ေဆာင္းပါး

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၆)

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၆)

“တစ္ကိုယ္ေရ သန္႔ရွင္းမႈ”

စာေရးသူသည္ ႏိုင္ငံျခားသားမ်ား၏ လူေနမႈ အဆင့္အတန္းကို အထင္ႀကီးပါသည္။ အထူးသျဖင့္ အေနာက္တိုင္းသားတို႔၏ လူေနမႈအဆင့္အတန္းကို အထင္ႀကီးျခင္း ျဖစ္၏။ သူတို႔ႏွင့္ ယွဥ္လိုက္လွ်င္ မိမိလူမ်ိဳးမ်ား လူေနမႈအဆင့္အတန္း နိမ့္က်ေနေပသည္။ စိတ္မေကာင္းပါ။ သူမ်ားေတြက အိမ္သာကို အိမ္ဦးခန္းႏွင့္ ဧည့္ခန္းအလား သန္႔ရွင္းသပ္ရပ္စြာ တစ္ခမ္းတစ္နား ျပင္ဆင္ထားၾကခ်ိန္မွာ စာေရးသူတို႔ လူမ်ိဳးကား ေတာထိုင္ဓေလ့ က်င့္သုံးေနဆဲ ျဖစ္ပါသည္။ အိမ္တိုင္းမွာ ယင္လုံအိမ္သာ ထားရွိေရးႏွင့္ လူတိုင္းေရေလာင္းအိမ္သာ သုံးစြဲတတ္ေရးအတြက္ အၿမဲတမ္း နည္းလမ္းရွာေဖြေနမိေပသည္။

တရားပြဲမ်ားမွာ ေဟာတတ္သလို အခမ္းအနားမ်ားႏွင့္ စာဝါမ်ား၌လည္း ၾသဝါဒေပးေလ့ရွိပါသည္။ စာသင္သားသံဃာမ်ားအား ၾသဝါဒေပးရာ၌ လူေနမႈအဆင့္အတန္း ျမင့္မားေရးအတြက္ ဘုရားက ေသခိယသိကၡာပုဒ္မ်ား ပညတ္ထားခဲ့ပုံ၊ ေသခိယႏွင့္အညီ ဝတ္စား ဆင္ယင္ႏိုင္၊ ျပဳမူေျပာဆိုႏိုင္၊ ေနထိုင္က်င့္သုံးႏိုင္လွ်င္ လူေနမႈ အဆင့္အတန္း ျမင့္မားၿပီ ျဖစ္ေၾကာင္း၊ လူအထင္ေသး မခံရႏိုင္ေတာ့ေၾကာင္း၊ ၾကည္ညိဳဖြယ္ ေဆာင္ႏိုင္ၿပီျဖစ္ေၾကာင္း သတိေပး ေဆာ္ၾသတတ္ေပသည္။

အက်ိဳးသက္ေရာက္မႈ မ်ားစြာရွိေသာ္လည္း ၿပီးျပည့္စုံသည့္ အဆင့္မဆိုထားဘိ အားရေက်နပ္သည့္ အဆင့္ပင္ မေရာက္ေသးေပ။ အေၾကာင္းမွာ စာေရးသူကို ဝန္းရံေနသည့္ တပည့္အမ်ားအျပားသည္ ဝတ္စားဆင္ယင္မႈ အလြန္စုတ္ခ်ာေသာေၾကာင့္ ျဖစ္၏။ အခ်ိဳ႕ဆိုလွ်င္ အ႐ူးဟု ထင္ရေလာက္ေအာင္၊ ဖိုးေတာဟု ထင္ရေလာက္ေအာင္ ဝတ္ပုံစားပုံ ေနထိုင္ပုံမ်ား ညစ္ပတ္လြန္းသည္ကို ေတြ႕ရေပသည္။ စာေရးသူ ေနထိုင္ဝတ္ဆင္ပုံကိုလည္း အတုခိုးရေကာင္းမွန္း မသိၾကေခ်။

စာေရးသူသည္ တစ္ကိုယ္ေရ သန္႔ရွင္းေရးကို အထူးအေလးထားပါသည္။ သကၤန္းလဲသည့္အခါတိုင္း ကိုယ္ပတ္သကၤန္းကို ေအာက္ခံအျဖစ္ အလ်င္ဝတ္ပါသည္။ ၿပီးမွ ကိုယ္႐ုံ(ဧကသီ) ဝတ္ဆင္ပါသည္။ ေခြၽးထြက္မ်ားလွ်င္ ဧကသီထိ ေခြၽးမေရာက္ေစလိုေသာေၾကာင့္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ ကိုယ္ပတ္သကၤန္းေလးကို ေခြၽးခံသကၤန္းဟု ေခၚဆိုႏိုင္ပါသည္။ အေအးပတ္ေလာက္ေအာင္ ေခြၽးစိုေနၿပီဆိုလွ်င္ ကိုယ္ပတ္သကၤန္းအသစ္ တစ္ထည္လဲပါသည္။ ေခြၽးစိုေနသည့္ ကိုယ္ပတ္သကၤန္းျဖင့္ တစ္ကိုယ္လုံးရွိေခြၽးမ်ားကို သုတ္သင္ပစ္ပါသည္။ ေခြၽးစိုသက္သာသျဖင့္ ဧကသီကို ခဏခဏ ေလွ်ာ္ဖြပ္စရာလည္း မလိုေတာ့ပါ။ အနံ႔အသက္လည္း မဆိုးဝါးေတာ့ပါ။ သင္းပိုင္ကိုလည္း လဲလွယ္ဝတ္ပါသည္။ ေခြၽးစိုသည့္သင္းပိုင္ကို အေျခာက္လွန္းလိုက္ ဝတ္ထားသည့္သင္းပိုင္ ေခြၽး႐ႊဲေနလွ်င္ အေျခာက္လွမ္းထားသည့္သင္ပိုင္ကို ျပန္ဝတ္လိုက္ႏွင့္ မၾကာခဏ လဲေပးျခင္းျဖင့္ တစ္ကိုယ္ေရသန္႔ရွင္းမႈ လုပ္ၿပီးသားျဖစ္သလို အေရျပားက်န္းမာေရးႏွင့္ ပတ္ဝန္းက်င္ ေခြၽးနံ႔ကင္းေရးတို႔အတြက္လည္း လုပ္ေဆာင္ၿပီးသား ျဖစ္သြားပါသည္။ ေက်ာင္းမွာေနလွ်င္ အၾကမ္းသကၤန္းမ်ားသာဝတ္ဆင္ၿပီး အခမ္းအနားရွိမွ သကၤန္းသစ္မ်ား ဝတ္ဆင္ပါသည္။ သကၤန္းမ်ားကို ေလွ်ာ္ဖြပ္၊ မီးေႂကြတိုက္ၿပီးမွ ဝတ္ပါသည္။ တပည့္မ်ားက မီးေႂကြတိုက္ေပးၾကပါသည္။

