Uncategorizedသတင်း





ချစ်ရင်ခတ်

“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာများ” (၂)

ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာတစ်ခုမှာ မျက်ရည်ပူကျခြင်းပင် ဖြစ်ပါသည်။ မျက်ရည်ပူများစွာကျသူနှင့် မကျသူသာ ကွဲပြားတတ်ပြီး မျက်ရည်ပူကျခြင်းလက္ခဏာကား တူညီနေတတ်ပါသည်။ မျက်စဉ်းခတ်စမှာ မျက်ရည်ပူကျတတ်ကာ မျက်ရည်ပူကျပြီးသည့်အခါ အမြင်ကြည်လင်ပြတ်သားလာခြင်း၊ ပေါ့ပါးလန်းဆန်းလာခြင်း၊ ကြည့်ရရှုရ ပိုကောင်းလာခြင်းစသော စက္ခုသုခ (မျက်လုံးဆိုင်ရာချမ်းသာခြင်းအရသာ)ကို ခံစားရတတ်ပါသည်။ ညအခါမျက်စဉ်းခတ်လျှင် မျက်ရည်ပူမကျဘဲ မနက်အိပ်ရာထမှ မျက်ရည်ပူများ အလိုအလျှောက် စီးကျလာသည်လည်း ရှိပါသည်။ ထိုအခါ တစ်နေ့လုံးနေသာထိုင်သာရှိကာ ကြည့်ရရှုရသည်မှာ ပို၍ အဆင်ပြေလာတတ်ပါသည်။ အိပ်ရာဝင်တိုင်း ခတ်အိပ်လျှင် ပို၍သိသာကာ မျက်စဉ်းအရသာကို ပို၍ခံစားရမည် ဖြစ်ပါသည်။ အခြားအချိန်များမှာ မျက်စဉ်းမခတ်ကောင်းခြင်း မဟုတ်ပါ။ အခြားအချိန်မှာလည်း ခတ်ကောင်းပါသည်။ အခြားအချိန်မှာ မျက်စဉ်းခတ်လျှင် အညောင်းပြေခြင်း၊ မျက်လုံးအပန်းပြေခြင်းမျှသာ ခံစားရပြီး မျက်စဉ်းကောင်းမှန်း အကျိုးရှိမှန်း ကျန်းမာရေးအတွက် အရေးကြီးမှန်း သိရှိနိုင်လောက်အောင် အကျိုးထူးများ ခံစားနိုင်မည် မဟုတ်ပါ။

ထိုသို့ မျက်ရည်ပူကျခြင်းသည် မျက်လုံးအိမ်အတွင်း အပူကိန်းအောင်းနေသောကြောင့် ဖြစ်ပါသည်။ အခိုးအငွေ့အပူနှင့် အအေးဓာတ်ထိတွေ့ရာမှ မျက်ရည်ပူအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မျက်ရည်ပူကျခြင်းသည် ဝမ်းသာကြရမည့် လက္ခဏာ ကောင်းသောလက္ခဏာ ဖြစ်ပါသည်။ မျက်ရည်ပူမကျလျှင် ၎င်းအပူများက မျက်စိရောဂါဖြစ်ပွားသည်အထိ ဘေးဥပဒ်ကို ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် မျက်စဉ်းခတ်သည့်အခါ
မျက်ရည်ပူကျလျှင် ဝမ်းသာလိုက်ပါ။
ရောဂါတွေ ပြိုဆင်းသွားသည်ဟု မှတ်လိုက်ပါ။
လူသားအားလုံး စက္ခုသုခ (မျက်လုံးကျန်းမာရေး)နှင့် ပြည့်စုံကြွယ်ဝကြပါစေ…။

ချစ်ရင်ခတ်
ရွှေမျက်စဉ်းကို တီထွင်သူ