သတင္း

ေက်ာက္ေခ်ာရြာ က်ဴရွင္ေက်ာင္းဖြင့္လွစ္ႏို္င္ေရး အစည္းအေဝး

၁၃၈၀-ခုႏွစ္၊ ကဆုန္လဆန္း(၈)ရက္၊ 22.4.2018 ရက္ေန႔၊ မြန္းလြဲ (၂း၀၀)နာရီ၊ မႏၲေလး၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေက်ာက္ေခ်ာေက်းရြာ၊ မန္း မေဟာသဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္ေတာ္ႀကီးအတြင္းရွိ ရွင္းလင္းေဆာင္မွာ က်င္းပပါတယ္။

မန္း မေဟာ္သဓာ နာယကဆရာေတာ္ႀကီး ဘဒၵႏၲကုသလႏွင့္ မန္း မေဟာ္သဓာ ဗဟိုေကာ္မတီဥကၠ႒ ေဒါက္တာျမင့္ဦး အမွဴးျပဳေသာ မန္း မေဟာ္သဓာဝိုင္းေတာ္သူ ဝိုင္းေတာ္သားမ်ား ေက်ာင္းသားမိဘမ်ား ရြာမိရြာဖမ်ား တက္ေရာက္ၾကပါတယ္။

ပါဠိပါရဂူဆရေတာ္ႀကီး ဘဒၵႏၲကုသလက ၾသဝါဒမိန္႔ၾကားပါတယ္။ ေက်ာင္းသားမိဘမ်ား၊ ပရိသတ္မ်ား သိလုိသည္မ်ားကို စာေရးသူက ပင္တုိင္ေျဖၾကားပါတယ္။

ေက်းရြာသူေက်းရြာသားမ်ားက သနားစရာပါ။ ၉ တန္းေအာင္သူသမီးအတြက္ က်ဴရွင္စရိတ္မတတ္ႏိုင္လို႔ ဝမ္းနည္းပက္လက္ ငိုေၾကြးေလွ်ာက္ထားရင္း ေက်းဇူးတင္စကားဆိုလာတဲ့ ဖခင္တစ္ဦးကိုၾကည့္ရတာ စိတ္မေကာင္းပါ။

ေက်ာက္ေခ်ာေက်းရြာမွာ ဒီႏွစ္မွစၿပီး ၉ တန္း ၁၀ တန္း ဖြင့္လွစ္သင္ၾကားေပးသြားမွာပါ။ လာမည့္ႏွစ္ေတြမွာဆုိရင္ ၈-၉-၁၀ တုိးခ်ဲ႕ဖြင့္လွစ္ႏိုင္ေအာင္ ႀကဳိးစားသြားမွာပါ။ ဆရာ ဆရာမမ်ားအတြက္ ဆက္လက္အစည္းအေဝးထုိင္ရပါဦးမည္။

 

“ကျောက်ချောရွာ ကျူရှင်ကျောင်းဖွင့်လှစ်နိုင်ရေး အစည်းအဝေး”

၁၃၈၀-ခုနှစ်၊ ကဆုန်လဆန်း(၈)ရက်၊ 22.4.2018 ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီ၊ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန်း မဟောသဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်တော်ကြီးအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။

မန်း မဟော်သဓာ နာယကဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့် မန်း မဟော်သဓာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး အမှူးပြုသော မန်း မဟော်သဓာဝိုင်းတော်သူ ဝိုင်းတော်သားများ ကျောင်းသားမိဘများ ရွာမိရွာဖများ တက်ရောက်ကြပါတယ်။

ပါဠိပါရဂူဆရတော်ကြီး ဘဒ္ဒန္တကုသလက သြဝါဒမိန့်ကြားပါတယ်။ ကျောင်းသားမိဘများ၊ ပရိသတ်များ သိလိုသည်များကို စာရေးသူက ပင်တိုင်ဖြေကြားပါတယ်။

ကျေးရွာသူကျေးရွာသားများက သနားစရာပါ။ ၉ တန်းအောင်သူသမီးအတွက် ကျူရှင်စရိတ်မတတ်နိုင်လို့ ဝမ်းနည်းပက်လက် ငိုကြွေးလျှောက်ထားရင်း ကျေးဇူးတင်စကားဆိုလာတဲ့ ဖခင်တစ်ဦးကိုကြည့်ရတာ စိတ်မကောင်းပါ။

ကျောက်ချောကျေးရွာမှာ ဒီနှစ်မှစပြီး ၉ တန်း ၁၀ တန်း ဖွင့်လှစ်သင်ကြားပေးသွားမှာပါ။ လာမည့်နှစ်တွေမှာဆိုရင် ၈-၉-၁၀ တိုးချဲ့ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမှာပါ။ ဆရာ ဆရာမများအတွက် ဆက်လက်အစည်းအဝေးထိုင်ရပါဦးမည်။