သတင္း

အမ်ဳိးသားေရးကဗ်ာၿပဳိင္ပြဲ ဆုရရွိၾကသူမ်ား

ၿပဳိင္ပြဲဝင္ကဗ်ာ (၆၈)ပုဒ္ပါ။

ကိုယ္တိုင္ရြတ္ဆုိသူ ကိုယ္စားလွယ္ရြတ္ဆုိသူ ကဗ်ာေပါင္း (၃၃)ပုဒ္ပါ။

အမွတ္အမ်ားဆံုး (၁၁)ဦး ဆန္ကာတင္ ေရြးခ်ယ္လိုက္ပါတယ္။

အဲဒီထဲကမွ (၁၀)ဦးကို ဆုေပးပါတယ္။

ေမာ္ဒန္ကဗ်ာ (၅)ဦး

(၁) မိုးတိမ္ (ေရႊကာ)၊ ကဗ်ာအမည္- ျငမ္း၊ ရမွတ္- (၄၅.၅)မွတ္

(၂) ေနမင္းႏြယ္၊ ကဗ်ာအမည္- ေဆာင္းအိ္ပ္မက္ႏွင့္ ေရႊျပည္ေတာ္၊ ရမွတ္ (၄၅)မွတ္

(၃) သုမန (ေလာကအလင္း)၊ ကဗ်ာအမည္-ႏႈတ္ဆက္လိုက္ပါတယ္၊ ရမွတ္ (၃၇)မွတ္

(၄) တကၠသုိလ္ေအာင္လင္း၊ ကဗ်ာအမည္-ကၽြႏု္ပ္၏ ဆႏၵ၊ ရမွတ္ (၃၁)မွတ္

(၅) ဗိုလ္နိ၊ ကဗ်ာအမည္-ပုံေျပာေကာင္းသူႏွင့္ ဝီရသူ၊ ရမွတ္ (၃၁)မွတ္

ရိုးရာ(ဂႏၴဝင္)ကဗ်ာ (၅)ဦး

(၁) သာကီႏြယ္(နတ္ေမာက္)၊ ကဗ်ာအမည္ – သူ႔ Dictionary ၊ ရမွတ္ (၃၇)မွတ္

(၂) ဒီဒီ (ေရႊၿခံသား)၊ ကဗ်ာအမည္ – ရြာျပင္ထုတ္လည္း လႈပ္ႏႈိးမည္၊ ရမွတ္ (၃၃)မွတ္

(၃) ျမဴႏွင္းျဖဴ (မႏၲလာ)၊ ကဗ်ာအမည္ – သူလိုလူေရြး၊ ရမွတ္ (၃၂)မွတ္

(၄) ေဝဒဂူ၊ ကဗ်ာအမည္ – ႀကဳိးစားလုိက္ပါ မ်ဳိးခ်စ္တုိ႔ရာ၊ ရမွတ္ (၃၂)မွတ္

(၅) ေမာင္ေတာ္ေလး၊ ကဗ်ာအမည္ – ခံတပ္ေတြကို စီထား၊ ရမွတ္ (၃၁)မွတ္

(၆) ေဒၚေကလာသီ၊ ကဗ်ာအမည္ – တစ္ကမၻာလံုးႏွင့္ တစ္ေယာက္၏ ေထရုပၸတၱိ ရွစ္လံုးဖြဲ႔ သံေပါက္ကဗ်ာ၊ ရမွတ္ (၃၁)မွတ္

၎(၆)ဦးမွ (၅)ဦးကိုေရြးခ်ယ္ရာတြင္ ေဒၚေကလာသီႏွင့္ ေမာင္ေတာ္ေလးအနက္ ဒိုင္(၅)ဦး ျပန္လည္စိစစ္ၿပီး ေဒၚေကလာသီကို ေရြးခ်ယ္လုိက္ပါတယ္။

ေမာင္ေတာ္ေလးက ဆ႒မျဖစ္သြားလို႔ ဆုမရရွိေတာ့ပါ။

ဂႏၴဝင္ကဗ်ာ ပဥၥမဆုရ ေဒၚေကလာသီ၏ လက္ရာကို တင္ျပေပးလုိ္က္ပါတယ္။

“တစ္ကမၻာလံုးႏွင့္ တစ္ေယာက္၏ ေထရုပၸတၱိ ရွစ္လံုးဖြဲ႔ သံေပါက္ကဗ်ာ”