ကိုယ္ပတ္သကၤန္းကို အတြင္းခံဝတ္သျဖင့္ ဧကသီ (ကိုယ္႐ုံ)သကၤန္း ေခြၽးေပသက္သာေပသည္။ ဆားေပါက္ျခင္းမ်ိဳး လုံးဝ မျဖစ္ေတာ့ပါ။ ကိုယ္ပတ္သကၤန္းကို တစ္ေန႔သုံးႀကိမ္ လဲလွယ္ဝတ္ၿပီးလွ်င္ ေခြၽးအေပဆုံး သကၤန္းကို ေရခ်ိဳးသည့္အခါဝတ္၍ ခ်ိဳးပါသည္။ မိမိအနံ႔ သူတစ္ပါး မထိခိုက္ေတာ့ပါ။ မႏၲေလးျပန္လွ်င္ အၾကမ္းဝတ္သကၤန္းမ်ား ထားခဲ့ရသျဖင့္ ေဝယ်ာဝစၥ ဒကာမ်ားက ေလွ်ာ္ဖြပ္ထားေပးရပါသည္။ ထိုဒကာမ်ားလည္း အလုပ္မအားလွ်င္ ၎တို႔၏ အိမ္ရွင္မမ်ားကို ေလွ်ာ္ဖြပ္ခိုင္းၾကပါသည္။ ေခြၽးနံ႔လည္းမရ၊ ေၾကးေညႇာ္လည္း မေပသည္ကို ေတြ႕ရွိရသျဖင့္ မဝတ္ရေသးသည့္ သကၤန္းႏွင့္ မွား၍ ေလွ်ာ္ခိုင္းသည္ဟု ထင္ေနၾကပါသည္။ သူတို႔ ေလွ်ာ္ဖြပ္ရသည့္ အဝတ္အစားမ်ားႏွင့္ တစ္ျခားစီ ျဖစ္ေနေသာေၾကာင့္တည္း။

ကိုယ္ပတ္သကၤန္းမ်ား မေလွ်ာ္မိလွ်င္မူ အေရျပားမ်ားက အခ်က္ျပပါသည္။ ဝမ္းဗိုက္အေရျပားမ်ား ယားယံလာျခင္း ျဖစ္၏။ ထို႔ေၾကာင့္ ကိုယ္ပတ္တစ္ထည္လွ်င္ သုံးႀကိမ္ထက္ပို၍ မဝတ္ေတာ့ပါ။ ႏွစ္ႀကိမ္ သုံးႀကိမ္ ဝတ္ၿပီးလွ်င္ ေလွ်ာ္ဖြပ္ မီးပူတိုက္ရပါေတာ့၏။သုံးရက္ဆက္တိုက္ ေရခ်ဳိးခ်ိန္မရသည့္ ေန႔မ်ားလည္း မၾကာခဏ ႀကံဳရတတ္ပါသည္။ ထိုအခါ အေရျပားမ်ား ယားယံလာတတ္ပါသည္။ ထို႔ေၾကာင့္ ေရခ်ဳိးျခင္းကို တစ္ကိုယ္ေရသန္႔ရွင္းမွုအျဖစ္သာ လုပ္ေဆာင္ျခင္း မဟုတ္ဘဲ က်န္းမားေရးအရပါ လုပ္ေဆာင္ေနရပါသည္။

ေရခ်ိဳးခန္းဝင္တိုင္း လက္ေဆးပါသည္။ ေရေသာက္မ်ားသျဖင့္ ဆီးမၾကာခဏသြားတတ္ရာ ဆီးသြားၿပီးတိုင္း လက္ေဆးတတ္ပါသည္။ အစာစားၿပီးသည့္အခါျဖစ္ေစ၊ အေအးေသာက္ၿပီးသည့္အခါျဖစ္ေစ လက္ေဆး ပါးစပ္ေဆး အၿမဲလုပ္ပါသည္။ ခံတြင္းထဲမွာ ပုံမွန္မဟုတ္ဘဲ တစ္ခုခုထူးျခားေနသည္ဟု ခံစားမိလွ်င္ သို႔မဟုတ္ စိတ္ေက်နပ္မႈ မရွိလွ်င္လည္း ပါးစပ္ေဆးတတ္ပါသည္။

ေရေႏြးၾကမ္းပန္ကန္ထဲ ဟင္းျဖစ္ေစ ႏြားႏို႔ျဖစ္ေစ တစ္ခုခုထည့္မိလွ်င္ မည္မွ်ပင္ ေျပာင္စင္ေအာင္ ေဆးေၾကာထားေစကာမူ အနံ႔အသက္မေပ်ာက္ပါ။ ဟင္းနံ႔ ႏို႔နံ႔မ်ား စြဲထင္က်န္ရစ္သည္သာ ျဖစ္ပါသည္။ ဤသည္မွာ လၻက္ေျခာက္အာနိသင္ပင္ ျဖစ္ပါသည္။ လၻက္ေျခာက္က အသန္႔အရွင္း အလြန္ႀကိဳက္ပါသည္။ စာေရးသူသည္ ေရေႏြးၾကမ္းသာ အေသာက္မ်ားသျဖင့္ စာေရးသူ၏လည္ေခ်ာင္းက အၿမဲသန္႔ရွင္းေနေပသည္။ ေဖ်ာ္ရည္ေသာက္ၿပီး ေရေသာက္႐ုံ ပါးစပ္ေဆး႐ုံ သြားတိုက္႐ုံျဖင့္ လည္ေခ်ာင္းမေျပာင္စင္ပါ။ လည္ေခ်ာင္းထဲ၌ တစ္ခုခု ညစ္ေထးေပေရေနသလို ခံစားရပါသည္။ ယားသကဲ့သို႔လည္းေကာင္း၊ ေလးလံထူပိန္းေနသကဲ့သို႔ လည္းေကာင္း အမူအရာထူးျခားမႈတစ္ခု အၿမဲျဖစ္ေပၚတတ္ပါသည္။ ထိုအခါ ေရေႏြးၾကမ္းျဖင့္ ပါးလုပ္က်င္းေပးရပါသည္။ ေရေႏြးၾကမ္း ေသာက္ေပးရပါသည္။ ထိုအခါမွ လည္ေခ်ာင္းသန္႔ရွင္းသြားပါေတာ့သည္။ ေနထိုင္ေကာင္းသြားပါေတာ့သည္။ စာရႈသူတို႔လည္း လည္ေခ်ာင္းသန္႔ရွင္းေရးအတြက္ အစာစားၿပီးတိုင္း ေရေႏြးၾကမ္းျဖင့္ ပါးလုပ္က်င္းေပးၾကေစလိုပါသည္။ ေရေႏြးၾကမ္း ေသာက္ေပးၾကေစလိုပါသည္။ သြားတိုက္႐ုံ ပါးစပ္ေဆး႐ုံျဖင့္ လည္ေခ်ာင္းမသန္႔ရွင္းေသာေၾကာင့္ ျဖစ္ပါသည္။

