သတင္းေလာကအလင္းပညာဒါနေက်ာင္း

ေလာကအလင္း က်ဴရွင္ေက်ာင္းဖြင့္ပြဲ

ကဆုန္လျပည့္ေက်ာ္ (၈)ရက္၊ 7.5.2018 ရက္ေန႔၊ မနက္ (10:00)နာရီ၊ မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ ၅၃ လမ္းႏွင့္ ယုဇနလမ္းေထာင့္ရွိ၊ ေလာကအလင္းပညာဒါနစာသင္ေက်ာင္းမွာ က်င္းပပါတယ္။

မဟာဣႏၵကာရာမဆရာေတာ္ႀကီးႏွင့္ ဆရာေတာ္မ်ား ၾကြေရာက္ခ်ီးေျမႇာက္ၿပီး ေက်ာင္းအုပ္ဆရာႀကီးဦးျမင့္ႏွင့္ ဆရာ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား မိဘျပည္သူမ်ား တက္ေရာက္ၾကပါတယ္။

ဆရာ ဆရာမမ်ားက မိတ္ဆက္စကားေျပာၾကားၾကသလို ေက်ာင္းစည္းကမ္းမ်ား ဖတ္ျပျခင္း၊ အားေပးစကားေျပာျခင္းမ်ား ျပဳလုပ္ခဲ့ပါတယ္။

မဟာဣႏၵကာရာမဆရာေတာ္ႀကီးႏွင့္ စာေရးသူတုိ႔က ၾသဝါဒေပးၾကပါတယ္။ ၎ေနာက္ မဟာဣႏၵကာရာမဆရာေတာ္ႀကီးေက်ာင္းမွာ ေန႔ဆြမ္းစားၾကပါတယ္။

ေလာကအလင္းက်ဴရွင္ေက်ာင္းမ်ာ ကိုးတန္းေအာင္ ဆယ္တန္းတက္သည့္ Fresher ေက်ာင္းသားေက်ာင္းသူမ်ား (၆၀)ေက်ာ္ ရွိပါတယ္။

ဆယ္တန္းေအာင္စာရင္း ထြက္ၿပီးတဲ့အခါ ဆယ္တန္း Repeater တန္းမ်ားအတြက္ သီးသန္႔ေက်ာင္းဖြင့္ပြဲႏွင့္ ေအာင္ျမင္သူမ်ားအတြက္ ဆုေပးပြဲ သီးသန္႔က်င္းပဦးမွာပါ။

ေလာကအလင္းက်ဴရွင္ေက်ာင္းဖြင့္လွစ္ရျခင္း၏ ရည္ရြယ္ခ်က္ႏွစ္ခုကေတာ့

၁။ ပညာသင္စရိတ္မတတ္ႏို္င္ေသာမိဘမ်ား စိတ္ခ်မ္းသာစြာ ေက်ာင္းထားႏိုင္ေရး၊

၂။ သူေဌးသားသမီးမ်ားနည္းတူ ဆင္းရဲသူဆင္းရဲသားမ်ား ပညာေရးတန္းတူဆည္းပူးခြင့္ရရွိေရး ျဖစ္ပါတယ္။

စပြန္ဆာမရွိပါ။ ဒိုနာမရွိပါ။ ကိုယ္ထူကိုယ္ထ ဓမၼပူဇာမ်ားျဖင့္ တည္ေထာင္ထားေသာ က်ဴရွင္ေက်ာင္းႀကီး ျဖစ္ပါတယ္။ ျပည္သူ႔စပြန္ဆာျဖင့္ ျပည္သူ႔သားသမီးမ်ားကို ပညာေရးစရိတ္ ျပန္လည္ေထာက္ပံ့ေနျခင္း ျဖစ္ပါတယ္။

 

 

“လောကအလင်း ကျူရှင်ကျောင်းဖွင့်ပွဲ”

ကဆုန်လပြည့်ကျော် (၈)ရက်၊ 7.5.2018 ရက်နေ့၊ မနက် (10:00)နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ယုဇနလမ်းထောင့်ရှိ၊ လောကအလင်းပညာဒါနစာသင်ကျောင်းမှာ ကျင်းပပါတယ်။

မဟာဣန္ဒကာရာမဆရာတော်ကြီးနှင့် ဆရာတော်များ ကြွရောက်ချီးမြှောက်ပြီး ကျောင်းအုပ်ဆရာကြီးဦးမြင့်နှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။ ဆရာ ဆရာမများက မိတ်ဆက်စကားပြောကြားကြသလို ကျောင်းစည်းကမ်းများ ဖတ်ပြခြင်း၊ အားပေးစကားပြောခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မဟာဣန္ဒကာရာမဆရာတော်ကြီးနှင့် စာရေးသူတို့က သြဝါဒပေးကြပါတယ်။

၎င်းနောက် မဟာဣန္ဒကာရာမဆရာတော်ကြီးကျောင်းမှာ နေ့ဆွမ်းစားကြပါတယ်။ လောကအလင်းကျူရှင်ကျောင်းမျာ ကိုးတန်းအောင် ဆယ်တန်းတက်သည့် Fresher ကျောင်းသားကျောင်းသူများ (၆၀)ကျော် ရှိပါတယ်။ ဆယ်တန်းအောင်စာရင်း ထွက်ပြီးတဲ့အခါ ဆယ်တန်း Repeater တန်းများအတွက် သီးသန့်ကျောင်းဖွင့်ပွဲနှင့် အောင်မြင်သူများအတွက် ဆုပေးပွဲ သီးသန့်ကျင်းပဦးမှာပါ။

လောကအလင်းကျူရှင်ကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှစ်ခုကတော့

၁။ ပညာသင်စရိတ်မတတ်နိုင်သောမိဘများ စိတ်ချမ်းသာစွာ ကျောင်းထားနိုင်ရေး၊

၂။ သူဌေးသားသမီးများနည်းတူ ဆင်းရဲသူဆင်းရဲသားများ ပညာရေးတန်းတူဆည်းပူးခွင့်ရရှိရေး ဖြစ်ပါတယ်။

စပွန်ဆာမရှိပါ။ ဒိုနာမရှိပါ။ ကိုယ်ထူကိုယ်ထ ဓမ္မပူဇာများဖြင့် တည်ထောင်ထားသော ကျူရှင်ကျောင်းကြီး ဖြစ်ပါတယ်။ ပြည်သူ့စပွန်ဆာဖြင့် ပြည်သူ့သားသမီးများကို ပညာရေးစရိတ် ပြန်လည်ထောက်ပံ့နေခြင်း ဖြစ်ပါတယ်။