Uncategorizedသတင္း

“မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းသို႔ မန္းမဘသမွ ေမာ္ေတာ္ယဥ္တစ္စီးႏွင့္ အလွဴေငြမ်ား ပစၥည္းမ်ား လွဴဒါန္း”

စစ္ကုိင္း ႏုိ၀င္ဘာ ၄
အမ်ဳိး ဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႕ (အထက္ျမန္မာျပည္) မႏ္ၲေလးတုိင္းေဒသႀကီးမွ ဦးေဆာင္ဆရာေတာ္မ်ား၊ သံဃာေတာ္မ်ားႏွင့္ ဒါယကာ၊ ဒါယိကာမမ်ားက မင္းကြန္း ပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းသုိ႔ ေထာက္ပံ့လွဴဒါန္းျခင္းအခမ္းအနားကုိ စစ္ကုိင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ဓမၼေစတီေက်ာင္းတုိက္ရွိ မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းတြင္ ႏုိ၀င္ဘာ ၄ ရက္က စည္ကားသုိက္ၿမဳိက္စြာ က်င္းပၾကေၾကာင္း သိရသည္။

အခမ္းအနားသုိ႔ မန္းမဘသ ၾသ၀ါဒါစရိယဆရာေတာ္ ဘဒၵႏၲ၀ိစာရ၊ မန္းမဘသအတြင္းေရးမွဴးခ်ဳပ္ ဆရာေတာ္ဘဒၵႏၲကုသလ(ပါဠိပါရဂူ)၊ ဒုတိယအတြင္းေရးမွဴးခ်ဳပ္ ဆရာေတာ္ ဘဒၵႏၲပညာသာမိ (သာသနပါလ)၊ မင္းကြန္း ပုထုိးေတာ္ႀကီး ပညာေရး အကယ္ဒမီ ေက်ာင္းအုပ္ဆရာေတာ္ ဘဒၵႏၲဥကၠ႒၊ မစုိးရိမ္တုိက္သစ္ ဓမၼသဟာယေက်ာင္း နာယက အမ်ဳိးသားေရး၀ါဒီ ဆရာေတာ္ ဘဒၵႏၲ၀ိစိတၱာဘိ၀ံသ(၀ီရသူ-မစုိးရိမ္)၊ မန္း မဘသ ဦးေဆာင္၊ မစုိးရိမ္တုိက္၊ နိ႐ုတၱိနယူပေဒသေက်ာင္းနာယက ဆရာေတာ္ဘဒၵႏၲဣႏၵာစကၠာဘိ၀ံသ၊တြဲဘက္အတြင္းေရးမွဴး နန္းဦးဆရာေတာ္ ဘဒၵႏၲ၀ဏၰိတ၊ ျပန္ၾကားေရးဆရာေတာ္ ဘဒၵႏၲဇဋိလႏွင့္ မန္းမဘသမွ သံဃာေတာ္မ်ား၊ မန္းမဘသမွ လူပုဂၢဳိလ္အဖြဲ႕၀င္မ်ား၊ မန္းမေဟာ္သဓာ ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟိုေကာ္မတီ၀င္မ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္မ်ားႏွင့္ မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