စာေရးသူ ေရခ်ိဳးသည့္အခါ အၾကမ္းခဲႏွင့္ အေခ်ာခဲ ဆပ္ျပာႏွစ္မ်ိဳးလုံး သုံးပါသည္။ အၾကမ္းခဲအျဖစ္ ေ႐ႊဝါ (သို႔မဟုတ္) ကာေဘာလစ္ကို သုံးပါသည္။ အေမႊးခဲႏွင့္ ဆပ္ျပာဆီကား ႀကဳံသလို ရသလို သုံးပါသည္။ တစ္မ်ိဳးတည္း စြဲၿမဲစြာ သုံးေလ့မရွိပါ။ အၾကမ္းအလ်င္တိုက္ၿပီးမွ အေခ်ာတိုက္ပါသည္။ အေရျပားဆိုင္ရာ ပိုးမႊားေလးမ်ား ကင္းစင္ေစလိုေသာေၾကာင့္ ျဖစ္၏။ အေခ်ာကိုမူ အနံ႔အသက္ ေကာင္းေစလို၍ သုံးျခင္း ျဖစ္ပါသည္။ ယခုအခါ ဆပ္ျပာေမႊးမ်ား လုံးဝ မသုံးစြဲေတာ့ပါ။ အယုံအၾကည္ မရွိေသာေၾကာင့္ ျဖစ္၏။ ေၾကးေညႇာ္မ်ား ကင္းစင္သြားေသာ္လည္း ၎တို႔၌ပါဝင္ေသာ ဓာတုေဆးရည္မ်ားက ေမႊးညႇင္းေပါက္မ်ားထဲ ဝင္ေရာက္ကိန္းေအာင္းေနသည္ကို ေတြ႕ရွိခဲ့ရပါသည္။ ၾကာလွ်င္ အေရျပား ထိခိုက္ႏိုင္ပါသည္။ မိတ္ကပ္လိမ္းသူမ်ားလို အေရျပား မြဲျခင္း ေျခာက္ကပ္ျခင္းမ်ား ျဖစ္လာသည္ကို ေတြ႕ရွိရပါသည္။ ေခြၽးထြက္နည္းသူမ်ား ပို၍ထိခိုက္ႏိုင္ပါသည္။ ထို႔ေၾကာင့္ ေမႊးဆပ္ျပာမ်ား လုံးဝ မသုံးစြဲေတာ့ျခင္း ျဖစ္ပါသည္။ အၾကမ္းခဲသာ သုံးစဲြပါေတာ့၏။

သန္႔စင္ခန္းဝင္သည့္အခါ ဘိုထိုင္ေပၚမွာ ထိုင္စရာ ကရြတ္ေခြအဝိုင္းကြင္းေလးေပၚ ေရေတြတင္ေနလွ်င္ တစ္ရႉးျဖင့္ သုတ္ခ်ၿပီးမွ ထိုင္ပါသည္။ ဆီးဝမ္းသြားၿပီးသည့္အခါ၌လည္း ၎အဝိုင္းကြင္းေလးကို ျပန္ေထာင္ထားခဲ့ပါသည္။ အျခားသူမ်ား သြားလိုလွ်င္ ေရသုတ္စရာ မလိုဘဲ အဆင္သင့္အသုံးျပဳႏိုင္ေစရန္ ရည္႐ြယ္ပါသည္။ ခရီးသြားသည့္အခါ ထိုႏႈတ္ခမ္းေလးေပၚ ေရတင္ေနသည္ကို ေတြ႕လွ်င္ တစ္ရႉးျဖင့္ သုတ္ပစ္တတ္ပါသည္။ တစ္ရႉးမရွိလွ်င္ လက္ျဖင့္သုတ္ၿပီးမွ ေရေဆးပါသည္။ ေက်ာင္းမွာ ထိုသို႔ေတြ႕လွ်င္ အစပိုင္း၌ တစ္ပါးတည္း ႀကိတ္မွိတ္သုတ္ေနတတ္ေသာ္လည္း ေနာက္ပိုင္းတြင္မူ တပည့္မ်ားကိုေခၚျပကာ ေရတင္ေအာင္ မသုံးဖို႔ႏွင့္ သုံးၿပီးက ျပန္ေထာင္ခဲ့ဖို႔ သင္ျပေပးရပါေတာ့သည္။ အခ်ိဳ႕မွာ သေဘာေပါက္သြားေသာ္လည္း အခ်ိဳ႕ကမူ နားလည္မႈလြဲကာ မသုံးေစခ်င္ဘူးထင္၍ အမ်ားသုံး ကုဋီမ်ားသို႔သာ သြားၾကပါေတာ့သည္။ ႐ြံတတ္၍လည္း မဟုတ္ပါ။ မတက္ေစခ်င္၍လည္း မဟုတ္ပါ။ ဖင္ထိုင္ရမည့္ေနရာ ေရတင္ေနလွ်င္ လုံးဝ မထိုင္တတ္ေသာေၾကာင့္ ျဖစ္ပါသည္။

စာေရးသူ အပ်င္းဆုံးအလုပ္ကို ျပပါဆိုလွ်င္ လက္သည္း ေျခသည္း ညႇပ္ျခင္းပင္။ မွန္ပါသည္။ လက္သည္း ေျခသည္း ညႇပ္ရမွာ အလြန္ပ်င္းပါသည္။ အခမ္းအနားရွိမွ တရားပြဲရွိမွ ပရိသတ္ႏွင့္ ထိေတြ႕စရာရွိမွ ညႇပ္ျဖစ္ပါသည္။ ေခါင္းရိတ္ျခင္း၊ ႏႈတ္ခမ္းေမႊး မုဆိတ္ေမႊးရိတ္ျခင္းမ်ားကို မပ်င္းေသာ္လည္း လက္သည္း ေျခသည္း ညႇပ္ျခင္းကား အလြန္တရာ ပ်င္းရိဖြယ္ အလုပ္တစ္ခု ျဖစ္ေနေပေတာ့၏။ တစ္ခါေသာ္ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ အခမ္းအနားတြင္ ဆရာေတာ္တစ္ပါးက စာေရးသူလက္ကို ကိုက္ေျမႇာက္ကာ လက္သည္းရွည္ေနေၾကာင္း ျပသသည္ႏွင့္ ႀကဳံရေပသည္။ “သီးသန္႔အခ်ိန္ မေပးႏိုင္လို႔ပါဘုရား”ဟု ေလွ်ာက္လိုက္ရေလ၏။ အလုပ္ကိုသာ စိတ္ဝင္စားေနသျဖင့္ လက္သည္းညႇပ္ခ်ိန္ မေပးႏိုင္သည္လည္း အေၾကာင္းတစ္ရပ္ပင္။ ရန္ကုန္ေရာက္လွ်င္ တည္းခိုသည့္အိမ္၌ ဧည့္သည္တစ္ဦးက စာေရးသူကို ႏႈတ္ဆက္ကာ ေျခမကို လက္ညႇိဴးထိုး၍ ျပေလသည္။ “ဆရာေတာ့္ ေျခသည္းေတြေတာင္ ပဲ့ေနပါေရာလား”ဟု ေလွ်ာက္ထားသည္ႏွင့္ ႀကဳံခဲ့ရေလသည္။ လက္သည္းေျခသည္းမ်ား ညႇပ္၍ ၿပီးစီးသြားလွ်င္လည္း ဧရာမလုပ္ငန္းႀကီးတစ္ခု ၿပီးစီးသြားသလို စိတ္ေပါ့ပါး သြားခဲ့ရေပသည္။ “ေအာင္ၿပီ ေအာင္ၿပီ”ဟု မၾကာခဏ ေႂကြးေၾကာ္ဖူးေလ၏။ ေအာင္ႏိုင္ခဲေသာအရာကို ေအာင္ႏိုင္ခဲ့ျခင္း ျဖစ္သည္ဟု ခံစားမိရပါေလေတာ့၏။

သြားတိုက္သည့္အခါ သြားဖုံးႂကြက္သားမ်ားကို အၿမဲတမ္း လက္ျဖင့္ ဖိေပး ပြတ္ေပးတတ္ပါသည္။ သြားဖုံးအတြင္း အရိအ႐ႊဲမ်ား ကိန္းေအာင္းႏိုင္ေသာေၾကာင့္ ျဖစ္၏။ သတိရလွ်င္ရသလို အတြင္းအျပင္ သြားဖုံးမ်ားကို လက္ညႇိဳးႏွင့္လက္မဖိ၍ မၾကာခဏ ျဖစ္ညႇစ္ေပးပါသည္။ သြားတိုက္႐ုံျဖင့္ သြားဖုံးႂကြက္သားမ်ား သန္႔ရွင္းေရးကိစၥ မၿပီးစီးႏိုင္ေသာေၾကာင့္ ျဖစ္၏။ အားလုံးၿပီးလွ်င္ကား ကြမ္း႐ြက္ငုံထားေလ့ရွိပါသည္။ ခံတြင္း သန္႔ရွင္းေစလိုေသာေၾကာင့္ ျဖစ္၏။ သြားဖုံးမွ အပူမ်ား အာေခါင္ႏွင့္ ပါးေစာင္မွ အပူမ်ား လွ်ာႏွင့္ အာေစာက္မွ အပူမ်ားကို ကြမ္း႐ြက္က စုပ္ယူေပးသျဖင့္ ခံတြင္းနံ႔လည္း မနံေတာ့ပါ။က်န္းမာေရးလည္း အေထာက္အကူ ျပဳေပသည္။