====================================

၁။ သာသနာသကၠရာဇ္ ႏွစ္ေထာင့္ငါးရာ

ေျခာက္ဆယ့္တစ္ခုစြန္းသည္မွာ

ေကာဇာသကၠရာဇ္ တစ္ေထာင့္သံုးရာ

ရွစ္ဆယ္ျပည့္ … လျမတ္ … ဝါဆိုပါ။

၂။ ခမည္းေတာ္ႀကီးက ဦးခင္ေမာင္ဝင္း

မယ္ေတာ္အမိ ေဒၚတင္ဦးပင္

ေမြးခ်င္းရွစ္ဦး ဒုတိယသားရွင္

အျမတ္ဆံုး … သာသနာ့ … ေဘာင္ကိုဝင္။

၃။ တစ္ေထာင့္သံုးရာ ေလးဆယ့္ခြန္ႏွစ္

သာသနာ့ေဘာင္သုိ႔ ဝင္ေရာက္ခဲ့အရွင္

ေရႊလွံေထာင္ေက်ာင္း ေက်ာက္ဆည္ၿမဳိ႕တြင္

ဦးႀကီးဘုန္း … ဘဒၵႏၲ … ပညာအရွင္။

၄။ ဦးႀကီးဘုန္းက ဥပဇၥၽာယ္ေနာ္

ဖြာမာလာက ရွင္ဒကာေနာ္

သာသနာမ်ဳိးဆက္ အေမြဆက္သေနာ္

သာသနာ့ … ေဘာင္တြင္ … သြတ္သြင္း … ဆြဲကာေခၚ။

၅။ မင္းကုန္းမဟာေက်ာင္း စာသင္တိုက္မွာ

ပဓာနနာယက ေထရ္ဆရာပါ

အဘိဝံသဟု ဘြဲ႔ထူးထံမွာ

ပညာႏို႔ … ေသာက္သံုး … ခဲ့ေလရွာ။

၆။ တစ္ေထာင့္သံုးရာ ငါးဆယ္ျပည့္ပါ

မႏၲလားတုိင္း ေက်ာက္ဆည္ၿမဳိ႕မွာ

မင္းကုန္းမဟာေက်ာင္း ခ႑သိမ္မွာ

ဥပဇၥၽာယ္ကား ..ကား .. ေလသာ .. ေထရ္ဆရာပါ။

၇။ မင္းရပ္ ရပ္ကြက္ ေဒၚျမခ်စ္ပါ

ဦးသန္းဝင္းႏွင့္ ေဒၚခ်ဳိေအးပါ

ပစၥည္းေလးပါး ဒကာခံကာ

ျမတ္ရဟန္း … တက္လွမ္း … သာသနာ။

၈။ တစ္ေထာင့္သံုးရာ ငါးဆယ့္သံုးတြင္

မႏၲလာေရႊၿမဳိ႕ ေရာက္ရွိိအရွင္

မစိုးရိမ္တိုက္သစ္ နာမမည္တြင္

စာေပမ်ား … ဆက္လက္ … သင္ယူအရွင္။

၉။ တစ္ေထာင့္သံုးရာ ေျခာက္ဆယ့္တစ္တြင္

သာသနာ့ဟိတ သက်မည္တြင္

စာေျဖေအာင္လုိ႔ ဘြဲ႔ထူးေထရ္ရွင္

ခံယူဖုိ႔ … နာယက … အဖြဲ႔မွာဝင္။

တစ္ေထာင့္သံုးရာ ေျခာက္ဆယ့္ႏွစ္တြင္

ေထရဝါဒ တုိက္ပြဲသို႔ဝင္

ဒို႔တိုင္းျပည္ဟု နာမျပင္ဆင္

စာအုပ္ေရး .. ထုတ္လုိ႔ေဝတယ္အရွင္။

၁၁။ တစ္ေထာင့္သံုးရာ ေျခာက္ဆယ့္သံုးတြင္

မ်ဳိးေစာင့္တရား နယ္လွည့္ေဟာအရွင္

ဘာသာအတြက္ အသက္ကိုပင္

မငဲ့ကြက္ … ေပးဆပ္ … ေထရ္အရွင္။

၁၂။ တစ္ေထာင့္သံုးရာ ေျခာက္ဆယ့္ငါးတြင္

စာအုပ္ထပ္ထုတ္ ပရိယတၱိပင္

