သတင္း

သူေဌးတန္းဆရာေတာ္ႀကီး ရုပ္ကလာပ္ေတာ္အား ဖူးေျမာ္ပူေဇာ္

27.6.2018 ရက္ေန႔၊ ည ၈း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မဟာဝိသုဒၶါရုံတိုက္သစ္၊ အလယ္တုိက္ႀကီးအေပၚထပ္မွာ ပင့္ေဆာင္ပူေဇာ္ထားအပ္ေသာ သူေဌးတန္းဆရာေတာ္ႀကီး၏ ရုပ္ကလာပ္ေတာ္ကို သြားေရာက္ပူေဇာ္ပါတယ္။

တိပိဋက ေယာဆရာေတာ္ႀကီး၏ ဓမၼသဘင္ႏွင့္ တုိက္ဆုိင္ေနပါတယ္။

ရုပ္ကလာပ္ေတာ္အား ဖူးေျမာ္ပူေဇာ္ ဝန္ခ်ေတာင္းပန္ၿပီး သံဃာေတာ္မ်ားအား တိုးတုိးတိတ္တိတ္ ႏႈတ္ဆက္ကာ စ်ာပနေကာ္မတီအႀကီးအကဲ အေဝရာရာမ ရန္ကင္းဆရာေတာ္ႀကီးအား ဖူးေျမာ္ခဲ့ပါတယ္။

ၾသဝါဒခံယူကာ တရားဓမၼလည္း နာယူခဲ့ပါတယ္။

ျပန္ခါနီးမွာ စ်ာပနမွတ္တမ္းစာအုပ္မွာ သူေဌးတန္းဆရာေတာ္ႀကီးႏွင့္ပတ္သက္ၿပီး ၾကည္ညဳိဖြယ္ရာစကားမ်ား မွတ္တမ္းတင္ခဲ့ပါတယ္။

‘ရဟန္းသိကၡာ ေလးဝါအရြယ္မွစၿပီး ဒီကေန႔အထိ အာပတ္သင့္မိတယ္လုိ႔ကို မထင္ဘူး’

အင္မတန္ျဖဴစင္တဲ့ မေထရ္ႀကီးတစ္ပါးကို ဆည္းကပ္ခြင့္ ရရွိခဲ့သူပါဘုရား။

ဆရာေတာ္ႀကီး၏ သီလဝိသုဒၶိ ယုံၾကည္ခ်က္စကားကို ဦးထိပ္ပန္ဆင္ၿပီး အၿမဲၾကည္ညဳိေနပါ့မည္ဘုရား။

တပည့္ဆိုးေလး

ဝီရသူ

 

 

“သူဌေးတန်းဆရာတော်ကြီး ရုပ်ကလာပ်တော်အား ဖူးမြော်ပူဇော်”

27.6.2018 ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ အလယ်တိုက်ကြီးအပေါ်ထပ်မှာ ပင့်ဆောင်ပူဇော်ထားအပ်သော သူဌေးတန်းဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို သွားရောက်ပူဇော်ပါတယ်။

တိပိဋက ယောဆရာတော်ကြီး၏ ဓမ္မသဘင်နှင့် တိုက်ဆိုင်နေပါတယ်။ ရုပ်ကလာပ်တော်အား ဖူးမြော်ပူဇော် ဝန်ချတောင်းပန်ပြီး သံဃာတော်များအား တိုးတိုးတိတ်တိတ် နှုတ်ဆက်ကာ ဈာပနကော်မတီအကြီးအကဲ အဝေရာရာမ ရန်ကင်းဆရာတော်ကြီးအား ဖူးမြော်ခဲ့ပါတယ်။

သြဝါဒခံယူကာ တရားဓမ္မလည်း နာယူခဲ့ပါတယ်။ ပြန်ခါနီးမှာ ဈာပနမှတ်တမ်းစာအုပ်မှာ သူဌေးတန်းဆရာတော်ကြီးနှင့်ပတ်သက်ပြီး ကြည်ညိုဖွယ်ရာစကားများ မှတ်တမ်းတင်ခဲ့ပါတယ်။

‘ရဟန်းသိက္ခာ လေးဝါအရွယ်မှစပြီး ဒီကနေ့အထိ အာပတ်သင့်မိတယ်လို့ကို မထင်ဘူး’ အင်မတန်ဖြူစင်တဲ့ မထေရ်ကြီးတစ်ပါးကို ဆည်းကပ်ခွင့် ရရှိခဲ့သူပါဘုရား။ ဆရာတော်ကြီး၏ သီလဝိသုဒ္ဓိ ယုံကြည်ချက်စကားကို ဦးထိပ်ပန်ဆင်ပြီး အမြဲကြည်ညိုနေပါ့မည်ဘုရား။

တပည့်ဆိုးလေး
ဝီရသူ