လက္သုတ္ပုဝါအျဖစ္ တစ္ရႉးကိုသာ သုံးပါသည္ စာအုပ္ကိုင္ၿပီးလွ်င္ ျဖစ္ေစ၊ စားစရာ တစ္ခုခု ကိုင္ၿပီးလွ်င္ျဖစ္ေစ တစ္ရႉးျဖင့္ လက္သုတ္ပါသည္။ နား၊ ႏွာေခါင္းႏွင့္ ႏႈတ္ခမ္းမ်ားကိုလည္း တစ္ရႉးျဖင့္သာ သုတ္ပါသည္။ ထို႔ေၾကာင့္ ကြန္ပ်ဴတာခန္း၊ အိပ္ခန္း၊ ဧည့္ခံရာေနရာေတြမွာ တစ္ရႉးအဆင္သင့္ ထားရွိပါသည္။ ကားေပၚမွာလည္း အၿမဲထားသလို တည္းခိုရာအိပ္ခန္း ကုတင္ေဘးမွာလည္း အၿမဲထားပါသည္။ တစ္ကိုယ္ေရ သန္႔ရွင္းမႈအတြက္ အေရးပါလွသည့္ အရာဝတၳဳ ျဖစ္ေလ၏။ တရားေဟာလွ်င္လည္း ပလႅင္ေပၚမွာ တစ္ရႉးအၿမဲ ထားပါသည္။ ႏွာေခါင္းႏွင့္ ႏႈတ္ခမ္းအဆီမ်ား ဖယ္ရွားဖို႔ ျဖစ္၏။ တစ္ရႉးျဖင့္ ႏွာေခါင္းကို မၾကာခဏ သုတ္သည္ကို ၾကည့္၍ မူးယဇ္ေဆး သုံးေနသည္ဟု ေဝဖန္သူမ်ားလည္း ရွိပါသည္။ ၎အျပင္ တစ္ရႉးမွာ မူးယဇ္ေဆး ထုံထားသည္ ဆို၏။ ဟာသတစ္ခုပင္။

ေန႔ဆြမ္းစားၿပီး သြားတိုက္ ေဆးေၾကာၿပီးသည့္အခ်ိန္ မွစ၍ ေျခေထာက္ေရအထိ မခံေတာ့ပါ။ ေျခေထာက္ေရထိလွ်င္ အပူကန္တတ္ေသာေၾကာင့္ ျဖစ္၏။ ထို႔ေၾကာင့္ ေရခ်ိဳးခန္းထဲမွာ ဖိနပ္တစ္ရံ ထားရပါသည္။ တရားေဟာႂကြသည့္အခါ၌ကား အလြယ္တကူ ဖိနပ္ရွာရလွ်င္ ဖိနပ္ထားေပးဖို႔ ေျပာရၿပီး မလြယ္ကူလွ်င္ မိမိစီးေနက် ဖိနပ္ကို ေရခ်ိဳးခန္းထဲ ထားလိုက္ပါသည္။ အမ်ားသုံးေရခ်ိဳးခန္း ျဖစ္ေနလွ်င္ ကိစၥၿပီးသည့္အခါ ဖိနပ္ကိုေထာင္ၿပီး ေရစစ္ထားခဲ့ဖို႔ အၿမဲမွာရပါသည္။ ေျခဖဝါး ေရထိမခံေသာ ေရာဂါတည္း။ ေျခေထာက္သာ ေရအထိမခံႏိုင္ျခင္း မဟုတ္ပါ။ မြန္းလြဲပိုင္းတြင္ ေရလည္းခ်ိဳးေလ့ မရွိပါ။ တစ္ႏွစ္မွာ တစ္ခါပင္ မခ်ိဳးဖူးပါ။ က်န္းမာေရးေၾကာင့္ ျဖစ္ပါသည္။ မြန္းလြဲပိုင္း ေရခ်ိဳးမိလွ်င္ ခႏၶာကိုယ္ ယႏၲရားႀကီးက ေျပာင္းျပန္လည္ပတ္သြားေသာေၾကာင့္ျဖစ္၏။ ဥပမာ-မနက္အိပ္ရာထ ဝမ္းသြားရမည့္အစား ညေနမွ ဝမ္းသြားျခင္းမ်ိဳး၊ ေသြးေလမညီၫြတ္ေတာ့သျဖင့္ ေလးလံထိုင္းမႈိင္း ကိုက္ခဲေနျခင္းမ်ိဳး ျဖစ္ပါသည္။ ညေနပိုင္း ေရမခ်ိဳးသည့္ အေလ့မွာ ကိုရင္ဘဝကတည္းက ျဖစ္ပါသည္။ အပူခ်ိန္ မည္မွ်ႀကီးမားေစကာမူ ေခြၽးခဏခဏ သုတ္ပစ္ေလ့သာရွိၿပီး လုံးဝ ေရမခ်ိဳးပါ။ “ဆရာေတာ္ ေနႏိုင္သားပဲေနာ္”ဟု ေလွ်ာက္ထားခံရမႈမ်ား မၾကာခဏ ၾကားရတတ္ပါသည္။ သူတို႔က စာေရးသူကို အံ့ၾသၾကသလို စာေရးသူကလည္း သူတို႔ကို အံ့ၾသေနမိေပသည္။ “လူေတြ ဘာေၾကာင့္မ်ား ညေနဘက္မွာ ေရခ်ိဳးၾကပါလိမ့္”ဟု အၿမဲ ေတြးေနတတ္သလို ကာမဂုဏ္အတြက္ ျဖစ္လိမ့္မည္ဟုလည္း စိတ္ထဲမွာ အေျဖေပးေနတတ္ပါသည္။

“တစ္ေန႔တစ္ႀကိမ္သာ ေရခ်ိဳးပါ”
“ညေနဘက္မွာ ေရခ်ိဳးတာ က်န္းမာေရးႏွင့္ မညီၫြတ္ပါ။”
ဤကား စာေရးသူ၏ ကိုယ္ပိုင္ေဆာင္ပုဒ္ျဖစ္ပါသည္။

