Daily Archives: June 30, 2017

သတင်း

Facebook ပရိသတ်ကြီးမင်္ဂလာပါ 

ဦးပဉ္စင်း၏အကောင့် ဒီကနေ့ညနေပိုင်းမှာ ပြန်ပွင့်သွားပါပြီ။ အပိတ်ခံရစဉ်ကာလအတွင်း Like လုပ်မရ၊ လက်မလေးလည်းထောင်မရ၊ မက်ဆေ့ရောက်ရှိကြောင်းလည်း ပြန်ပြောလို့မရဖြစ်ခဲ့ရလို့ အကြောင်းမပြန်နိုင်တာတွေ ရှိခဲ့ပါတယ်။ နှုတ်ဆက်သူများ ဆုတောင်းသူများ အကြံပေးသူများ ဆဲရေးသူများ ခြိမ်းခြောက်သူများအားလုံး ကျေးဇူးတင်ရှိကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ အားလုံးကောင်းမွန်စွာ အမျိုးဘာသာ သာသနာအရေး ဆက်လက် ရေးသားသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဦးပဉ္စင်း ဝီရသူ(မစိုးရိမ်) 30.6.2017 PM 11:24
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် အရှင်ဥာဏိက(ပုညခေတ္တဆရာတော်)နှင့် မိဘနှစ်ပါးမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (25.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၀၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၂၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာလေးဆယ့် နှစ်သိန်း ငါးသောင်း ...
သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော သဝဏ်လွှာ

(25.6.2017 ရက်နေ့မှာကျင်းပတဲ့ အဂတိသာဝန်ကန့်ကွက်ရှုတ်ချပွဲ(ရန်ကုန်)သို့ ပေးပို့သော သဝဏ်လွှာဖြစ်ပါသည်။ ၄င်းနေ့၌ ရန်ကုန် မန္တလေးတို့၌ အဂတိသာဝန်ရှုတ်ချပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ကြပါသည်။ ရန်ကုန်သို့ပေးပို့သောသဝဏ်လွှာကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ အရှင်တေဇဝန္တက ဖတ်ကြားပါသည်။) အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော မျိုးချစ်ဇာနည်အပေါင်းတို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် နေရာဌာနနှင့်လုံးဝမလိုက်ဖက်သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ သာသနာရေးဝန်ကြီးဖြစ်ပါလျက် သာသနာတော်ကို မချီးမြှောက်ခြင်း၊ သာသနာ့ဝန်ထမ်းရဟန်းသံဃာတော်များ ကို နှိပ်ကွပ်ခြင်း၊ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသော ထေရ်ကြီးဝါကြီးဆရာတော်များကို ပြစ်မှားခြင်း၊ သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးကို လူသိရှင်ကြား စော်ကားသူဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ခြင်း၊ သာသနာ့ဝန်ထမ်း ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၂)

  မေး – အရှင်ဘုရားရဲ့ အားအရ ဆုံးအောင်မြင်မှုလို့ဆိုတဲ့ ထေရဝါဒ တိုက်ပွဲနဲ့ ပရိယတ္တိရွှေချိန်ခွင်ဆိုတဲ့ စာအုပ်နှစ်အုပ်လုံးဟာ ဈေးကွက်မှာ မတွေ့ရတော့ပါဘူးဘုရား။ စာအုပ်တွေ ပြန်ထုတ်ဖို့ ရှိပါသလားဘုရား။ ဖြေ – အဲဒီစာအုပ်တွေ ဦးဇင်း မော်စကိုက ပြန်လာကတည်းကိုက တမ်းတမ်းတတ တိုက်တွန်းတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အလံဖြူထောင်ပြီး လက်နက်ချ အလင်းဝင်တဲ့သူက ဝင်သွားပြီ။ ဒီအချိန်ထိ ဆက်တိုက်နေရင် မကောင်းတော့ဘူးထင်တယ်။ ဒါကြောင့် ဆက်မထုတ်ဖြစ်တော့တာပါ။ မေး – လက်ရှိမှာ နိုင်ငံတော် သံဃမဟာနာယကက အရှင်ဘုရားကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း(နဝကမ္မအလှူတော်)

ကသာမြို့နေ ဦးသန့်ဇင်+ဒေါ်ခင်ညိုညို (A-1 အထည်ရောင်းဝယ်ရေး)မိသားစုက ဆရာတော်ဦးဝီရသူ မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းသော နဝကမ္မအလှူငွေ (၅)သိန်းကျပ်ကို သွေးလှူရှင် တစ်ဦးက ဆက်ကပ်စဉ်။(26.6.2017)
သတင်း

ဝီရသူကို ချစ်ကြသူများ(၃)

24.6.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ဒဂုံမြို့နယ် အမှတ်(၂၀)ရပ်ကွက်၊ မောင်မကန်လမ်း We Love Wirathu လက်မှတ်ရေးထိုးလှုပ်ရှားမှု Campaign ပွဲသို့ ရောက်ရှိပါတယ်။ နေပူကျဲတဲမှာ ဒဂုံသူဒဂုံသားများ အားနှင့်မာန်နှင့် စိတ်အားတက်ကြွစွာ လက်မှတ်ထိုးပွဲ ဆင်နွှဲနေတာကို တွေ့ရှိရပါတယ်။ ကိုရင်လေးများ၊ ညီတော်လေးများ၊ မျိုးချစ်ညီကိုမောင်နှမများနှင့်အတူ လက်မှတ်လာထိုးကြသော လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကိုလည်း အားပါးတရတွေ့ရှိရပါတယ်။ နောင်တော်ကြီး ဦးပညိန္ဒ(ပွင့်လင်းဆရာတော်)နှင့်အတူ သီရိမင်္ဂလာကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော် ကြပါတယ်။ သီရိမင်္ဂလာဆရာတော်ကြီး ဘဒ္ဒန္တအာဒိစ္စက မြို့နယ်သံဃနာယကအဖွဲ့ဝင်တစ်ပါးပါ။ တိုင်းရင်းသားလေးများကို ကျောင်းထားပေးတဲ့အပြင် ပရဟိတလုပ်ငန်းတွေလည်း အများကြီး ဦးစီးဆောင်ရွက် ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက် အဖြစ် လတ်တလောဖြစ်ပျက်သမျှ နိုင် ငံရေးသုံးသပ်ချက်တွေကို အောင်ဇေယျ တုမှာ ဆရာတော်နဲ့ အမေးအဖြေပြုလုပ် ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာ တော်ရဲ့ ရည်မှန်းချက်နဲ့ ခံယူချက်၊ ဆရာတော်ရဲ့ ပရဟိတလုပ်ငန်းများကို လည်းပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဝေဖန် မှုရှိနေတဲ့ တချို့အကြောင်းအရာတွေ ကိုလည်းပဲ ဆရာတော်ဦးဝီရသူဘက်က ပြန်လည် ဖြေရှင်းနိုင်စေဖို့ အချို့သော မေးခွန်းတွေကို ကြိုးစားတည်ဆောက် ထားပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ ခံ ယူချက်နဲ့ ကြိုးစားမှုတွေကို ဆရာတော် ရဲ့အဖြေတွေမှာ ရှာဖွေနိုင်ဖို့ ...