သတင်း
စစ်သားတွေ ဘာနဲ့တူ၊ ခြင်္သေ့ကျားနဲ့တူ၊
ခြင်္သေ့နှင့်ကျား၊ တောစောင့်ထား၊ တောများလုံခြုံမယ်။
ခြင်္သေ့ဖယ်ရှား၊ ကျားဖယ်ရှား၊ တောများအန္တရာယ်။
“၂၀၁၈ စုဒ္ဒသမဓမ္မသဘင်/ မြင်းခြံ-ဆုံရွာ”
၁၃၈၀-ခုနှစ်၊ ကဆုန်လဆန်း(၈)ရက်၊ 22.4.2018 ရက်နေ့၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ အမျိုးချစ် ဘာသာချစ် ယဉ်ကျေးလိမ္မာ စာအောင်ဆုနှင်းသဘင်အောင်ပွဲဓမ္မသဘင်။
ဆုံရွာ ရွာထိပ်ရောက်တော့ သင်တန်းသူသင်တန်းသားများ မိဘပြည်သူများ ရွာသူရွာသားများ လာရောက်တန်းစီကြိုဆိုနေတာတွေ့ရပါတယ်။
မင်္ဂလာပါ နှုတ်ခွန်းဆက်သကြ၊ ဘေးရန်ကင်းပါစေ မေတ္တာပို့သံပေါက်များ ရွတ်ဆိုကြရင်း တရားဟောဓမ္မကထိကဆရာတော်ကို ကြိုဆိုနေကြတာပါ။
နားနေဆောင်မှာ ခဏနားပြီး ရွာသူရွာသားတွေနှင့် အမျိုးဘာသာ သာသနာအရေး တွေ့ဆုံဆွေးနွေးစကားပြောဖြစ်ကြပါတယ်။
တရားပွဲစီစဉ်သူ အမျိုးချစ်ဘာသာချစ်အသင်းဦးဆောင်သူ အရှင်ဂန္ဓမာလာက မစိုးရိမ်တိုက်သစ် စာချတန်းဝင် စာသင်သားတစ်ပါးဖြစ်ပါတယ်။
ရွာဦးကျောင်းဆရာတော်ကလည်း လာရောက်နှုတ်ဆက်အားပေးပါတယ်။ ဓမ္မပူဇာကုသိုလ်ရှင်ကတော့ မိခင်ကြီး ဒေါ်လှငွေ၊ သမီး ဒေါ်ပုံ၊ သား ဦးပေါရင် မိသားစုတို့ဖြစ်ပါတယ်။ ဗျဂ္ဃဇာတ်တော်ဟောကြားခဲ့ပါတယ်။
တရားတော်ရဲ့နာမည်ကတော့ ‘ခင်္သြေ့နှင့်ကျား တောစောင့်ထား’တရားတော်ပါပဲ။
စစ်သားတွေ ဘာနဲ့တူ၊ ခင်္သြေ့ကျားနဲ့တူ၊
အရပ်သားတွေ ဘာနဲ့တူ၊ တောစောင့်နတ်နဲ့တူ၊
ပြည်သူတွေ ဘာနဲ့တူ၊ တောအုပ်ကြီးနဲ့တူ၊
ခင်္သြေ့နှင့်ကျား၊ တောစောင့်ထား၊ တောများလုံခြုံမယ်။
ခင်္သြေ့ဖယ်ရှား၊ ကျားဖယ်ရှား၊ တောများအန္တရာယ်။