ညအိပ္ရာဝင္ခါနီးတြင္ လက္ေဆးပါးစပ္ေဆး ထပ္မံလုပ္ပါသည္။ ထို႔ေၾကာင့္ မနက္အိပ္ရာထသည့္အခါ သြားတိုက္စရာ မလိုေတာ့ပါ။ ညေနပိုင္းတြင္ အေအးႏွင့္ ပ်ားသံပုရာရည္သာ မွီဝဲသျဖင့္ ညအိပ္ရာဝင္သည့္အခါမွာလည္း သြားတိုက္စရာ မလိုပါ။ မနက္အိပ္ရာထလည္း သြားတိုက္စရာ မလိုပါ။ သြားတိုက္ေဆး သြားတိုက္တံျဖင့္ တိုက္စရာမလိုျခင္းကို ဆိုလိုပါသည္။ ဆား သို႔မဟုတ္ ေဆးမႈန္႔ျဖင့္ကား တိုက္တတ္ပါသည္။ မနက္စာ စားၿပီးလွ်င္ကား သြားတိုက္ပါသည္။ ေန႔ဆြမ္းစားၿပီးလွ်င္လည္း သြားတိုက္တတ္ပါသည္။ မနက္စာတြင္ ဆန္ျပဳတ္ႏွင့္ အခြံမာသီးမွ်သာ ဘုဥ္းေပးခဲ့ပါက သြားမတိုက္ျဖစ္ပါ။ ဆီႏွင့္ အညႇီမ်ား ပါဝင္မွသာ သြားတိုက္ျခင္း ျဖစ္ပါသည္။

တစ္ေန႔သုံးႀကိမ္ ႐ြတ္ဖတ္ပူေဇာ္သည့္အခါ၌လည္း ပါးစပ္ေဆးၿပီးမွ ႐ြတ္ဖတ္ပူေဇာ္ပါသည္။ ခံတြင္းနံ႔ သန္႔ရွင္းေအာင္ အလ်င္လုပ္ၿပီးမွ ပရိတ္ပ႒ာန္းမ်ား ႐ြတ္ဖတ္ပူေဇာ္တတ္ပါသည္။ ညအိပ္ရာဝင္သည့္အခါ ကြမ္း႐ြက္ငုံ၍ အိပ္တတ္ျခင္း၊ အာေခါင္ေျခာက္လွ်င္ ကြမ္း႐ြက္ငုံထားျခင္း သတိရသည့္အခါတိုင္း ကြမ္း႐ြက္ငုံေလ့ရွိျခင္းတို႔ေၾကာင့္ ခံတြင္းသန္႔ရွင္းသည္ဟု ယုံၾကည္ေနမိပါသည္။
(တစ္ကိုယ္ရည္ သန္႔ရွင္းမႈ ၿပီးပါၿပီ။)

ဝီရသူ(မစိုးရိမ္)
19.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆)

“တစ်ကိုယ်ရေ သန့်ရှင်းမှု”

စာရေးသူသည် နိုင်ငံခြားသားများ၏ လူနေမှု အဆင့်အတန်းကို အထင်ကြီးပါသည်။ အထူးသဖြင့် အနောက်တိုင်းသားတို့၏ လူနေမှုအဆင့်အတန်းကို အထင်ကြီးခြင်း ဖြစ်၏။ သူတို့နှင့် ယှဉ်လိုက်လျှင် မိမိလူမျိုးများ လူနေမှုအဆင့်အတန်း နိမ့်ကျနေပေသည်။ စိတ်မကောင်းပါ။ သူများတွေက အိမ်သာကို အိမ်ဦးခန်းနှင့် ဧည့်ခန်းအလား သန့်ရှင်းသပ်ရပ်စွာ တစ်ခမ်းတစ်နား ပြင်ဆင်ထားကြချိန်မှာ စာရေးသူတို့ လူမျိုးကား တောထိုင်ဓလေ့ ကျင့်သုံးနေဆဲ ဖြစ်ပါသည်။ အိမ်တိုင်းမှာ ယင်လုံအိမ်သာ ထားရှိရေးနှင့် လူတိုင်းရေလောင်းအိမ်သာ သုံးစွဲတတ်ရေးအတွက် အမြဲတမ်း နည်းလမ်းရှာဖွေနေမိပေသည်။

တရားပွဲများမှာ ဟောတတ်သလို အခမ်းအနားများနှင့် စာဝါများ၌လည်း သြဝါဒပေးလေ့ရှိပါသည်။ စာသင်သားသံဃာများအား သြဝါဒပေးရာ၌ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဘုရားက သေခိယသိက္ခာပုဒ်များ ပညတ်ထားခဲ့ပုံ၊ သေခိယနှင့်အညီ ဝတ်စား ဆင်ယင်နိုင်၊ ပြုမူပြောဆိုနိုင်၊ နေထိုင်ကျင့်သုံးနိုင်လျှင် လူနေမှု အဆင့်အတန်း မြင့်မားပြီ ဖြစ်ကြောင်း၊ လူအထင်သေး မခံရနိုင်တော့ကြောင်း၊ ကြည်ညိုဖွယ် ဆောင်နိုင်ပြီဖြစ်ကြောင်း သတိပေး ဆော်သြတတ်ပေသည်။

အကျိုးသက်ရောက်မှု များစွာရှိသော်လည်း ပြီးပြည့်စုံသည့် အဆင့်မဆိုထားဘိ အားရကျေနပ်သည့် အဆင့်ပင် မရောက်သေးပေ။ အကြောင်းမှာ စာရေးသူကို ဝန်းရံနေသည့် တပည့်အများအပြားသည် ဝတ်စားဆင်ယင်မှု အလွန်စုတ်ချာသောကြောင့် ဖြစ်၏။ အချို့ဆိုလျှင် အရူးဟု ထင်ရလောက်အောင်၊ ဖိုးတောဟု ထင်ရလောက်အောင် ဝတ်ပုံစားပုံ နေထိုင်ပုံများ ညစ်ပတ်လွန်းသည်ကို တွေ့ရပေသည်။ စာရေးသူ နေထိုင်ဝတ်ဆင်ပုံကိုလည်း အတုခိုးရကောင်းမှန်း မသိကြချေ။

စာရေးသူသည် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးအလေးထားပါသည်။ သင်္ကန်းလဲသည့်အခါတိုင်း ကိုယ်ပတ်သင်္ကန်းကို အောက်ခံအဖြစ် အလျင်ဝတ်ပါသည်။ ပြီးမှ ကိုယ်ရုံ(ဧကသီ) ဝတ်ဆင်ပါသည်။ ချွေးထွက်များလျှင် ဧကသီထိ ချွေးမရောက်စေလိုသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပတ်သင်္ကန်းလေးကို ချွေးခံသင်္ကန်းဟု ခေါ်ဆိုနိုင်ပါသည်။ အအေးပတ်လောက်အောင် ချွေးစိုနေပြီဆိုလျှင် ကိုယ်ပတ်သင်္ကန်းအသစ် တစ်ထည်လဲပါသည်။ ချွေးစိုနေသည့် ကိုယ်ပတ်သင်္ကန်းဖြင့် တစ်ကိုယ်လုံးရှိချွေးများကို သုတ်သင်ပစ်ပါသည်။ ချွေးစိုသက်သာသဖြင့် ဧကသီကို ခဏခဏ လျှော်ဖွပ်စရာလည်း မလိုတော့ပါ။ အနံ့အသက်လည်း မဆိုးဝါးတော့ပါ။ သင်းပိုင်ကိုလည်း လဲလှယ်ဝတ်ပါသည်။ ချွေးစိုသည့်သင်းပိုင်ကို အခြောက်လှန်းလိုက် ဝတ်ထားသည့်သင်းပိုင် ချွေးရွှဲနေလျှင် အခြောက်လှမ်းထားသည့်သင်ပိုင်ကို ပြန်ဝတ်လိုက်နှင့် မကြာခဏ လဲပေးခြင်းဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ပြီးသားဖြစ်သလို အရေပြားကျန်းမာရေးနှင့် ပတ်ဝန်းကျင် ချွေးနံ့ကင်းရေးတို့အတွက်လည်း လုပ်ဆောင်ပြီးသား ဖြစ်သွားပါသည်။ ကျောင်းမှာနေလျှင် အကြမ်းသင်္ကန်းများသာဝတ်ဆင်ပြီး အခမ်းအနားရှိမှ သင်္ကန်းသစ်များ ဝတ်ဆင်ပါသည်။ သင်္ကန်းများကို လျှော်ဖွပ်၊ မီးကြွေတိုက်ပြီးမှ ဝတ်ပါသည်။ တပည့်များက မီးကြွေတိုက်ပေးကြပါသည်။

