Uncategorized











 

“ရမည်းသင်း မဘသ မှ မန်း ဟော်သဓာအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ”

24.4.2018 ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီ၊ မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရန်အောင်မြင်သာသနာ့ဗိမာန်မှာ ကျင်းပပါတယ်။
ရန်အောင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ရမည်းသင်းမြို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆရာတော်သံဃာတော်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြပါတယ်။

ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းစံပြကျေးရွာ၊ မိတ္ထီလာရပ်ကွက်နေ ဦးစိုးလင်း (ခ) ဦးနေဇင်လတ်+ဒေါ်မြင့်မြင့်စိန် မိသားစုက အလှူငွေ ၅,၀၀၀,၀၀၀ (သိန်းငါးဆယ်ကျပ်)၊
ရန်အောင်မင်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တနန္ဒောဘာသ အလှူငွေ ၃၀၀,၀၀၀ (သုံးသိန်းကျပ်) အပါအဝင် ရမည်းသင်းတစ်မြို့နယ်လုံးမှ ဆရာတော်များ သံဃာတော်များ ရွာသူရွာသားများ မြို့သူမြို့သားများ အလှူငွေ ၁၁,၁၀၀,၀၀၀ (တစ်ရာ့ တစ်ဆယ့် တစ်သိန်းကျပ်)
စုစုပေါင်း – ၁၆,၁၀၀,၀၀၀ (တစ်ရာ့ ခြောက်ဆယ့် တစ်သိန်းကျပ်) လှူဒါန်းကြပါတယ်။

မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးအမှူးပြုသော ဗဟိုကော်မတီအဖွဲ့သားများက အလှူငွေများ လက်ခံရယူကာ ဂုဏ်ပြုလက်မှတ်များ အသီးအသီး ပြန်လည်ပေးအပ်လှူဒါန်းပါတယ်။

ယနေ့ နေ့ဆွမ်းကို ရန်အောင်မင်းကျောင်းမှာ ဘုဉ်းပေးကြပါတယ်။
နေ့ဆွမ်းအလှူရှင်ကတော့ မန်း မဟော်သဓာအတွက် သိန်းငါးဆယ်အလှူရှင် ဦးစိုးလင်း (ခ) ဦးနေဇင်လတ်+ဒေါ်မြင့်မြင့်စိန် မိသားစုပဲ ဖြစ်ပါတယ်။

မန်း မဟော်သဓာ အမျိုးသားရေးအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးအတွက် ကိုယ်အား ဉာဏ်အား စိတ်အား ငွေအားဖြင့် ဝိုင်းဝန်းပံ့ပိုး အကူအညီပေးကြသော ရန်အောင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသော ရမည်းသင်းသူ ရမည်းသင်းသား အလှူရှင်အပေါင်းတို့သည် ကျန်းမာ အောင်မြင် ပျော်ရွှင် ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေသော်…။