သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ် (၁၇)

ဇူလိုင်လ ၁၄ ရက်နေ့ မနက်မှာ ရွှေရင်အေးရွာကို ရောက်ခဲ့ပါတယ်။ ရွှေရင်အေးရွာဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရခိုင်ရွာလေးပါ။

ကျောင်းထိုင်ဆရာတော်ကြီးက အသက်အရွယ်ကြီးပါပြီ။ နားလည်းသိပ်မကောင်းတော့ပါဘူး။ မျိုးချစ်စိတ်ကတော့ အပြည့်ပါပဲ။ ၂၀၁၂ ခုနှစ်တုန်းက ကံကောင်းလို့ မပျံလွန်တာပါ။ ကုလားတွေကို တစ်ပါးတည်းခုခံပြီး ချနေတာ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေ အပြည့်ရခဲ့ပါတယ်။

ရွာနာမည်က ရွှေရင်အေး ဆိုပေမယ့် တကယ်ရင်မအေးရှာပါဘူး။ ကုလားရွာကြီးတွေနဲ့ နီးလို့ပါ။ ၂၀၁၂ တုန်းကလည်း တစ်ရွာလုံးမီးရှို့ခံရတာကြောင့် အခုလည်း ဘယ်အချိန် မီးရှို့ခံရမလဲ ဆိုတဲ့အတွေးနဲ့ ပူပင်နေရတဲ့ ရွာလေးပါ။ မြင်းခြံ မဘသ ဆရာတော် ဦးဇာဂရ က စည်းလုံးညီညွတ်ရေးတရား ဟောကြားပါတယ်။

ဒေါပုံ မဘသ ဆရာတော် ဒေါက်တာအရှင်ဥတ္တမသီရိက လုံခြုံရေးအဓိကထားဖို့ တိုက်တွန်းပါတယ်။ ရွှေရင်အေးဆရာတော်ကြီးအား နဝကမ္မအလှူငွေ တစ်သိန်းကျပ် ဆက်ကပ်ခဲ့ပါတယ်။ ရွာသူရွာသားတွေအတွက်ကတော့ ပုံမှန်အတိုင်း စားစရာ ကစားစရာ အလှူဆင်စရာ ဝတ်စရာတွေ ထောက်ပံ့ခဲ့ပါတယ်။ (၂၀၁၇ ဖြစ်စဉ်မှာတော့ ရွှေရင်အေးတစ်ရွာလုံး နေရပ်စွန့်ခွာခဲ့ရပါတယ်။)