ကိုယ်ပတ်သင်္ကန်းကို အတွင်းခံဝတ်သဖြင့် ဧကသီ (ကိုယ်ရုံ)သင်္ကန်း ချွေးပေသက်သာပေသည်။ ဆားပေါက်ခြင်းမျိုး လုံးဝ မဖြစ်တော့ပါ။ ကိုယ်ပတ်သင်္ကန်းကို တစ်နေ့သုံးကြိမ် လဲလှယ်ဝတ်ပြီးလျှင် ချွေးအပေဆုံး သင်္ကန်းကို ရေချိုးသည့်အခါဝတ်၍ ချိုးပါသည်။ မိမိအနံ့ သူတစ်ပါး မထိခိုက်တော့ပါ။ မန္တလေးပြန်လျှင် အကြမ်းဝတ်သင်္ကန်းများ ထားခဲ့ရသဖြင့် ဝေယျာဝစ္စ ဒကာများက လျှော်ဖွပ်ထားပေးရပါသည်။ ထိုဒကာများလည်း အလုပ်မအားလျှင် ၎င်းတို့၏ အိမ်ရှင်မများကို လျှော်ဖွပ်ခိုင်းကြပါသည်။ ချွေးနံ့လည်းမရ၊ ကြေးညှော်လည်း မပေသည်ကို တွေ့ရှိရသဖြင့် မဝတ်ရသေးသည့် သင်္ကန်းနှင့် မှား၍ လျှော်ခိုင်းသည်ဟု ထင်နေကြပါသည်။ သူတို့ လျှော်ဖွပ်ရသည့် အဝတ်အစားများနှင့် တစ်ခြားစီ ဖြစ်နေသောကြောင့်တည်း။

ကိုယ်ပတ်သင်္ကန်းများ မလျှော်မိလျှင်မူ အရေပြားများက အချက်ပြပါသည်။ ဝမ်းဗိုက်အရေပြားများ ယားယံလာခြင်း ဖြစ်၏။ ထို့ကြောင့် ကိုယ်ပတ်တစ်ထည်လျှင် သုံးကြိမ်ထက်ပို၍ မဝတ်တော့ပါ။ နှစ်ကြိမ် သုံးကြိမ် ဝတ်ပြီးလျှင် လျှော်ဖွပ် မီးပူတိုက်ရပါတော့၏။သုံးရက်ဆက်တိုက် ရေချိုးချိန်မရသည့် နေ့များလည်း မကြာခဏ ကြုံရတတ်ပါသည်။ ထိုအခါ အရေပြားများ ယားယံလာတတ်ပါသည်။ ထို့ကြောင့် ရေချိုးခြင်းကို တစ်ကိုယ်ရေသန့်ရှင်းမှုအဖြစ်သာ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ကျန်းမားရေးအရပါ လုပ်ဆောင်နေရပါသည်။

ရေချိုးခန်းဝင်တိုင်း လက်ဆေးပါသည်။ ရေသောက်များသဖြင့် ဆီးမကြာခဏသွားတတ်ရာ ဆီးသွားပြီးတိုင်း လက်ဆေးတတ်ပါသည်။ အစာစားပြီးသည့်အခါဖြစ်စေ၊ အအေးသောက်ပြီးသည့်အခါဖြစ်စေ လက်ဆေး ပါးစပ်ဆေး အမြဲလုပ်ပါသည်။ ခံတွင်းထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ခုခုထူးခြားနေသည်ဟု ခံစားမိလျှင် သို့မဟုတ် စိတ်ကျေနပ်မှု မရှိလျှင်လည်း ပါးစပ်ဆေးတတ်ပါသည်။

ရေနွေးကြမ်းပန်ကန်ထဲ ဟင်းဖြစ်စေ နွားနို့ဖြစ်စေ တစ်ခုခုထည့်မိလျှင် မည်မျှပင် ပြောင်စင်အောင် ဆေးကြောထားစေကာမူ အနံ့အသက်မပျောက်ပါ။ ဟင်းနံ့ နို့နံ့များ စွဲထင်ကျန်ရစ်သည်သာ ဖြစ်ပါသည်။ ဤသည်မှာ လ္ဘက်ခြောက်အာနိသင်ပင် ဖြစ်ပါသည်။ လ္ဘက်ခြောက်က အသန့်အရှင်း အလွန်ကြိုက်ပါသည်။ စာရေးသူသည် ရေနွေးကြမ်းသာ အသောက်များသဖြင့် စာရေးသူ၏လည်ချောင်းက အမြဲသန့်ရှင်းနေပေသည်။ ဖျော်ရည်သောက်ပြီး ရေသောက်ရုံ ပါးစပ်ဆေးရုံ သွားတိုက်ရုံဖြင့် လည်ချောင်းမပြောင်စင်ပါ။ လည်ချောင်းထဲ၌ တစ်ခုခု ညစ်ထေးပေရေနေသလို ခံစားရပါသည်။ ယားသကဲ့သို့လည်းကောင်း၊ လေးလံထူပိန်းနေသကဲ့သို့ လည်းကောင်း အမူအရာထူးခြားမှုတစ်ခု အမြဲဖြစ်ပေါ်တတ်ပါသည်။ ထိုအခါ ရေနွေးကြမ်းဖြင့် ပါးလုပ်ကျင်းပေးရပါသည်။ ရေနွေးကြမ်း သောက်ပေးရပါသည်။ ထိုအခါမှ လည်ချောင်းသန့်ရှင်းသွားပါတော့သည်။ နေထိုင်ကောင်းသွားပါတော့သည်။ စာရှုသူတို့လည်း လည်ချောင်းသန့်ရှင်းရေးအတွက် အစာစားပြီးတိုင်း ရေနွေးကြမ်းဖြင့် ပါးလုပ်ကျင်းပေးကြစေလိုပါသည်။ ရေနွေးကြမ်း သောက်ပေးကြစေလိုပါသည်။ သွားတိုက်ရုံ ပါးစပ်ဆေးရုံဖြင့် လည်ချောင်းမသန့်ရှင်းသောကြောင့် ဖြစ်ပါသည်။

စာရေးသူ ရေချိုးသည့်အခါ အကြမ်းခဲနှင့် အချောခဲ ဆပ်ပြာနှစ်မျိုးလုံး သုံးပါသည်။ အကြမ်းခဲအဖြစ် ရွှေဝါ (သို့မဟုတ်) ကာဘောလစ်ကို သုံးပါသည်။ အမွှေးခဲနှင့် ဆပ်ပြာဆီကား ကြုံသလို ရသလို သုံးပါသည်။ တစ်မျိုးတည်း စွဲမြဲစွာ သုံးလေ့မရှိပါ။ အကြမ်းအလျင်တိုက်ပြီးမှ အချောတိုက်ပါသည်။ အရေပြားဆိုင်ရာ ပိုးမွှားလေးများ ကင်းစင်စေလိုသောကြောင့် ဖြစ်၏။ အချောကိုမူ အနံ့အသက် ကောင်းစေလို၍ သုံးခြင်း ဖြစ်ပါသည်။ ယခုအခါ ဆပ်ပြာမွှေးများ လုံးဝ မသုံးစွဲတော့ပါ။ အယုံအကြည် မရှိသောကြောင့် ဖြစ်၏။ ကြေးညှော်များ ကင်းစင်သွားသော်လည်း ၎င်းတို့၌ပါဝင်သော ဓာတုဆေးရည်များက မွှေးညှင်းပေါက်များထဲ ဝင်ရောက်ကိန်းအောင်းနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ကြာလျှင် အရေပြား ထိခိုက်နိုင်ပါသည်။ မိတ်ကပ်လိမ်းသူများလို အရေပြား မွဲခြင်း ခြောက်ကပ်ခြင်းများ ဖြစ်လာသည်ကို တွေ့ရှိရပါသည်။ ချွေးထွက်နည်းသူများ ပို၍ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် မွှေးဆပ်ပြာများ လုံးဝ မသုံးစွဲတော့ခြင်း ဖြစ်ပါသည်။ အကြမ်းခဲသာ သုံးစွဲပါတော့၏။

