သတင္း

၂၀၁၈ ဧကူနဝီသတိမဓမၼသဘင္/ မႏၲေလး-မူလဆီးဘန္နီတုိက္

ကဆုန္လျပည့္ေက်ာ္(၈)ရက္၊ 7.5.2018 ရက္ေန႔၊ ည(8:00)နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မူလဆီးဘန္နီတုိက္၊ အင္းေတာ္ႀကီး ဟိုပင္ေက်ာင္း လံုးစန္႔အုတ္ေက်ာင္း ေလးထပ္ေက်ာင္းေဆာင္ ေရစက္ခ်အလွဴေတာ္မဂၤလာဓမၼသဘင္။

(၁၉)ႀကိမ္ေျမာက္ တရားပြဲပါ။ တရားေဟာခြင့္ ပိတ္ပင္ထားစဥ္ကတည္းက လံုးစန္႔အုတ္ေက်ာင္းဆရာေတာ္ႀကီးကိုယ္တုိင္ ၾကြေရာက္ပင့္ဖိတ္ထားတဲ့တရားပြဲပါ။

တရားေဟာၿပီးလုိ႔ ေရစက္ခ်တဲ့အခါ ေလးထပ္ေက်ာင္းေဆာင္သစ္ႀကီး လွဴဒါန္းသည့္အတြက္ပါ ေရစက္ခ်ေပးဖို႔ လံုးစန္႔အုတ္ေက်ာင္းဆရာေတာ္ႀကီးက မိန္႔ေတာ္မူပါတယ္။

အင္းေတာ္ႀကီးေဒသႏွင့္ မုိးညႇင္း၊ မုိးေကာင္း၊ ဟိုပင္ စေသာ ၿမဳိ႕နယ္တုိ႔မွ ရွမ္းနီတုိင္းရင္းသားဆရာေတာ္မ်ားႏွင့္ ေက်ာင္းေရစက္ခ်ပြဲလာ ရွမ္းနီတုိင္းရင္းသားတုိင္းရင္းသူမ်ား ၾကြေရာက္အားေပးၾက တရားနာယူၾကပါတယ္။

ေရဝတီ ဝိမာနဝတၳဳ ေဟာၾကားခဲ့ပါတယ္။ လင္မယားႏွစ္ေယာက္ရွိရာတြင္ လင္ျဖစ္သူက မေသခင္ တာဝတႎသာနတ္ျပည္မွာ ဗိမာန္ေပါက္ေနၿပီး မယားျဖစ္သူက အရွင္လတ္လတ္ ငရဲက်ရတဲ့ ဝတၳဳေလးပါ။

အထူးသျဖင့္ သံဃာေတာ္ေတာ္ကိုျပစ္မွားသည့္ အကုသိုလ္ကံေၾကာင့္ ေရဝတီသူေဌးမယား မေသမီ ငရဲလားရပုံကို ေဟာၾကားခဲ့တာပါ။

မေသမီ ငရဲလားသည့္ ေရဝတီသူေဌးမယား တရားေတာ္

သံဃာဆဲသည့္ ေရဝတီ၊ အပါယ္ငရဲလားရၿပီ။

အပါယ္ဒုကၡ ေဝးလိုက၊ သံဃာဆဲမႈေရွာင္ၾကဥ္ၾက။

 

“၂၀၁၈ ဧကူနဝီသတိမဓမ္မသဘင်/ မန္တလေး-မူလဆီးဘန်နီတိုက်”

 

ကဆုန်လပြည့်ကျော်(၈)ရက်၊ 7.5.2018 ရက်နေ့၊ ည(8:00)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မူလဆီးဘန်နီတိုက်၊ အင်းတော်ကြီး ဟိုပင်ကျောင်း လုံးစန့်အုတ်ကျောင်း လေးထပ်ကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာဓမ္မသဘင်။

(၁၉)ကြိမ်မြောက် တရားပွဲပါ။ တရားဟောခွင့် ပိတ်ပင်ထားစဉ်ကတည်းက လုံးစန့်အုတ်ကျောင်းဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပင့်ဖိတ်ထားတဲ့တရားပွဲပါ။

တရားဟောပြီးလို့ ရေစက်ချတဲ့အခါ လေးထပ်ကျောင်းဆောင်သစ်ကြီး လှူဒါန်းသည့်အတွက်ပါ ရေစက်ချပေးဖို့ လုံးစန့်အုတ်ကျောင်းဆရာတော်ကြီးက မိန့်တော်မူပါတယ်။

အင်းတော်ကြီးဒေသနှင့် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင် စသော မြို့နယ်တို့မှ ရှမ်းနီတိုင်းရင်းသားဆရာတော်များနှင့် ကျောင်းရေစက်ချပွဲလာ ရှမ်းနီတိုင်းရင်းသားတိုင်းရင်းသူများ ကြွရောက်အားပေးကြ တရားနာယူကြပါတယ်။

ရေဝတီ ဝိမာနဝတ္ထု ဟောကြားခဲ့ပါတယ်။ လင်မယားနှစ်ယောက်ရှိရာတွင် လင်ဖြစ်သူက မသေခင် တာဝတိံသာနတ်ပြည်မှာ ဗိမာန်ပေါက်နေပြီး မယားဖြစ်သူက အရှင်လတ်လတ် ငရဲကျရတဲ့ ဝတ္ထုလေးပါ။

အထူးသဖြင့် သံဃာတော်တော်ကိုပြစ်မှားသည့် အကုသိုလ်ကံကြောင့် ရေဝတီသူဌေးမယား မသေမီ ငရဲလားရပုံကို ဟောကြားခဲ့တာပါ။

မသေမီ ငရဲလားသည့် ရေဝတီသူဌေးမယား တရားတော်
သံဃာဆဲသည့် ရေဝတီ၊ အပါယ်ငရဲလားရပြီ။
အပါယ်ဒုက္ခ ဝေးလိုက၊ သံဃာဆဲမှုရှောင်ကြဉ်ကြ။