Daily Archives: June 27, 2017

ထုတ်ပြန်ကြေညာချက်သတင်း

မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ် မေတ္တာသဝဏ်လွှာ

ဒီကနေ့ 26.6.2017 ရက်နေ့မှာကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် အီးဒ်နေ့မှာ မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်များအားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ အလားတူပင် အခြားသော ကုရ်ဘာနီလို အီးဒ်ကြီးနေ့များမှာလည်း ဘာသာတရားနှင့် လုံးဝမအပ်စပ်သည့် သားသတ်ပူဇော်ခြင်း သားသတ်လှူဒါန်းထောက်ပံ့ခြင်းများ မပါဝင်စေဘဲ ယခုကဲ့သို့ပင် အပြစ်ကင်းစင်သည့် ဘာသာရေးပွဲတော်ကြီးတစ်ခုအဖြစ် ဆက်လက် ကျင်းပနိုင်ပါစေကြောင်းလည်း ထပ်လောင်းမေတ္တာပို့သလိုက် ပါသည်။ ဦးပဉ္စင်းသည် မူဆလင်အားလုံး အစ္စလာမ်ဘာသာဝင်အားလုံးကို ရည်ညွှန်း၍ ပို့စ်တင်ခြင်း စာရေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ခြင်းမဟုတ်ပါ။ ဦးပဉ္စင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့်လိုက်လျောညီထွေရှိသည့် အမိမြန်မာပြည်ကိုချစ်သော ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း

မွေးနေ့ကျေးဇူးတင်လွှာ

ဦးပဉ္စင်း၏ အသက် ၄၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးပဉ္စင်း၏ဇာတိ ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှာ ဒီကနေ့ 26.6.2017 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်သံဃာတော်များ မျိုးချစ်သီလရှင်များ မျိုးချစ်ညီအစ်ကိုမောင်နှမများ လာရောက် သွေးလှူဒါန်းခြင်း ဝေယျာဝစ္စဆောင်ရွက်ခြင်း နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်းတို့ ပြုလုပ်ခြင်းဖြင့် ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြတာကို တွေ့ရပါတယ်။ ထို့အပြင် ရန်ကုန်မြို့ မင်္ဂလာဒုံတပ်မတော်စစ်ဆေးရုံမှာ ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြသည့် ညီတော်နောင်တော်များ မျိုးချစ် မောင်နှမများလည်း စိတ်အားတက်ကြွစွာ မွေးနေ့ပွဲကို ကျင်းပပေးတာ တွေ့ရပါတယ်။ တိုက်ဆိုင်စွာပင် ...
သတင်း

မဘသ(ဗဟို) တစ်ဖြစ်လဲ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ နုတ်ထွက်ခြင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)သည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသဗဟို)ကို ပြန်လည် ဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) မှ နုတ်ထွက်လိုက်ပါသည်။ ထိုသို့ နုတ်ထွက်ကြောင်းကို မေလ ၂၈ ရက် မနက် ၁၀း၃၀နာရီမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသအား လျှောက်ထားရာ အင်းစိန်ရွာမဆရာတော်ကြီးက သဘောတူလက်ခံပါသည်။ သို့ဖြစ်ပါ၍ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ-မစိုးရိမ်၏ ပြုမူ ပြောဆို ရေးသား ဆောင်ရွက်ချက်မှန်သမျှသည် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း ...
သတင်း

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်တောင်းဆို ချက်များကို လျစ်လျူရှုပါက သပိတ်စခန်းဖွင့်မည်

ရန်ကုန်၊ ဇွန် ၂၅ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဇွန် ၂၅ ရက်ကပြုလုပ်ခဲ့သည်။ ယင်းကန့်ကွက်ပွဲများကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းပေါ်ရှိ မနောရမ္မံလူထုဟစ်တိုင်တွင် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မေလ ၂၀ ရက်က နေပြည်တော်တွင် ပထမအကြိမ်ပြုလုပ်ရာ၌ တောင်းဆိုခဲ့သည့်အချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခြင်းကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တွင်ပြုလုပ်သည့် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၂)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မဟာဂန္ဓာရုံ၊ ငွေကျားတိုက်ကျောင်းဆောင် သံဃာတော်များမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၈၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၀၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာသုံးဆယ့် ကိုးသိန်း ငါးထောင့်ငါးရာကျပ်) ...
သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၃)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် (ဃ) (၄)နှစ်တိုင်ရပ်တည်ခဲ့သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို တရားမဝင်ဖွဲ့စည်းထား သောအဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်သည် မှားယွင်းနေကြောင်း သုံးသပ်ချက်။ ၃၂။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန တွင် အပိုဒ်(၁)၌ (၁၅.၇.၂၀၁၃) နေ့ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီဒုတိယအကြိမ်အစည်းအဝေးတွင် ...
ထုတ်ပြန်ကြေညာချက်သတင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွတ်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးမှ ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများ ...

  ၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်အသီးသီးမှ ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများက အောက်ပါအတိုင်း ထုတ်ပြန်ကြေညာ လိုက်သည်- (က) နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့၊ လွှတ်တော်ခေါင်းဆောင်များသည် အမျိုးသားရေးသမားများ၏ဆန္ဒ၊ ခံစားချက်နှင့် ယုံကြည်ချက်တို့မှ ပေါက်ဖွားလာသည့် လှုပ်ရှားမှု တောင်းဆိုမှု များအပေါ် အလေးထားထည့်သွင်း စဉ်းစားဖြေရှင်းပေးရမည်။ (ခ) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး၏ လုပ်ဆောင်ချက်နှင့် ရပ်တည်ချက်များသည် အစ္စလာမ်ဘာသာဝင်များဘက်မှ ဖြေလျော့စဉ်းစားနေမှုကြောင့် ဗုဒ္ဓဘာသာနှင့် သာသနာ၏ အနာဂတ်သည် ပိုမိုရှုတ်ထွေးမှုနှင့် သွေးကွဲမှုများဆီသို့ ဦးတည်နေသဖြင့် ...