီမံအုပ်ချုပ်ကြပါတယ်။

ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများလိုအပ်ချက်၊ ကျူရှင်ကျောင်းလိုအပ်ချက်တို့ကို မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက တာဝန်ယူလှူဒါန်း ထောက်ပံ့လျက်ရှိပါတယ်။

အစည်းအဝေးအပြီးမှာ ဦးခင်မောင်မြင့်+ဒေါ်အေးအေးဝင်းတို့မိသားစုရဲ့ နေ့ဆွမ်းအလှူမှာ နေ့ဆွမ်းစားပြီး ပြန်လာခဲ့ပါတယ်။