သတင္း

ျပည္သူကို ပစ္မွတ္ထားသူမ်ား

အျပစ္မဲ့ျပည္သူေတြကို ပစ္မွတ္ထားၿပီး တုိက္ခိုက္တတ္ၾကတဲ့သူေတြကို ဂ်ီဟဒ္ဝါဒီလို႔ေခၚပါတယ္။ ဘယ္ႏိုင္ငံမွာပဲၾကည့္ၾကည့္ အျပစ္မဲ့ျပည္သူေတြကိုပဲ ပစ္မွတ္ထားၿပီး အၾကမ္းဖက္တာ ေတြ႔ရမွာပါ။

အေသခံဗုံးခြဲမယ္၊ ဗံုးေထာင္မယ္၊ ေသနတ္နဲ႔ပစ္မယ္၊ ဓားနဲ႔လိုက္ခုတ္မယ္၊ အစုလုိက္အၿပံဳလုိက္ ဖမ္းဆီးသတ္ျဖတ္မယ္ ဒါေတြဟာ ဘယ္က်မ္းေတာ္ရဲ႕အမိန္႔ေတြေၾကာင့္ ျဖစ္ရတာလဲ။ ဘယ္ဘာသာတရားမွာ ျပ႒ာန္းထားတဲ့ အမိ္္န္႔အာဏာေတြလဲ။ ကမၻာႀကီးမွာ ထင္ရွားစြာေတြ႔ျမင္ေနရမွာပါ။

မာလီတြင္ တူရက္မ်ိဳးႏြယ္စုဝင္ ၃၀ ေက်ာ္ကို ဂ်ီဟတ္ဝါဒီမ်ားက သတ္ျဖတ္

ဘာမာကို၊ ဧၿပီ ၂၉

အာဖရိကတိုက္ မာလီႏိုင္ငံအေရွ႕ ေျမာက္ပိုင္း ႏိုင္ဂ်ာႏိုင္ငံႏွင့္ ထိစပ္ေနေသာနယ္စပ္တြင္ တူရက္လူမ်ိဳးစုဝင္ ၃၀ ေက်ာ္ကို ဂ်ီဟတ္ဝါဒီဟု ယူဆရသူမ်ားက သတ္ျဖတ္ခဲ့ေၾကာင္း AFP ႏွင့္ EFE သတင္းဌာနတို႔က ျပည္တြင္းသတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး ေဖာ္ျပသည္။

ေရွ႕တစ္ရက္ကလည္း ေမာ္ေတာ္ဆိုင္ကယ္စီး ေသနတ္သမားမ်ားက တူရက္မ်ိဳးႏြယ္စုဝင္ ၁၂ ဦးကို ပစ္ခတ္သတ္ျဖတ္သြားခဲ့ေသးသည္ဟု တူရက္ သူပုန္အဖြဲ႔ေဟာင္း MSA ႏွင့္ မ်ိဳးႏြယ္စု ေခါင္းေဆာင္မ်ားက ေျပာၾကားသည္။

တူရက္မ်ိဳးႏြယ္စုမ်ားသည္ သိုးမ်ား၊ ႏြားမ်ားေမြးျမဴျခင္းျဖင့္ အသက္ေမြးၿပီး ေရၾကည္ရာျမက္ႏုရာ လွည့္လည္သြားလာၾကသူမ်ားျဖစ္သည္။

“ႏွစ္ရက္တည္းမွာ ေသတာ ၄၃ ေယာက္ရွိပါၿပီ။ အကုန္လံုး အရပ္သားခ်ည္းပါပဲ၊ ဒီအရပ္ကခ်ည္းပဲ”ဟု လူမ်ိဳးစု ေခါင္းေဆာင္ ဆီဒီဂူအီအက္ဟာမာဒီက AFP သို႔ ေျပာၾကားသည္။

“က်ဳပ္တို႔ တိုက္ခိုက္ေရးသမားေတြက သူတို႔စခန္းေတြကို ဖ်က္ဆီးၿပီးရွင္းလင္း ပစ္တာ။ အခုသူတို႔က အပစ္မဲ့အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္တာ”ဟု လူမ်ိဳးစုေခါင္းေဆာင္က ေျပာၾကားခဲ့ၿပီး တူရက္လက္နက္ကိုင္တပ္ဖြဲ႔မ်ားက ဂ်ီဟတ္ဝါဒီမ်ားရွိရာ စခန္းမ်ားကို ဝင္ေရာက္တိုက္ခိုက္ျခင္းေၾကာင့္ လက္တံု႔ျပန္ျခင္းျဖစ္ႏိုင္သည္ဟု မွတ္ခ်က္ေပးခဲ့သည္။

မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း မာလီတြင္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားမႈႏႈန္း ျမင့္တက္လာလ်က္ရွိသည္။ တင္မ္ဘက္တူရွိ ကုလသမဂၢစခန္းမွာလည္း ဒံုးက်ည္ႏွင့္ ကားဗံုးမ်ားအသံုးျပဳတိုက္ ခိုက္ခံရျခင္းေၾကာင့္ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈတပ္ဖြဲ႔ဝင္တစ္ဦး ေသဆံုးၿပီး ခုနစ္ဦး ဒဏ္ရာရခဲ့သည္။

မာလီႏိုင္ငံလံုၿခံဳေရးမွာ စိုးရိမ္ေနရၿပီး ပဋိပကၡသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ပါ ပ်ံ႕ႏွံ႔သြားႏိုင္ေၾကာင္း ၿပီးခဲ့သည့္လက ထုတ္ျပန္သည့္ ကုလသမဂၢ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

