သတင်း

ဝီရသူကို ချစ်ကြသူများ(၃)

24.6.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ဒဂုံမြို့နယ် အမှတ်(၂၀)ရပ်ကွက်၊ မောင်မကန်လမ်း We Love Wirathu လက်မှတ်ရေးထိုးလှုပ်ရှားမှု Campaign ပွဲသို့ ရောက်ရှိပါတယ်။

နေပူကျဲတဲမှာ ဒဂုံသူဒဂုံသားများ အားနှင့်မာန်နှင့် စိတ်အားတက်ကြွစွာ လက်မှတ်ထိုးပွဲ ဆင်နွှဲနေတာကို တွေ့ရှိရပါတယ်။
ကိုရင်လေးများ၊ ညီတော်လေးများ၊ မျိုးချစ်ညီကိုမောင်နှမများနှင့်အတူ လက်မှတ်လာထိုးကြသော လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကိုလည်း အားပါးတရတွေ့ရှိရပါတယ်။

နောင်တော်ကြီး ဦးပညိန္ဒ(ပွင့်လင်းဆရာတော်)နှင့်အတူ သီရိမင်္ဂလာကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော် ကြပါတယ်။ သီရိမင်္ဂလာဆရာတော်ကြီး ဘဒ္ဒန္တအာဒိစ္စက မြို့နယ်သံဃနာယကအဖွဲ့ဝင်တစ်ပါးပါ။

တိုင်းရင်းသားလေးများကို ကျောင်းထားပေးတဲ့အပြင် ပရဟိတလုပ်ငန်းတွေလည်း အများကြီး ဦးစီးဆောင်ရွက် တော်မူပါတယ်။
သီရိမင်္ဂလာဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး မဏ္ဍပ်မှာ စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။

ဒဂုံသူ ဒဂုံသားတွေရဲ့ မေတ္တာတရားကား အံ့မခန်းပါတကား။ သာသနာလောကမှာ ချစ်ကြောက်ရိုသေဆိုတဲ့ ဝေါဟာရတစ်ခုရှိပါတယ်။ ဆရာကိုပဲ ချစ်တယ် ကြောက်တယ် လေးစားတယ်ဆိုတဲ့ သဘောပါ။

ချစ်ခြင်းဆိုတဲ့ ဝေါဟာရထဲမှာ ကြည်ညိုခြင်း၊ လေးစားခြင်း၊ လိုက်နာခြင်း၊ နာခံခြင်း၊ ကျိုးနွံခြင်း၊ ရိုသေခြင်း စတဲ့ ကုသိုလ်တရားနှင့် ဆက်နွယ်တဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေ အများကြီး ပါဝင်နေတယ်ဆိုတာ တောင်ဒဂုံပြည်သူတွေက ပြသလိုက်သလိုပါပဲနော်။

ဝီရသူ(မစိုးရိမ်)
30.6.2017
AM 9:00