အခမ္းအနားကုိ နေမာတႆသံုးႀကိမ္ရြတ္ဆုိ ဘုရားကန္ေတာ့ကာ ဖြင့္လွစ္ၿပီး မန္းမဘသ ဒုတိယအတြင္းေရးမွဴးခ်ဳပ္ ဆရာေတာ္က
“အမ်ဳိးသားေရး၀ါဒီ ဆရာေတာ္ ဦး၀ီရသူ ဦးစီးတည္ေထာင္ထားတဲ့ဒီပညာေရး အကယ္ဒမီဟာ အဆင့္ျမင့္ ရည္ရြယ္ခ်က္မ်ားနဲ႔ ဖြင့္လွစ္ထားရွိတယ္ဆုိတာ အားလံုးသိၿပီးျဖစ္ေၾကာင္း၊ ဆရာေတာ္ရဲ႕ အမ်ဳိးသားေရး လုပ္ငန္းမ်ားကုိ အေကာင္အထည္ေဖာ္ရာမွာ မန္းမဘသအေနနဲ႔ စြမ္းႏုိင္တဲ့ဘက္က ကူညီတာျဖစ္ေၾကာင္း၊ ဆရာေတာ္ရဲ႕ အမ်ဳိးသားေရးလုပ္ငန္းမ်ားအားလံုးကုိ မန္းမဘသက ေထာက္ခံအားေပးေနပါေၾကာင္း။ ယခုလုိလာေရာက္လွဴဒါန္းတာဟာ အမ်ဳိးသားေရး၀ါဒီဆရာေတာ္ရဲ႕ ရည္ရြယ္ခ်က္၊ ရည္မွန္းခ်က္မ်ားကုိ စြမ္းႏုိင္သေလာက္ ျဖည့္ဆည္းကူညီျခင္း ျဖစ္ေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကလည္း မိမိတုိ႔ရဲ႕တုိင္းျပည္၊ လူမ်ဳိး၊ ဘာသာ သာသနာကုိ ကာကြယ္ေစာင့္ေရွာက္ႏုိင္တဲ့ စံျပပုဂၢဳိလ္ေတြျဖစ္ေအာင္ ႀကဳိးစားၾကေစလုိေၾကာင္း” စသည္ျဖင့္ လွဴဒါန္းရျခင္း၏ အေၾကာင္းႏွင့္ ရည္ရြယ္ခ်က္မ်ားကုိ မိန္႔ၾကားသည္။

ထုိ႔ေနာက္ အမ်ဳိးသားေရး၀ါဒီဆရာေတာ္ ဦး၀ီရသူက မိတ္ဆက္စကား မိန္႔ၾကားေတာ္မူသည္။ ဆက္လက္၍ မန္းမဘသ ၾသ၀ါဒါစရိယဆရာေတာ္ဘဒၵႏၲ၀ိစာရက “အလင္းတကာ့ အလင္းထဲမွာ ပညာဟာအလင္းဆံုးျဖစ္ေၾကာင္း၊ အမ်ဳိးဘာသာ သာသနာ ေစာင့္ေရွာက္ရာတြင္လည္း ပညာဟာ အလြန္အေရးႀကီးေၾကာင္း၊ ပညာဟာပဓာနက်လုိ႔ ႀကဳိးစားၾကဖုိ႔ လုိေၾကာင္း၊ တုိင္းျပည္အုပ္ခ်ဳပ္ရာတြင္လည္း ပညာဟာအေရးႀကီးသည့္အတြက္ ပညာကုိ ျမႇင့္တင္ေပးဖုိ႔ လုိေၾကာင္း၊ အခုလုိ မန္းမဘသက ေထာက္ပံ့လွဴဒါန္းျခင္းသည္ ပညာကုိ ျမႇင့္တင္ေပးဖုိ႔ အကူအညီျပဳျခင္း ျဖစ္ေၾကာင္း၊ အမ်ဳိးသားေရး၀ါဒီဆရာေတာ္ ဦးေဆာင္မႈေအာက္မွာ ဘုရားအရိပ္၊ တရားအရိပ္ခုိကာ ပညာအတြက္ ႀကဳိးစားခြင့္ရတာ ၀မ္းေျမာက္စရာ ျဖစ္ေၾကာင္း၊ ဘုရား တရား သံဃာ ရတနာျမတ္သံုးပါး အရိပ္ေအာက္မွာ ပညာသင္ယူရင္း အမ်ဳိး ဘာသာသာသနာကုိ ေစာင့္ေရွာက္ႏုိင္ၾကေစ လုိေၾကာင္း”စသည္ျဖင့္ ၾသ၀ါဒစကား မိန္႔ၾကားေတာ္မူသည္။

