ထုတ်ပြန်ကြေညာချက်သတင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွတ်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးမှ ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများ ၏ သဘောထားထုတ်ပြန်ကြေညာချက်

 

၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်အသီးသီးမှ ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများက အောက်ပါအတိုင်း ထုတ်ပြန်ကြေညာ လိုက်သည်-

(က) နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့၊ လွှတ်တော်ခေါင်းဆောင်များသည် အမျိုးသားရေးသမားများ၏ဆန္ဒ၊ ခံစားချက်နှင့် ယုံကြည်ချက်တို့မှ ပေါက်ဖွားလာသည့် လှုပ်ရှားမှု တောင်းဆိုမှု များအပေါ် အလေးထားထည့်သွင်း စဉ်းစားဖြေရှင်းပေးရမည်။

(ခ) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး၏ လုပ်ဆောင်ချက်နှင့် ရပ်တည်ချက်များသည် အစ္စလာမ်ဘာသာဝင်များဘက်မှ ဖြေလျော့စဉ်းစားနေမှုကြောင့် ဗုဒ္ဓဘာသာနှင့် သာသနာ၏ အနာဂတ်သည် ပိုမိုရှုတ်ထွေးမှုနှင့် သွေးကွဲမှုများဆီသို့ ဦးတည်နေသဖြင့် အဆိုပါဝန်ကြီး ဦးအောင်ကိုအား ရာထူးမှ ဖယ်ရှားပေး ရမည်။

(ဂ) ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဝင်းကိုကိုလတ် အပါအဝင် အမျိုးသားရေးလှုပ်ရှားသူ (၄)ဦးအား အာမခံမပေးဘဲ ထောင်သွင်းအကျဉ်းချမှုသည် အာဏာအလွဲသုံးမှု၊ အဂတိမကင်းသော တရားစီရင်မှု၊ ဥပဒေနည်းလမ်းမကျမှုတို့ဖြစ်ကြောင်း အထင်သား မြင်တွေ့နေရသည်။

(ဃ) ဆရာတော်ဦးဝီရသူ၏ တရားဟောခွင့်အား ပိတ်ပင်၍ အစ္စလာမ်ဗလီများအတွင်း လာဖီဝါဒ တရားဟောမှု၊ အစ္စလာမ်စာသင်ကျောင်းများအတွင်းမူဂျာဟစ် စိတ်ဓာတ်ရေးရာ သွတ်သွင်းနေမှု၊ အိန္ဒိယ-ပါကစ္စတန် (ဒေယို ဘန်)အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၏ မြန်မာနိုင်ငံအတွင်း လျှို့ဝှက်စွာ တရားဟောနေမှု၊ ရန်ကုန်မြို့ အတွင်း အစ္စလာမ်ခေါင်းဆောင်မှု ဒီပလိုမာသင်တန်း ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေမှု၊ အစ္စလာမ်ဘာသာ ဝင်များအတွက် မြန်မာနိုင်ငံ၌ တစ်ကြိမ်တစ်ခါမျှ မရှိဘူးသော ဘာသာရေးသင်တန်းများအား ခေါင်းစဉ်မျိုးစုံတပ်၍ တရားဝင် ဖွင့်လှစ်ရန် ဆောင်ရွက်နေမှု၊ တမန်တော်နေ့မှ အစပြု၍ အစ္စလာမ်ဘာသာရေး နေ့များ တစ်လတစ်မျိုးမရိုးအောင် အသစ်ထွင်ကာ ကန်ပိန်းများ လှုပ်ရှားနေမှုစသည့် အစ္စလာမ်မိုက်ဇေးရှင်း လုပ်ငန်းများအား ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ ထိန်းချုပ်ခြင်း၊ သတိပေးခြင်း မရှိသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၏ ညံ့ဖျင်းသော တစ်ဘက်သက်လုပ်ဆောင်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချသည်။ ဆရာတော် ဦးဝီရသူအား တရားဟောခွင့် အမြန်ဆုံးပြန်လည်ခွင့်ပြုပေးရန် တောင်းဆိုလိုက်သည်။

(င) မေလ ၉ ရက်နေ့ ညက ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် အမျိုးသားရေးသမားများသည် ၄င်းတို့၏ယုံကြည်ချက်နှင့် ခံယူချက်အတိုင်း ခိုးဝင်ဘင်္ဂါလီ တားဆီးရေးကိုသာ အဓိကဦးတည်၍ တာဝန်ရှိသူ များအား သတင်းပေးခြင်းအပေါ် နိုင်ငံအတွင်း ဆူပူအုံကြွလာရေး၊ ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားရေး အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် မတရားဖမ်းဆီးခြင်းနှင့် အရေးယူရန် အမိန့်ပေးစေခိုင်းနေမှုအား အမြန်ဆုံးရုတ်သိမ်းပေးရမည်။

(စ) ဇွန်လ ၂၀ ရက်နေ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသ၊ မေယုတောင်ကြောပေါ်၌ ဘင်္ဂါလီများမှ အကြမ်းဖက် သင်တန်းများ ဆောင်ရွက်လေ့ကျင့်မှုအား လေ့ကျင့်ရေးပစ္စည်းများနှင့်အတူ စားနပ်ရိက္ခာများ၊ အကျယ် ၅ ပေ၊ အမြင့်၎ပေခွဲ၊ အရှည်ပေ ၈၀ ရှိ လူလုပ် လိုဏ်ခေါင်းတစ်ခုအား ဖမ်းဆီးရမိခဲ့ခြင်းသည် အစ္စလာမ်ဘာသာဝင်များ အနေဖြင့် မြန်မာနိုင်ငံအတါင်း အကြမ်းဖက်လုပ်ငန်းများအား ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်ရန် ဆောင်ရွက်နေခြင်း အပေါ် အစိုးရနှင့် တာဝန်ရှိသူများက အစ္စလာမ်ဘာသာဝင်ခေါင်းဆောင်များ၊ မော်လဝီဆရာများ၊ ရိုဟင်ဂျာအရေး လှုပ်ရှားမှု ဦးဆောင်နေသည့် မွတ်စလင်ခေါင်းဆောင်များအား သတိပေးခြင်း၊ ကြေညာချက် ထုတ်ပြန်၍ တားဆီးခြင်း၊ ဖမ်းဆီးစုံစမ်းစစ်ဆေး၍ အရေးယူခြင်း တစ်စုံတစ်ရာမပြုလုပ်ဘဲ မသိကျိုးကျွံပြုကာ ဆောင်ရွက်နေခြင်းအပေါ် ထိရောက်သောတားဆီးမှု စုံစမ်းစစ်ဆေးမှုနှင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ရန် ဗုဒ္ဓဘာသာဝင်များကိုယ်စား ကျွန်ုပ်တို့က တောင်းဆိုလိုက်သည်။

၂။ အထက်ပါ သဘောထားနှင့် တောင်းဆိုချက်(၆)ချက်အား နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ယဉ်ကျေးမှုဝန်ကြီးနှင့် တာဝန်ရှိသူတို့က တာဝန်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရမည်။

၃။ တောင်းဆိုချက်များအပေါ် အလေးထားဖြေရှင်း ဆောင်ရွက်ပေးမှုအား(၇)ရက်အတွင်း စောင့်ကြည့်လေ့လာသွားမည်။ အလေးထားဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိပါက သပိတ်စခန်း ဖွင့်လှစ်၍ အကြမ်းမဖက် အရေးတော်ပုံတစ်ရပ်အား ဖော်ဆောင်၍ နောက်တစ်ဆင့် အရှိန်မြှင့် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။