ေရႊခ်ိန္ခြင္ဟု နာမမည္တြင္

ေရးကာထုတ္ … ျဖန္႔၍ .. ေဝတယ္အရွင္။

၁၃။ တစ္ေထာင့္သံုးရာ ေျခာက္ဆယ့္ငါးတြင္

ေလာကဓံမုန္တုိင္း ၾကမ္းတမ္းလို႔ဝင္

ပုဒ္မငါးခု နာမမည္တြင္

စြဲခ်က္ျပင္း … ေထာင္နန္း … စံေတာ္ဝင္။

၁၄။ တစ္ေထာင္သံုးရာ ခုနစ္ဆယ့္သံုးတြင္

ျမစ္ႀကီးနားၿမဳိ႕ နာမမည္တြင္

ျပန္လည္လြတ္ေျမာက္ ကၽြတ္လြတ္ကာပင္

အေပ်ာ္ဆံုးရက္ … တစ္ရက္ … အပါဝင္။

၁၅။ မန္းေရႊၿမဳိ႕ႀကီး က်က္သေရေဆာင္

မစိုးရိမ္တိုက္သစ္ နာမေက်ာ္ေအာင္

ဓမၼသဟာယ နာမေက်ာင္းေဆာင္

ေထရ္ရွင္ျမတ္ … စံျမန္း … ဂုဏ္ကိုေဆာင္။

၁၆။ ေရႊရတုေျမာက္ ႀကိမ္ေရာက္ခဲ့ေပ

ေမြးေန႔ႀကဳံတုိ္င္း ကုသုိလ္ျပဳသေလ

ေသြးလွဴဒါန္းလို႔ တပည့္ဒကာေတြ

ဗာဝီသ ႀကိမ္ေျမာက္ရွိၿပီေလ။

၁၇။ ဒို႔ေထရ္ရွင္ျမတ္ ကမၻာကိုေက်ာ္

ဘာသာေသြးရဲ တုိက္ပြဲမွာေပ်ာ္

အသက္ခႏၶာ မငဲ့ကြက္ေနာ္

စြန္႔ကာစား … သတၱိ .. ရဲတယ္ေနာ္။

၁၈။ ဆရာေတာ္ဘုရား သက္ေတာ္ရာေက်ာ္

ရွည္ပါေစေၾကာင္း ေတာင္းဆုျပဳသေနာ္

ေဘးရန္ကင္းလို႔ က်န္းမာေစေသာ္

ပထနာျပဳ … ေတာင္းဆု ေျခြတယ္ေနာ္။

ေဒၚေကလာသီ

ေမတၱာဂုဏ္ရည္ေခ်ာင္၊

စစ္ကိုင္းေတာင္ရိုး

 

“အမျိုးသားရေးကဗျာပြိုင်ပွဲ ဆုရရှိကြသူများ”

ပြိုင်ပွဲဝင်ကဗျာ (၆၈)ပုဒ်ပါ။
ကိုယ်တိုင်ရွတ်ဆိုသူ ကိုယ်စားလှယ်ရွတ်ဆိုသူ ကဗျာပေါင်း (၃၃)ပုဒ်ပါ။
အမှတ်အများဆုံး (၁၁)ဦး ဆန်ကာတင် ရွေးချယ်လိုက်ပါတယ်။
အဲဒီထဲကမှ (၁၀)ဦးကို ဆုပေးပါတယ်။

မော်ဒန်ကဗျာ (၅)ဦး
(၁) မိုးတိမ် (ရွှေကာ)၊ ကဗျာအမည်- ငြမ်း၊ ရမှတ်- (၄၅.၅)မှတ်
(၂) နေမင်းနွယ်၊ ကဗျာအမည်- ဆောင်းအိပ်မက်နှင့် ရွှေပြည်တော်၊ ရမှတ် (၄၅)မှတ်
(၃) သုမန (လောကအလင်း)၊ ကဗျာအမည်-နှုတ်ဆက်လိုက်ပါတယ်၊ ရမှတ် (၃၇)မှတ်
(၄) တက္ကသိုလ်အောင်လင်း၊ ကဗျာအမည်-ကျွနု်ပ်၏ ဆန္ဒ၊ ရမှတ် (၃၁)မှတ်
(၅) ဗိုလ်နိ၊ ကဗျာအမည်-ပုံပြောကောင်းသူနှင့် ဝီရသူ၊ ရမှတ် (၃၁)မှတ်