သန့်စင်ခန်းဝင်သည့်အခါ ဘိုထိုင်ပေါ်မှာ ထိုင်စရာ ကရွတ်ခွေအဝိုင်းကွင်းလေးပေါ် ရေတွေတင်နေလျှင် တစ်ရှူးဖြင့် သုတ်ချပြီးမှ ထိုင်ပါသည်။ ဆီးဝမ်းသွားပြီးသည့်အခါ၌လည်း ၎င်းအဝိုင်းကွင်းလေးကို ပြန်ထောင်ထားခဲ့ပါသည်။ အခြားသူများ သွားလိုလျှင် ရေသုတ်စရာ မလိုဘဲ အဆင်သင့်အသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။ ခရီးသွားသည့်အခါ ထိုနှုတ်ခမ်းလေးပေါ် ရေတင်နေသည်ကို တွေ့လျှင် တစ်ရှူးဖြင့် သုတ်ပစ်တတ်ပါသည်။ တစ်ရှူးမရှိလျှင် လက်ဖြင့်သုတ်ပြီးမှ ရေဆေးပါသည်။ ကျောင်းမှာ ထိုသို့တွေ့လျှင် အစပိုင်း၌ တစ်ပါးတည်း ကြိတ်မှိတ်သုတ်နေတတ်သော်လည်း နောက်ပိုင်းတွင်မူ တပည့်များကိုခေါ်ပြကာ ရေတင်အောင် မသုံးဖို့နှင့် သုံးပြီးက ပြန်ထောင်ခဲ့ဖို့ သင်ပြပေးရပါတော့သည်။ အချို့မှာ သဘောပေါက်သွားသော်လည်း အချို့ကမူ နားလည်မှုလွဲကာ မသုံးစေချင်ဘူးထင်၍ အများသုံး ကုဋီများသို့သာ သွားကြပါတော့သည်။ ရွံတတ်၍လည်း မဟုတ်ပါ။ မတက်စေချင်၍လည်း မဟုတ်ပါ။ ဖင်ထိုင်ရမည့်နေရာ ရေတင်နေလျှင် လုံးဝ မထိုင်တတ်သောကြောင့် ဖြစ်ပါသည်။

စာရေးသူ အပျင်းဆုံးအလုပ်ကို ပြပါဆိုလျှင် လက်သည်း ခြေသည်း ညှပ်ခြင်းပင်။ မှန်ပါသည်။ လက်သည်း ခြေသည်း ညှပ်ရမှာ အလွန်ပျင်းပါသည်။ အခမ်းအနားရှိမှ တရားပွဲရှိမှ ပရိသတ်နှင့် ထိတွေ့စရာရှိမှ ညှပ်ဖြစ်ပါသည်။ ခေါင်းရိတ်ခြင်း၊ နှုတ်ခမ်းမွှေး မုဆိတ်မွှေးရိတ်ခြင်းများကို မပျင်းသော်လည်း လက်သည်း ခြေသည်း ညှပ်ခြင်းကား အလွန်တရာ ပျင်းရိဖွယ် အလုပ်တစ်ခု ဖြစ်နေပေတော့၏။ တစ်ခါသော် စစ်ကိုင်းတိုင်း ကလေးမြို့ အခမ်းအနားတွင် ဆရာတော်တစ်ပါးက စာရေးသူလက်ကို ကိုက်မြှောက်ကာ လက်သည်းရှည်နေကြောင်း ပြသသည်နှင့် ကြုံရပေသည်။ “သီးသန့်အချိန် မပေးနိုင်လို့ပါဘုရား”ဟု လျှောက်လိုက်ရလေ၏။ အလုပ်ကိုသာ စိတ်ဝင်စားနေသဖြင့် လက်သည်းညှပ်ချိန် မပေးနိုင်သည်လည်း အကြောင်းတစ်ရပ်ပင်။ ရန်ကုန်ရောက်လျှင် တည်းခိုသည့်အိမ်၌ ဧည့်သည်တစ်ဦးက စာရေးသူကို နှုတ်ဆက်ကာ ခြေမကို လက်ညှိူးထိုး၍ ပြလေသည်။ “ဆရာတော့် ခြေသည်းတွေတောင် ပဲ့နေပါရောလား”ဟု လျှောက်ထားသည်နှင့် ကြုံခဲ့ရလေသည်။ လက်သည်းခြေသည်းများ ညှပ်၍ ပြီးစီးသွားလျှင်လည်း ဧရာမလုပ်ငန်းကြီးတစ်ခု ပြီးစီးသွားသလို စိတ်ပေါ့ပါး သွားခဲ့ရပေသည်။ “အောင်ပြီ အောင်ပြီ”ဟု မကြာခဏ ကြွေးကြော်ဖူးလေ၏။ အောင်နိုင်ခဲသောအရာကို အောင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ခံစားမိရပါလေတော့၏။

သွားတိုက်သည့်အခါ သွားဖုံးကြွက်သားများကို အမြဲတမ်း လက်ဖြင့် ဖိပေး ပွတ်ပေးတတ်ပါသည်။ သွားဖုံးအတွင်း အရိအရွှဲများ ကိန်းအောင်းနိုင်သောကြောင့် ဖြစ်၏။ သတိရလျှင်ရသလို အတွင်းအပြင် သွားဖုံးများကို လက်ညှိုးနှင့်လက်မဖိ၍ မကြာခဏ ဖြစ်ညှစ်ပေးပါသည်။ သွားတိုက်ရုံဖြင့် သွားဖုံးကြွက်သားများ သန့်ရှင်းရေးကိစ္စ မပြီးစီးနိုင်သောကြောင့် ဖြစ်၏။ အားလုံးပြီးလျှင်ကား ကွမ်းရွက်ငုံထားလေ့ရှိပါသည်။ ခံတွင်း သန့်ရှင်းစေလိုသောကြောင့် ဖြစ်၏။ သွားဖုံးမှ အပူများ အာခေါင်နှင့် ပါးစောင်မှ အပူများ လျှာနှင့် အာစောက်မှ အပူများကို ကွမ်းရွက်က စုပ်ယူပေးသဖြင့် ခံတွင်းနံ့လည်း မနံတော့ပါ။ကျန်းမာရေးလည်း အထောက်အကူ ပြုပေသည်။