ဆက္လက္၍ မန္းမဘသဦးေဆာင္ဆရာေတာ္ဘဒၵႏၲဣႏၵာစကၠာဘိ၀ံသ က “ေသာမဒတၱဇာတ္ေတာ္ကုိ ဥပမာျပဳၿပီး ၾသ၀ါဒေပးလုိေၾကာင္း။ ေလာကမွာပညာတတ္မွ ေရွ႕တန္းက ေနရာရမည္၊ အရာရာကုိ ဦးေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း။ ပညာသည္သာ လူရာ၀င္ေၾကာင္း၊ နိမ့္က်ေနတဲ့ဘ၀ကုိ ပညာနဲ႔ျမင့္ေအာင္ျမႇင့္ရမယ္လုိ႔ေတြးၿပီး ႀကိဳးစားၾကေစလုိေၾကာင္း၊ ပညာသင္ရာမွာ ကုိယ္ကုိယ္တုိင္၊ ကုိယ့္မိသားစု၊ ကုိယ့္တုိင္းျပည္၊ ကုိယ့္လူမ်ဳိး၊ ကုိယ့္ဘာသာ၊ ကုိယ့္သာသနာကုိ တတ္ထားတဲ့ပညာနဲ႔ အဘက္ဘက္က ျမႇင့္တင္ႏုိင္ေအာင္ ႀကဳိးစားမယ္ဆုိတဲ့စိတ္နဲ႔ ႀကဳိးစားေစလုိေၾကာင္း။ တိုးတက္ေခတ္မီေသာ ႏုိင္ငံမ်ားကုိၾကည့္ပါက ပညာကုိေရွ႕တန္းတင္ ဦးစားေပးေသာ ႏုိင္ငံမ်ားျဖစ္ေနၾကသည္ကုိေတြ႕ရမည္ ျဖစ္ေၾကာင္း၊ ဥပမာအေနျဖင့္ ဂ်ပန္ႏုိင္ငံ၊ အစၥေရးႏိုင္ငံ၊ တ႐ုတ္ႏုိင္ငံတို႔ကုိ ၾကည့္ေစလုိေၾကာင္း။ ပညာေတြတတ္ဖုိ႔ အေရးႀကီးသလုိ ႏွလံုးသားထဲမွာ အမ်ဳိးသားေရးစိတ္ဓာတ္ခံယူခ်က္ ထားရွိတတ္ဖုိ႔လည္း အေရးႀကီးေၾကာင္း၊ ကုိယ့္ႏုိင္ငံ ကုိယ့္လူမ်ဳိးကုိမခ်စ္တဲ့သူ ေခါင္းေဆာင္ျဖစ္ရင္ တုိင္းျပည္ နစ္နာမည္ျဖစ္ေၾကာင္း။ အကြပ္မရွိတဲ့ၾကမ္း ပရမ္းပတာဆုိသလုိ ပညာေတြတတ္ၿပီးေတာ့ ဘာသာေရးအကြပ္မရွိဘူးဆုိရင္လည္း အဲဒီတတ္တဲ့ပညာနဲ႔ပဲ ကုိယ့္တုိင္းျပည္ကုိယ့္လူမ်ဳိးကုိ ဖ်က္ဆီးတဲ့ အေနအထာေရာက္သြားႏုိင္ေၾကာင္း။ ဒါ့ေၾကာင့္ ငါတုိ႔ႏုိင္ငံ၊ ငါတုိ႔လူမ်ဳိး၊ ငါ့တုိ႔ဘာသာ၊ ငါတုိ႔သာသနာကုိ ငါတတ္ထားတဲ့ပညာနဲ႔ ျမင့္သထက္ျမင့္ေအာင္ ႀကဳိးစားမယ္လုိ႔ ႏွလံုးသြင္းထားၾကေစလုိေၾကာင္း”စသည္ျဖင့္ ၾသ၀ါဒစကား မိန္႔ၾကားေတာ္မူသည္။

