Daily Archives: April 27, 2018

Uncategorized

ရမည်းသင်း မဘသ မှ မန်း ဟော်သဓာအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ

24.4.2018 ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီ၊ မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရန်အောင်မြင်သာသနာ့ဗိမာန်မှာ ကျင်းပပါတယ်။ ရန်အောင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ရမည်းသင်းမြို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆရာတော်သံဃာတော်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြပါတယ်။ ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းစံပြကျေးရွာ၊ မိတ္ထီလာရပ်ကွက်နေ ဦးစိုးလင်း (ခ) ဦးနေဇင်လတ်+ဒေါ်မြင့်မြင့်စိန် မိသားစုက အလှူငွေ ၅,၀၀၀,၀၀၀ (သိန်းငါးဆယ်ကျပ်)၊ ရန်အောင်မင်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တနန္ဒောဘာသ အလှူငွေ ၃၀၀,၀၀၀ (သုံးသိန်းကျပ်) အပါအဝင် ရမည်းသင်းတစ်မြို့နယ်လုံးမှ ဆရာတော်များ သံဃာတော်များ ရွာသူရွာသားများ မြို့သူမြို့သားများ အလှူငွေ ၁၁,၁၀၀,၀၀၀ ...
သတင်း

သမိုင်းကောင်းသော ဒို့ခေါင်းဆောင် (သို့) မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး (၃) နိဂုံး

ဆရာတော်ကြီးက လူတွေကို ကျွေးမွေးစည်းရုံးတာမျိုး မကြိုက်သလို အလိုလိုက်ပြီး အကြိုက်ဆောင်တာမျိုးကိုလည်း မကြိုက်ပါဘူး။ ဒါမျိုးတွေတွေ့တဲ့အခါ ဘာမှမပြောဘဲသာ နေချင်နေမယ်။ တပည့်တွေ သံဝေဂယူနိုင်အောင်တော့ သြဝါဒထဲ ထည့်ပြောလေ့ရှိပါတယ်။ တစ်ခါတစ်လေပေါက်ကွဲတဲ့အခါမျိုးမှာဆို ပြစ်ပြစ်နှစ်နှစ် ပယ်ပယ်နယ်နယ်ကြီး ထည့်ပြောတာမျိုးတောင် ရှိတတ်ပါတယ်။ “မဟနဆိုပြီးတော့လည်း အထင်မကြီးနဲ့ကွ။ ငါတို့မဟနထဲမှာ လူယုတ်မာတွေအများကြီး။”လို့ ဥပုသ်နေ့ သြဝါဒထဲ မိန့်ကြားတဲ့အခါ တဝါးဝါး တဟားဟားနဲ့ သံဃာတွေပွဲကျသွားတာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ “ငါတို့ကမ္ဘာအေးမှာ ရုံးထိုင်ကြတဲ့ဘုန်းကြီးတွေကွာ ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်ကြဘူး။ လူလုပ်တဲ့အလုပ်ကို လုပ်နေကြတယ်။ သာသနာရေးဝန်ကြီးလုပ်တဲ့လူလာရင် သူ့ထက်ငါဦး လက်ဆွဲနှုတ်ဆက်ကြိုဆိုကြတယ်။ ရာထူးတက်အောင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၉၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သရောင်းစံပြကျေးရွာ၊ မဟာစည်သာသနာ့ရိပ်သာ၊ အရှင်ခေမာနန္ဒ သာသနဓဇဓမ္မာစရိယ၊ M.A ph.D (Thesis) (ဓမ္မဝိမုတ္တိကျောင်းသားဟောင်း)မှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (27.4.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
သတင်း

ကျောက်ချောရွာ ကျူရှင်ကျောင်းဖွင့်လှစ်နိုင်ရေး အစည်းအဝေး

၁၃၈၀-ခုနှစ်၊ ကဆုန်လဆန်း(၈)ရက်၊ 22.4.2018 ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီ၊ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန်း မဟောသဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်တော်ကြီးအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။ မန်း မဟော်သဓာ နာယကဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့် မန်း မဟော်သဓာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး အမှူးပြုသော မန်း မဟော်သဓာဝိုင်းတော်သူ ဝိုင်းတော်သားများ ကျောင်းသားမိဘများ ရွာမိရွာဖများ တက်ရောက်ကြပါတယ်။ ပါဠိပါရဂူဆရတော်ကြီး ဘဒ္ဒန္တကုသလက သြဝါဒမိန့်ကြားပါတယ်။ ကျောင်းသားမိဘများ၊ ပရိသတ်များ သိလိုသည်များကို စာရေးသူက ပင်တိုင်ဖြေကြားပါတယ်။ ကျေးရွာသူကျေးရွာသားများက သနားစရာပါ။ ၉ တန်းအောင်သူသမီးအတွက် ...
သတင်း

၂၀၁၈ စုဒ္ဒသမဓမ္မသဘင်/ မြင်းခြံ-ဆုံရွာ

၁၃၈၀-ခုနှစ်၊ ကဆုန်လဆန်း(၈)ရက်၊ 22.4.2018 ရက်နေ့၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ အမျိုးချစ် ဘာသာချစ် ယဉ်ကျေးလိမ္မာ စာအောင်ဆုနှင်းသဘင်အောင်ပွဲဓမ္မသဘင်။ ဆုံရွာ ရွာထိပ်ရောက်တော့ သင်တန်းသူသင်တန်းသားများ မိဘပြည်သူများ ရွာသူရွာသားများ လာရောက်တန်းစီကြိုဆိုနေတာတွေ့ရပါတယ်။ မင်္ဂလာပါ နှုတ်ခွန်းဆက်သကြ၊ ဘေးရန်ကင်းပါစေ မေတ္တာပို့သံပေါက်များ ရွတ်ဆိုကြရင်း တရားဟောဓမ္မကထိကဆရာတော်ကို ကြိုဆိုနေကြတာပါ။ နားနေဆောင်မှာ ခဏနားပြီး ရွာသူရွာသားတွေနှင့် အမျိုးဘာသာ သာသနာအရေး တွေ့ဆုံဆွေးနွေးစကားပြောဖြစ်ကြပါတယ်။ တရားပွဲစီစဉ်သူ အမျိုးချစ်ဘာသာချစ်အသင်းဦးဆောင်သူ အရှင်ဂန္ဓမာလာက မစိုးရိမ်တိုက်သစ် စာချတန်းဝင် စာသင်သားတစ်ပါးဖြစ်ပါတယ်။ ရွာဦးကျောင်းဆရာတော်ကလည်း လာရောက်နှုတ်ဆက်အားပေးပါတယ်။ ဓမ္မပူဇာကုသိုလ်ရှင်ကတော့ မိခင်ကြီး ဒေါ်လှငွေ၊ ...