ရိုးရာ(ဂန္ထဝင်)ကဗျာ (၅)ဦး
(၁) သာကီနွယ်(နတ်မောက်)၊ ကဗျာအမည် – သူ့ Dictionary ၊ ရမှတ် (၃၇)မှတ်
(၂) ဒီဒီ (ရွှေခြံသား)၊ ကဗျာအမည် – ရွာပြင်ထုတ်လည်း လှုပ်နှိုးမည်၊ ရမှတ် (၃၃)မှတ်
(၃) မြူနှင်းဖြူ (မန္တလာ)၊ ကဗျာအမည် – သူလိုလူရွေး၊ ရမှတ် (၃၂)မှတ်
(၄) ဝေဒဂူ၊ ကဗျာအမည် – ကြိုးစားလိုက်ပါ မျိုးချစ်တို့ရာ၊ ရမှတ် (၃၂)မှတ်
(၅) မောင်တော်လေး၊ ကဗျာအမည် – ခံတပ်တွေကို စီထား၊ ရမှတ် (၃၁)မှတ်
(၆) ဒေါ်ကေလာသီ၊ ကဗျာအမည် – တစ်ကမ္ဘာလုံးနှင့် တစ်ယောက်၏ ထေရုပ္ပတ္တိ ရှစ်လုံးဖွဲ့ သံပေါက်ကဗျာ၊ ရမှတ် (၃၁)မှတ်

၎င်း(၆)ဦးမှ (၅)ဦးကိုရွေးချယ်ရာတွင် ဒေါ်ကေလာသီနှင့် မောင်တော်လေးအနက် ဒိုင်(၅)ဦး ပြန်လည်စိစစ်ပြီး ဒေါ်ကေလာသီကို ရွေးချယ်လိုက်ပါတယ်။
မောင်တော်လေးက ဆဋ္ဌမဖြစ်သွားလို့ ဆုမရရှိတော့ပါ။

ဂန္ထဝင်ကဗျာ ပဉ္စမဆုရ ဒေါ်ကေလာသီ၏ လက်ရာကို တင်ပြပေးလိုက်ပါတယ်။

“တစ်ကမ္ဘာလုံးနှင့် တစ်ယောက်၏ ထေရုပ္ပတ္တိ ရှစ်လုံးဖွဲ့ သံပေါက်ကဗျာ”
====================================