လက်သုတ်ပုဝါအဖြစ် တစ်ရှူးကိုသာ သုံးပါသည် စာအုပ်ကိုင်ပြီးလျှင် ဖြစ်စေ၊ စားစရာ တစ်ခုခု ကိုင်ပြီးလျှင်ဖြစ်စေ တစ်ရှူးဖြင့် လက်သုတ်ပါသည်။ နား၊ နှာခေါင်းနှင့် နှုတ်ခမ်းများကိုလည်း တစ်ရှူးဖြင့်သာ သုတ်ပါသည်။ ထို့ကြောင့် ကွန်ပျူတာခန်း၊ အိပ်ခန်း၊ ဧည့်ခံရာနေရာတွေမှာ တစ်ရှူးအဆင်သင့် ထားရှိပါသည်။ ကားပေါ်မှာလည်း အမြဲထားသလို တည်းခိုရာအိပ်ခန်း ကုတင်ဘေးမှာလည်း အမြဲထားပါသည်။ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် အရေးပါလှသည့် အရာဝတ္ထု ဖြစ်လေ၏။ တရားဟောလျှင်လည်း ပလ္လင်ပေါ်မှာ တစ်ရှူးအမြဲ ထားပါသည်။ နှာခေါင်းနှင့် နှုတ်ခမ်းအဆီများ ဖယ်ရှားဖို့ ဖြစ်၏။ တစ်ရှူးဖြင့် နှာခေါင်းကို မကြာခဏ သုတ်သည်ကို ကြည့်၍ မူးယဇ်ဆေး သုံးနေသည်ဟု ဝေဖန်သူများလည်း ရှိပါသည်။ ၎င်းအပြင် တစ်ရှူးမှာ မူးယဇ်ဆေး ထုံထားသည် ဆို၏။ ဟာသတစ်ခုပင်။

နေ့ဆွမ်းစားပြီး သွားတိုက် ဆေးကြောပြီးသည့်အချိန် မှစ၍ ခြေထောက်ရေအထိ မခံတော့ပါ။ ခြေထောက်ရေထိလျှင် အပူကန်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ရေချိုးခန်းထဲမှာ ဖိနပ်တစ်ရံ ထားရပါသည်။ တရားဟောကြွသည့်အခါ၌ကား အလွယ်တကူ ဖိနပ်ရှာရလျှင် ဖိနပ်ထားပေးဖို့ ပြောရပြီး မလွယ်ကူလျှင် မိမိစီးနေကျ ဖိနပ်ကို ရေချိုးခန်းထဲ ထားလိုက်ပါသည်။ အများသုံးရေချိုးခန်း ဖြစ်နေလျှင် ကိစ္စပြီးသည့်အခါ ဖိနပ်ကိုထောင်ပြီး ရေစစ်ထားခဲ့ဖို့ အမြဲမှာရပါသည်။ ခြေဖဝါး ရေထိမခံသော ရောဂါတည်း။ ခြေထောက်သာ ရေအထိမခံနိုင်ခြင်း မဟုတ်ပါ။ မွန်းလွဲပိုင်းတွင် ရေလည်းချိုးလေ့ မရှိပါ။ တစ်နှစ်မှာ တစ်ခါပင် မချိုးဖူးပါ။ ကျန်းမာရေးကြောင့် ဖြစ်ပါသည်။ မွန်းလွဲပိုင်း ရေချိုးမိလျှင် ခန္ဓာကိုယ် ယန္တရားကြီးက ပြောင်းပြန်လည်ပတ်သွားသောကြောင့်ဖြစ်၏။ ဥပမာ-မနက်အိပ်ရာထ ဝမ်းသွားရမည့်အစား ညနေမှ ဝမ်းသွားခြင်းမျိုး၊ သွေးလေမညီညွတ်တော့သဖြင့် လေးလံထိုင်းမှိုင်း ကိုက်ခဲနေခြင်းမျိုး ဖြစ်ပါသည်။ ညနေပိုင်း ရေမချိုးသည့် အလေ့မှာ ကိုရင်ဘဝကတည်းက ဖြစ်ပါသည်။ အပူချိန် မည်မျှကြီးမားစေကာမူ ချွေးခဏခဏ သုတ်ပစ်လေ့သာရှိပြီး လုံးဝ ရေမချိုးပါ။ “ဆရာတော် နေနိုင်သားပဲနော်”ဟု လျှောက်ထားခံရမှုများ မကြာခဏ ကြားရတတ်ပါသည်။ သူတို့က စာရေးသူကို အံ့သြကြသလို စာရေးသူကလည်း သူတို့ကို အံ့သြနေမိပေသည်။ “လူတွေ ဘာကြောင့်များ ညနေဘက်မှာ ရေချိုးကြပါလိမ့်”ဟု အမြဲ တွေးနေတတ်သလို ကာမဂုဏ်အတွက် ဖြစ်လိမ့်မည်ဟုလည်း စိတ်ထဲမှာ အဖြေပေးနေတတ်ပါသည်။

“တစ်နေ့တစ်ကြိမ်သာ ရေချိုးပါ”
“ညနေဘက်မှာ ရေချိုးတာ ကျန်းမာရေးနှင့် မညီညွတ်ပါ။”
ဤကား စာရေးသူ၏ ကိုယ်ပိုင်ဆောင်ပုဒ်ဖြစ်ပါသည်။

ညအိပ်ရာဝင်ခါနီးတွင် လက်ဆေးပါးစပ်ဆေး ထပ်မံလုပ်ပါသည်။ ထို့ကြောင့် မနက်အိပ်ရာထသည့်အခါ သွားတိုက်စရာ မလိုတော့ပါ။ ညနေပိုင်းတွင် အအေးနှင့် ပျားသံပုရာရည်သာ မှီဝဲသဖြင့် ညအိပ်ရာဝင်သည့်အခါမှာလည်း သွားတိုက်စရာ မလိုပါ။ မနက်အိပ်ရာထလည်း သွားတိုက်စရာ မလိုပါ။ သွားတိုက်ဆေး သွားတိုက်တံဖြင့် တိုက်စရာမလိုခြင်းကို ဆိုလိုပါသည်။ ဆား သို့မဟုတ် ဆေးမှုန့်ဖြင့်ကား တိုက်တတ်ပါသည်။ မနက်စာ စားပြီးလျှင်ကား သွားတိုက်ပါသည်။ နေ့ဆွမ်းစားပြီးလျှင်လည်း သွားတိုက်တတ်ပါသည်။ မနက်စာတွင် ဆန်ပြုတ်နှင့် အခွံမာသီးမျှသာ ဘုဉ်းပေးခဲ့ပါက သွားမတိုက်ဖြစ်ပါ။ ဆီနှင့် အညှီများ ပါဝင်မှသာ သွားတိုက်ခြင်း ဖြစ်ပါသည်။

တစ်နေ့သုံးကြိမ် ရွတ်ဖတ်ပူဇော်သည့်အခါ၌လည်း ပါးစပ်ဆေးပြီးမှ ရွတ်ဖတ်ပူဇော်ပါသည်။ ခံတွင်းနံ့ သန့်ရှင်းအောင် အလျင်လုပ်ပြီးမှ ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်တတ်ပါသည်။ ညအိပ်ရာဝင်သည့်အခါ ကွမ်းရွက်ငုံ၍ အိပ်တတ်ခြင်း၊ အာခေါင်ခြောက်လျှင် ကွမ်းရွက်ငုံထားခြင်း သတိရသည့်အခါတိုင်း ကွမ်းရွက်ငုံလေ့ရှိခြင်းတို့ကြောင့် ခံတွင်းသန့်ရှင်းသည်ဟု ယုံကြည်နေမိပါသည်။
(တစ်ကိုယ်ရည် သန့်ရှင်းမှု ပြီးပါပြီ။)

ဝီရသူ(မစိုးရိမ်)
19.5.2020