ထုိ႔ေနာက္ မန္းမဘသမွ လွဴဒါန္းမႈအစုစုတုိ႔အား တာ၀န္ရွိသူမ်ားကေပးအပ္လွဴဒါန္းၿပီးေနာက္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားကုိ လက္ခံရယူၾကသည္။ ယင္းသုိ႔ လွဴဒါန္းရာတြင္ ေငြက်ပ္ ၁,၆၃၆,၀၀၀၊ အ၀တ္အထည္မ်ဳိးစံု ၁၆ အိတ္၊ ေရႊ၀ါဆပ္ျပာ ၁၉ဖာ၊ မ်က္ႏွာသုတ္သဘက္မ်ားႏွင့္ Crown အမ်ဳိးအစား ေမာ္ေတာ္ယာဥ္တစ္စီးတုိ႔အား ေပးအပ္လွဴဒါန္းျခင္းျဖစ္သည္။
အဆိုပါ လွဴဒါန္းမႈမ်ားအနက္ ေမာ္ေတာ္ယာဥ္တစ္စီးကုိ မန္းမဘသၾသ၀ါဒါစရိယဆရာေတာ္ဘဒၵႏၲ၀ိစာရ က လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။
ထုိ႔ေနာက္ မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီ ေက်ာင္းအုပ္ဆရာေတာ္ ဘဒၵႏၲဥကၠ႒က “ဆရာ၊ ဆရာမ ၂၁ ဦး၊ ေက်ာင္းသား ေက်ာင္းသူ ၁၄၅ ဦးႏွင့္ ေ၀ယ်ာ၀စၥ အဖြဲ႕မ်ား၏ စား၀တ္ေနေရး၊ ပညာေရး၊ က်န္းမာေရးတုိ႔ အဆင္ေျပေစေရးအတြက္ ဤလွဴဒါန္းမႈက ႀကီးစြာေသာ အေထာက္အပံ့ ျဖစ္ပါေၾကာင္း။ မန္းမဘသရဲ႕ အနည္းငယ္မွ်ဟုဆုိေသာ ေငြေၾကး ၀တၳဳစသည့္ အကူအညီတုိ႔သည္ ဤေက်ာင္းအတြက္မွာ ခက္ခဲစြာ ကူးခတ္ေနရတဲ့အခ်ိန္၌ ရည္ရြယ္ရင္းစြဲရွိတဲ့ တစ္ဘက္ကမ္းသုိ႔ ေရာက္ရွိေအာင္ အကူအညီျပဳေပးႏုိင္ပါေၾကာင္း”စသည္ျဖင့္ ၀မ္းေျမာက္စကား မိန္႔ၾကားေတာ္မူသည္။

အခမ္းအနားကုိ ဗုဒၶသာသနံ စိရံတိ႒တု သံုးႀကိမ္ရြတ္ကာ ေအာင္ျမင္စြာ ၿပီးဆံုးခဲ့ေၾကာင္း သိရသည္။
အခမ္းအနားၿပီးေနာက္ မန္းမဘသအဖြဲ႕မွ မင္းကြန္း ပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေရခဲမုန္႔ႏွင့္ ကိတ္မုန္႔မ်ားအား ေကၽြးေမြးလွဴဒါန္းၾကေၾကာင္းသိရသည္။

ေရႊစကား

“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ မန်းမဘသမှ မော်တော်ယဉ်တစ်စီးနှင့် အလှူငွေများ ပစ္စည်းများ လှူဒါန်း”

စစ်ကိုင်း နိုဝင်ဘာ ၄
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန်္တလေးတိုင်းဒေသကြီးမှ ဦးဆောင်ဆရာတော်များ၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများက မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်ရှိ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် နိုဝင်ဘာ ၄ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။