၁။ သာသနာသက္ကရာဇ် နှစ်ထောင့်ငါးရာ
ခြောက်ဆယ့်တစ်ခုစွန်းသည်မှာ
ကောဇာသက္ကရာဇ် တစ်ထောင့်သုံးရာ
ရှစ်ဆယ်ပြည့် … လမြတ် … ဝါဆိုပါ။
၂။ ခမည်းတော်ကြီးက ဦးခင်မောင်ဝင်း
မယ်တော်အမိ ဒေါ်တင်ဦးပင်
မွေးချင်းရှစ်ဦး ဒုတိယသားရှင်
အမြတ်ဆုံး … သာသနာ့ … ဘောင်ကိုဝင်။
၃။ တစ်ထောင့်သုံးရာ လေးဆယ့်ခွန်နှစ်
သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့အရှင်
ရွှေလှံထောင်ကျောင်း ကျောက်ဆည်မြို့တွင်
ဦးကြီးဘုန်း … ဘဒ္ဒန္တ … ပညာအရှင်။
၄။ ဦးကြီးဘုန်းက ဥပဇ္ဈာယ်နော်
ဖွာမာလာက ရှင်ဒကာနော်
သာသနာမျိုးဆက် အမွေဆက်သနော်
သာသနာ့ … ဘောင်တွင် … သွတ်သွင်း … ဆွဲကာခေါ်။
၅။ မင်းကုန်းမဟာကျောင်း စာသင်တိုက်မှာ
ပဓာနနာယက ထေရ်ဆရာပါ
အဘိဝံသဟု ဘွဲ့ထူးထံမှာ
ပညာနို့ … သောက်သုံး … ခဲ့လေရှာ။
၆။ တစ်ထောင့်သုံးရာ ငါးဆယ်ပြည့်ပါ
မန္တလားတိုင်း ကျောက်ဆည်မြို့မှာ
မင်းကုန်းမဟာကျောင်း ခဏ္ဍသိမ်မှာ
ဥပဇ္ဈာယ်ကား ..ကား .. လေသာ .. ထေရ်ဆရာပါ။
၇။ မင်းရပ် ရပ်ကွက် ဒေါ်မြချစ်ပါ
ဦးသန်းဝင်းနှင့် ဒေါ်ချိုအေးပါ
ပစ္စည်းလေးပါး ဒကာခံကာ
မြတ်ရဟန်း … တက်လှမ်း … သာသနာ။
၈။ တစ်ထောင့်သုံးရာ ငါးဆယ့်သုံးတွင်
မန္တလာရွှေမြို့ ရောက်ရှိအရှင်
မစိုးရိမ်တိုက်သစ် နာမမည်တွင်
စာပေများ … ဆက်လက် … သင်ယူအရှင်။
၉။ တစ်ထောင့်သုံးရာ ခြောက်ဆယ့်တစ်တွင်
သာသနာ့ဟိတ သကျမည်တွင်
စာဖြေအောင်လို့ ဘွဲ့ထူးထေရ်ရှင်
ခံယူဖို့ … နာယက … အဖွဲ့မှာဝင်။
တစ်ထောင့်သုံးရာ ခြောက်ဆယ့်နှစ်တွင်
ထေရဝါဒ တိုက်ပွဲသို့ဝင်
ဒို့တိုင်းပြည်ဟု နာမပြင်ဆင်
စာအုပ်ရေး .. ထုတ်လို့ဝေတယ်အရှင်။
၁၁။ တစ်ထောင့်သုံးရာ ခြောက်ဆယ့်သုံးတွင်
မျိုးစောင့်တရား နယ်လှည့်ဟောအရှင်
ဘာသာအတွက် အသက်ကိုပင်
မငဲ့ကွက် … ပေးဆပ် … ထေရ်အရှင်။
၁၂။ တစ်ထောင့်သုံးရာ ခြောက်ဆယ့်ငါးတွင်
စာအုပ်ထပ်ထုတ် ပရိယတ္တိပင်
ရွှေချိန်ခွင်ဟု နာမမည်တွင်
ရေးကာထုတ် … ဖြန့်၍ .. ဝေတယ်အရှင်။
၁၃။ တစ်ထောင့်သုံးရာ ခြောက်ဆယ့်ငါးတွင်
လောကဓံမုန်တိုင်း ကြမ်းတမ်းလို့ဝင်
ပုဒ်မငါးခု နာမမည်တွင်
စွဲချက်ပြင်း … ထောင်နန်း … စံတော်ဝင်။
၁၄။ တစ်ထောင်သုံးရာ ခုနစ်ဆယ့်သုံးတွင်
မြစ်ကြီးနားမြို့ နာမမည်တွင်
ပြန်လည်လွတ်မြောက် ကျွတ်လွတ်ကာပင်
အပျော်ဆုံးရက် … တစ်ရက် … အပါဝင်။
၁၅။ မန်းရွှေမြို့ကြီး ကျက်သရေဆောင်
မစိုးရိမ်တိုက်သစ် နာမကျော်အောင်
ဓမ္မသဟာယ နာမကျောင်းဆောင်
ထေရ်ရှင်မြတ် … စံမြန်း … ဂုဏ်ကိုဆောင်။
၁၆။ ရွှေရတုမြောက် ကြိမ်ရောက်ခဲ့ပေ
မွေးနေ့ကြုံတိုင်း ကုသိုလ်ပြုသလေ
သွေးလှူဒါန်းလို့ တပည့်ဒကာတွေ
ဗာဝီသ ကြိမ်မြောက်ရှိပြီလေ။
၁၇။ ဒို့ထေရ်ရှင်မြတ် ကမ္ဘာကိုကျော်
ဘာသာသွေးရဲ တိုက်ပွဲမှာပျော်
အသက်ခန္ဓာ မငဲ့ကွက်နော်
စွန့်ကာစား … သတ္တိ .. ရဲတယ်နော်။
၁၈။ ဆရာတော်ဘုရား သက်တော်ရာကျော်
ရှည်ပါစေကြောင်း တောင်းဆုပြုသနော်
ဘေးရန်ကင်းလို့ ကျန်းမာစေသော်
ပထနာပြု … တောင်းဆု ခြွေတယ်နော်။

ဒေါ်ကေလာသီ
မေတ္တာဂုဏ်ရည်ချောင်၊
စစ်ကိုင်းတောင်ရိုး