သတင်းလောကအလင်းပညာဒါနကျောင်း






 

“လောကအလင်း ဆရာ ဆရာမများ အစည်းအဝေး”

ကဆုန်လဆန်း(၁၄)ရက်)၊ (28.4.2018)၊ မနက် (9:00)နာရီ၊ မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။

ကိုးတန်းအောင် ဆယ်တန်းတက်မည့် ကျောင်းသူကျောင်းသားများအတွက် ကျူရှင်ကျောင်းကြိုတင်ဖွင့်လှစ်နိုင်ဖို့ စည်းဝေးကြတာပါ။
ကျောင်းအုပ်ဆရာကြီး ဦးမြင့်နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာများ တက်ရောက်ဆွေးနွေးပြီး အချိန်ဇယားအသစ် ပြန်လည်ရေးဆွဲကြပါတယ်။

7.5.2018 ရက်နေ့မှာ ကျောင်းဖွင့်ပြီး 8.5.2018 ရက်နေ့မှ စတင်သင်ကြားပေးတော့မှာဖြစ်ပါတယ်။ အင်္ဂလိပ်စာပြဆရာတစ်ဦးပဲ အစားထိုးခန့်အပ်ရပြီး ကျန်ဆရာ ဆရာမများ ပုံမှန်ဖြစ်ပါတယ်။