အခမ်းအနားသို့ မန်းမဘသ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တဝိစာရ၊ မန်းမဘသအတွင်းရေးမှူးချုပ် ဆရာတော်ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော် ဘဒ္ဒန္တပညာသာမိ (သာသနပါလ)၊ မင်းကွန်း ပုထိုးတော်ကြီး ပညာရေး အကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယက အမျိုးသားရေးဝါဒီ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)၊ မန်း မဘသ ဦးဆောင်၊ မစိုးရိမ်တိုက်၊ နိရုတ္တိနယူပဒေသကျောင်းနာယက ဆရာတော်ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ၊တွဲဘက်အတွင်းရေးမှူး နန်းဦးဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ၊ ပြန်ကြားရေးဆရာတော် ဘဒ္ဒန္တဇဋိလနှင့် မန်းမဘသမှ သံဃာတော်များ၊ မန်းမဘသမှ လူပုဂ္ဂိုလ်အဖွဲ့ဝင်များ၊ မန်းမဟော်သဓာ ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ဖွင့်လှစ်ပြီး မန်းမဘသ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော်က
“အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူ ဦးစီးတည်ထောင်ထားတဲ့ဒီပညာရေး အကယ်ဒမီဟာ အဆင့်မြင့် ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ထားရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်ကြောင်း၊ ဆရာတော်ရဲ့ အမျိုးသားရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရာမှာ မန်းမဘသအနေနဲ့ စွမ်းနိုင်တဲ့ဘက်က ကူညီတာဖြစ်ကြောင်း၊ ဆရာတော်ရဲ့ အမျိုးသားရေးလုပ်ငန်းများအားလုံးကို မန်းမဘသက ထောက်ခံအားပေးနေပါကြောင်း။ ယခုလိုလာရောက်လှူဒါန်းတာဟာ အမျိုးသားရေးဝါဒီဆရာတော်ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို စွမ်းနိုင်သလောက် ဖြည့်ဆည်းကူညီခြင်း ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့ရဲ့တိုင်းပြည်၊ လူမျိုး၊ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ စံပြပုဂ္ဂိုလ်တွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” စသည်ဖြင့် လှူဒါန်းရခြင်း၏ အကြောင်းနှင့် ရည်ရွယ်ချက်များကို မိန့်ကြားသည်။

ထို့နောက် အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက မိတ်ဆက်စကား မိန့်ကြားတော်မူသည်။ ဆက်လက်၍ မန်းမဘသ သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တဝိစာရက “အလင်းတကာ့ အလင်းထဲမှာ ပညာဟာအလင်းဆုံးဖြစ်ကြောင်း၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရာတွင်လည်း ပညာဟာ အလွန်အရေးကြီးကြောင်း၊ ပညာဟာပဓာနကျလို့ ကြိုးစားကြဖို့ လိုကြောင်း၊ တိုင်းပြည်အုပ်ချုပ်ရာတွင်လည်း ပညာဟာအရေးကြီးသည့်အတွက် ပညာကို မြှင့်တင်ပေးဖို့ လိုကြောင်း၊ အခုလို မန်းမဘသက ထောက်ပံ့လှူဒါန်းခြင်းသည် ပညာကို မြှင့်တင်ပေးဖို့ အကူအညီပြုခြင်း ဖြစ်ကြောင်း၊ အမျိုးသားရေးဝါဒီဆရာတော် ဦးဆောင်မှုအောက်မှာ ဘုရားအရိပ်၊ တရားအရိပ်ခိုကာ ပညာအတွက် ကြိုးစားခွင့်ရတာ ဝမ်းမြောက်စရာ ဖြစ်ကြောင်း၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး အရိပ်အောက်မှာ ပညာသင်ယူရင်း အမျိုး ဘာသာသာသနာကို စောင့်ရှောက်နိုင်ကြစေ လိုကြောင်း”စသည်ဖြင့် သြဝါဒစကား မိန့်ကြားတော်မူသည်။