အစိုးရလိုလားေသာ လက္နက္ကိုင္ ၫႊန္ေပါင္းတပ္ဖြဲ႔ႏွင့္ သူပုန္မဟာမိတ္တပ္ဖြဲ႔တို႔သည္ ၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ ခ်ဳပ္ထားေသာ္လည္း ၎တို႔၏ တိုက္႐ိုက္ႏွင့္ သြယ္ဝိုက္ကြပ္ကဲမႈေအာက္တြင္ ရွိခဲ့ေသာ ေနရာအမ်ားစုအေပၚ လႊမ္းမိုးထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့က်လာေနေၾကာင္း အစီရင္ခံစာတြင္ သံုးသပ္ထားသည္။

Source: The Voice

http://thevoicemyanmar.com/latest-news/20308-mar

 

“ပြည်သူကို ပစ်မှတ်ထားသူများ”

အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တတ်ကြတဲ့သူတွေကို ဂျီဟဒ်ဝါဒီလို့ခေါ်ပါတယ်။ ဘယ်နိုင်ငံမှာပဲကြည့်ကြည့် အပြစ်မဲ့ပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး အကြမ်းဖက်တာ တွေ့ရမှာပါ။

အသေခံဗုံးခွဲမယ်၊ ဗုံးထောင်မယ်၊ သေနတ်နဲ့ပစ်မယ်၊ ဓားနဲ့လိုက်ခုတ်မယ်၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မယ် ဒါတွေဟာ ဘယ်ကျမ်းတော်ရဲ့အမိန့်တွေကြောင့် ဖြစ်ရတာလဲ။

ဘယ်ဘာသာတရားမှာ ပြဋ္ဌာန်းထားတဲ့ အမိ်န့်အာဏာတွေလဲ။ ကမ္ဘာကြီးမှာ ထင်ရှားစွာတွေ့မြင်နေရမှာပါ။

မာလီတွင် တူရက်မျိုးနွယ်စုဝင် ၃၀ ကျော်ကို ဂျီဟတ်ဝါဒီများက သတ်ဖြတ်

ဘာမာကို၊ ဧပြီ ၂၉
အာဖရိကတိုက် မာလီနိုင်ငံအရှေ့ မြောက်ပိုင်း နိုင်ဂျာနိုင်ငံနှင့် ထိစပ်နေသောနယ်စပ်တွင် တူရက်လူမျိုးစုဝင် ၃၀ ကျော်ကို ဂျီဟတ်ဝါဒီဟု ယူဆရသူများက သတ်ဖြတ်ခဲ့ကြောင်း AFP နှင့် EFE သတင်းဌာနတို့က ပြည်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြသည်။
ရှေ့တစ်ရက်ကလည်း မော်တော်ဆိုင်ကယ်စီး သေနတ်သမားများက တူရက်မျိုးနွယ်စုဝင် ၁၂ ဦးကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သေးသည်ဟု တူရက် သူပုန်အဖွဲ့ဟောင်း MSA နှင့် မျိုးနွယ်စု ခေါင်းဆောင်များက ပြောကြားသည်။
တူရက်မျိုးနွယ်စုများသည် သိုးများ၊ နွားများမွေးမြူခြင်းဖြင့် အသက်မွေးပြီး ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာကြသူများဖြစ်သည်။
“နှစ်ရက်တည်းမှာ သေတာ ၄၃ ယောက်ရှိပါပြီ။ အကုန်လုံး အရပ်သားချည်းပါပဲ၊ ဒီအရပ်ကချည်းပဲ”ဟု လူမျိုးစု ခေါင်းဆောင် ဆီဒီဂူအီအက်ဟာမာဒီက AFP သို့ ပြောကြားသည်။
“ကျုပ်တို့ တိုက်ခိုက်ရေးသမားတွေက သူတို့စခန်းတွေကို ဖျက်ဆီးပြီးရှင်းလင်း ပစ်တာ။ အခုသူတို့က အပစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ”ဟု လူမျိုးစုခေါင်းဆောင်က ပြောကြားခဲ့ပြီး တူရက်လက်နက်ကိုင်တပ်ဖွဲ့များက ဂျီဟတ်ဝါဒီများရှိရာ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု မှတ်ချက်ပေးခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း မာလီတွင် အကြမ်းဖက်မှုများ ဖြစ်ပွားမှုနှုန်း မြင့်တက်လာလျက်ရှိသည်။ တင်မ်ဘက်တူရှိ ကုလသမဂ္ဂစခန်းမှာလည်း ဒုံးကျည်နှင့် ကားဗုံးများအသုံးပြုတိုက် ခိုက်ခံရခြင်းကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။
မာလီနိုင်ငံလုံခြုံရေးမှာ စိုးရိမ်နေရပြီး ပဋိပက္ခသည် အိမ်နီးချင်းနိုင်ငံများသို့ပါ ပျံ့နှံ့သွားနိုင်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရလိုလားသော လက်နက်ကိုင် ညွှန်ပေါင်းတပ်ဖွဲ့နှင့် သူပုန်မဟာမိတ်တပ်ဖွဲ့တို့သည် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ထားသော်လည်း ၎င်းတို့၏ တိုက်ရိုက်နှင့် သွယ်ဝိုက်ကွပ်ကဲမှုအောက်တွင် ရှိခဲ့သော နေရာအများစုအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်စွမ်း လျော့ကျလာနေကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

Source: The Voice
http://thevoicemyanmar.com/latest-news/20308-mar