ဆက်လက်၍ မန်းမဘသဦးဆောင်ဆရာတော်ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ က “သောမဒတ္တဇာတ်တော်ကို ဥပမာပြုပြီး သြဝါဒပေးလိုကြောင်း။ လောကမှာပညာတတ်မှ ရှေ့တန်းက နေရာရမည်၊ အရာရာကို ဦးဆောင်နိုင်မည်ဖြစ်ကြောင်း။ ပညာသည်သာ လူရာဝင်ကြောင်း၊ နိမ့်ကျနေတဲ့ဘဝကို ပညာနဲ့မြင့်အောင်မြှင့်ရမယ်လို့တွေးပြီး ကြိုးစားကြစေလိုကြောင်း၊ ပညာသင်ရာမှာ ကိုယ်ကိုယ်တိုင်၊ ကိုယ့်မိသားစု၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို တတ်ထားတဲ့ပညာနဲ့ အဘက်ဘက်က မြှင့်တင်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားစေလိုကြောင်း။ တိုးတက်ခေတ်မီသော နိုင်ငံများကိုကြည့်ပါက ပညာကိုရှေ့တန်းတင် ဦးစားပေးသော နိုင်ငံများဖြစ်နေကြသည်ကိုတွေ့ရမည် ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဂျပန်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ တရုတ်နိုင်ငံတို့ကို ကြည့်စေလိုကြောင်း။ ပညာတွေတတ်ဖို့ အရေးကြီးသလို နှလုံးသားထဲမှာ အမျိုးသားရေးစိတ်ဓာတ်ခံယူချက် ထားရှိတတ်ဖို့လည်း အရေးကြီးကြောင်း၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုမချစ်တဲ့သူ ခေါင်းဆောင်ဖြစ်ရင် တိုင်းပြည် နစ်နာမည်ဖြစ်ကြောင်း။ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဆိုသလို ပညာတွေတတ်ပြီးတော့ ဘာသာရေးအကွပ်မရှိဘူးဆိုရင်လည်း အဲဒီတတ်တဲ့ပညာနဲ့ပဲ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ဖျက်ဆီးတဲ့ အနေအထာရောက်သွားနိုင်ကြောင်း။ ဒါ့ကြောင့် ငါတို့နိုင်ငံ၊ ငါတို့လူမျိုး၊ ငါ့တို့ဘာသာ၊ ငါတို့သာသနာကို ငါတတ်ထားတဲ့ပညာနဲ့ မြင့်သထက်မြင့်အောင် ကြိုးစားမယ်လို့ နှလုံးသွင်းထားကြစေလိုကြောင်း”စသည်ဖြင့် သြဝါဒစကား မိန့်ကြားတော်မူသည်။

ထို့နောက် မန်းမဘသမှ လှူဒါန်းမှုအစုစုတို့အား တာဝန်ရှိသူများကပေးအပ်လှူဒါန်းပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများကို လက်ခံရယူကြသည်။ ယင်းသို့ လှူဒါန်းရာတွင် ငွေကျပ် ၁,၆၃၆,၀၀၀၊ အဝတ်အထည်မျိုးစုံ ၁၆ အိတ်၊ ရွှေဝါဆပ်ပြာ ၁၉ဖာ၊ မျက်နှာသုတ်သဘက်များနှင့် Crown အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့အား ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။
အဆိုပါ လှူဒါန်းမှုများအနက် မော်တော်ယာဉ်တစ်စီးကို မန်းမဘသသြဝါဒါစရိယဆရာတော်ဘဒ္ဒန္တဝိစာရ က လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌက “ဆရာ၊ ဆရာမ ၂၁ ဦး၊ ကျောင်းသား ကျောင်းသူ ၁၄၅ ဦးနှင့် ဝေယျာဝစ္စ အဖွဲ့များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဆင်ပြေစေရေးအတွက် ဤလှူဒါန်းမှုက ကြီးစွာသော အထောက်အပံ့ ဖြစ်ပါကြောင်း။ မန်းမဘသရဲ့ အနည်းငယ်မျှဟုဆိုသော ငွေကြေး ဝတ္ထုစသည့် အကူအညီတို့သည် ဤကျောင်းအတွက်မှာ ခက်ခဲစွာ ကူးခတ်နေရတဲ့အချိန်၌ ရည်ရွယ်ရင်းစွဲရှိတဲ့ တစ်ဘက်ကမ်းသို့ ရောက်ရှိအောင် အကူအညီပြုပေးနိုင်ပါကြောင်း”စသည်ဖြင့် ဝမ်းမြောက်စကား မိန့်ကြားတော်မူသည်။

အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ကာ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အခမ်းအနားပြီးနောက် မန်းမဘသအဖွဲ့မှ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသား၊ ကျောင်းသူများအား ရေခဲမုန့်နှင့် ကိတ်မုန့်များအား ကျွေးမွေးလှူဒါန်းကြကြောင်းသိရသည်။

ရွှေစကား